တပ်မတော်၏ နယ်မြေကန့်သတ် အပစ်ရပ်မှု မရိုးသားဟု KNU Concerned Group စွပ်စွဲ
တပ်မတော်ရဲ့ အပစ်ရပ်စဲရေး ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ယခင် KNU ဗဟိုကော်မတီဟောင်းများဖြင့် ဖွဲ့စည်းထားတဲ့ KNU Concerned Group ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုနော်စီဖိုးရာစိန် ဘာတွေပြောထားပါသလဲ။
ကျမတို့အနေနဲ့ကတော့ ဒါကို တကယ်လို့ စေတနာသဘောထားမှန်မယ်ဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲ ဖို့လိုတယ်။ ဥပမာ အခု တိုက်ပွဲဖြစ်နေတဲ့ဟာကို ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲကတော့ တော်တော်များများ ပြည်သူလူ ထုကို ထိခိုက်မှု အများကြီးရှိတယ် ပြီးတော့ သူတို့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုလည်း အများကြီးရှိတာပဲ။ ကျောင်းသား လူငယ်တွေ လည်း အဖမ်းခံရတယ် ပြီးတော့ နှိမ့်စက်တယ်။ ပြည်သူလူထုရွာတွေ နေရာတွေ တော်တော်များများ မီးရှို့ခံပြီး တော့ ရွာတွေ တော်တော်များများ ဖျတ်သွားမှုတွေ အများကြီးဖြစ်လာတယ်။ အဲဒီအပေါ်မှာ ဒါကတော့ မဖြစ်သင့်တော့ဘူးလို့ တကယ်အခု လောလောဆယ် ငြိမ်းချမ်းရေး တစ်ဖက်မှာ ငြိမ်းချမ်းရေးသွားမယ်လို့ ပြောကြတယ်။ အစိုးရက တပ်မတော်က လည်း ဒါကိုလည်း ပြောနေတာပဲ။ အဲဒါကတော့ မဖြစ်သင့်ဘူးပေါ့ အဲဒါနဲ့ အားလုံးရပ်ဖို့လိုတယ်။ ပြီးတော့ ပြည်သူလူထုတွေ အတွက် ကို ချိုးဖောက်တာတွေ ဘာတွေ တကယ်လို့ Investigations လုပ်ဖို့လိုတယ်။ (ပဒိုနော်စီဖိုးရာစိန် ပြောရေးဆိုခွင့်ရှိသူ KNU Concerned Group)