ရွေးကောက်ပွဲရက်ကို ပါတီများနှင့် ညှိနှိုင်းရန် ကော်မရှင်အား တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်။

COVID- 19 ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ရက်ရွှေ့မရွှေ့ကို နိုင်ငံရေးပါတီများ၏ သဘောထား ရယူရန် ရွေးကောက်ပွဲကော်မရှင်အား တိုင်းရင်းသား မဟာမိတ်ပါတီများက တောင်းဆိုလိုက်သည်။

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရက်ရွေ့ဆိုင်းခြင်း သို့မဟုတ် ပုံမှန်အတိုင်း ပြုလုပ် မည်ဆိုပါက ရွေးကောက်ပွဲတွင် ပါဝင်မည့် သက်ဆိုင်ရာ ပါတီများ၏ သဘောတူညီ ချက်ကို ရယူရန် ဇွန်လ ၁ ရက်နေ့တွင် စည်းလုံး ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာချက်ထုတ်ကာ ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းတောင်းဆို လိုက်ခြင်းဖြစ်သည်။

စည်းလုံးညီညွှတ်သော တိုင်းရင်းသားများ မဟာ မိတ် UNA အ တွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ် ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ် ALD အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးမျိုးကျော်က “အကယ်၍သာ ၂၀၂၀ မှာ ရွေးကောက်ပွဲ ပုံမှန်အတိုင်း ကျင်းပမယ်ဆိုရင်သော်လည် းကောင်း ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ် ဆိုရင် သော်လည်းကောင်း ကျနော်တို့ ဒီနိုင်ငံရေးပါတီက တာဝန်ရှိသူ ခေါင်းဆောင်တွေနဲ့ ကော်မရှင်နဲ့ ညှိနှိုင်း ပြီးတော့ ပုံမှန် ကာလဆိုတာထက် ကျနော်တို့ အခုရွေးကောက်ပွဲ ကျင်းပမယ့်ဟာကိုတော့ ပိုပြီးတော့ ကျနော်တို့ စောလျင်စွာ ညှိနှိုင်းအသိပေးစေလိုပါတယ်” ဟု ပြောသည်။

ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် UNA ၏ အလုပ်အဖွဲ့ဝင်ဖြစ်သည့် ဦးစိုးနိုင်သန်းက လည်း “ရွှေ့မယ်ဆိုရင်လည်း နိုင်ငံရေးပါတီ အားလုံးနဲ့ညှိနှိုင်းဖို့ လိုတယ်ပေါ့လေ။ ဆိုလိုချင်တာက အာဏာ ရပါတီက သူတို့တွေက အဆင်သင့်ရှိတဲ့အချိန်မှာ သူတို့အဆင်ပြေတဲ့ အချိန်မှာ အဆင်သင့်ရှိပြီဆိုရင် ကောက်ကာငင်ကာ ထလုပ်ရင်တော့ ကျန်တဲ့ ပါတီတွေအတွက်က ကသိကအောက် ဖြစ်နိုင်တာပေါ့လေ။ အဲဒါကြောင့် ပုံမှန်အတိုင်း မဟုတ်ရင် ရွှေ့မယ်ဆိုရင်လည်း တစ်ခြားသော ပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လို တယ်လို့ ကျနော်တို့က ဒီလိုယူဆတယ်” ဟု ပြောသည်။

UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်း ပရန် အလားအလာ ရှိသော အထွေထွေရွေးကောက်ပွဲအား ကျင်းပမည်ဆိုပါလျှင် လွတ်လပ်မှု၊ ပွင့်လင်းမှု၊ တရားမျှတမှုများနှင့် ဥပဒေအရ တစ်ပြည်လုံးတွင် တစ်ပြေးညီ ဖြစ်စေရေးကို အဓိကထား ဆောင်ရွက်ပေး ရန်နှင့် အကယ်၍ ရက်ရွေ့ဆိုင်းခြင်း(သို့) လုပ်ထုံးလုပ်နည်း ပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲတွင် ပါဝင် မည့် ပါတီများ၏ သဘောတူညီချက် ရယူရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းပါ သည် ဟု ပါရှိသည်။
ရွေးကောက်ပွဲကျင်းပမည်ဆိုပါကလည်း စစ်မက်ဖြစ်ပွားသော ဒေသများပါမကျန် တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် တစ်ပြေးညီ အနေအထားဖြင့် ရွေးကောက်ပွဲ ကျင်းပပေးရန် စည်းလုံးညီညွှတ်သော တိုင်းရင်းသား များ မဟာမိတ် UNA နှင့် ၎င်း၏ မိတ်ဖက် အဖွဲ့အစည်းများက ရွေးကောက်ပွဲ ကော်မရှင်အား တောင်းဆို သည်။

ဦးမျိုးကျော်က “ဒီဒေသမှာ ကျင်းပနိုင်အောင် အဲဒီဒေသမှာ စိုးမိုးနေတဲ့ တပ်တွေရှိမယ်။ တစ်ဖက်က တိုက်ပွဲ ဖြစ်မယ့် ကျနော်တို့ နိုင်ငံရဲ့ တပ်မတော်ရှိမယ်။ ဒီအဖွဲ့အစည်းတွေ ညှိနှိုင်းကြ ရမယ်။ အုပ်ချုပ်နေတဲ့ အစိုးရ တွေ ညှိနှိုင်း ကြရမယ်။ ကော်မရှင်တွေ အရပ်ဖက် အဖွဲ့အစည်းတွေ ပြည်သူတွေ အကုန်လုံး ပူးပေါင်းပြီး တော့ ဒီရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် ပူးပေါင်းပြီးတော့ ကျနောတို့ ညှိနှိုင်းကြရမယ်ပေါ့ဗျာ။ ရွေး ကောက်လို့ ကိုယ်စားလှယ်လောင်းရလာတာနဲ့ သူ့ကိုယ်စားလှယ်လောင်းတွေ သူ့ဒေသအတွက် အကျိုး တွေ ဆောင်ရွက် နိုင်မယ်ပေါ့နော်။ စစ်ဘောင်ကျဉ်းပြီးတော့ အရပ်ဖက် နိုင်ငံရေးအရကနေပြီးတော့ နိုင် ငံရေး အုပ်ချုပ်ရေး ပိုပြီး တော့ အားကောင်းလာမယ်လို့ ကျနော်တို့ အဲသလို သုံးသပ်ပါတယ်။ ရွေးကောက် ပွဲ ကျင်းပတဲ့ နေရာမှာ အဲလိုမျိုး နေရာမကျန်ရအောင် ကျနော်တို့က တိုက်တွန်းချင်တယ်” ဟု ပြောသည်။

စစ်ဖြစ်ပွားနေသော ဒေသများတွင် ပြည်သူ့ ကိုယ်စားလှယ်များ ထွက်ပေါ်ရရှိစေရေးနှင့် စစ်ရေး အစား နိုင်ငံ ရေးဘောင် ပြန်လည်ကျယ်ပြန့်လာစေရေးအတွက် ရွေးကောက်ပွဲများကို ကျင်းပပေးရန်နှင့် ရွေးကောက်ပွဲ ကာလများတွင် သက်ဆိုင်တပ်ဖွဲ့များအနေဖြင့် အပစ်အခတ်ရပ်စဲခြင်း၊ တပ်များခွာထားခြင်း နှင့် လွတ်လပ် သော တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် ကူညီပေးကြပါရန် UNA က တောင်းဆို ထားသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အနေအထားသည် ရွေးကောက်ပွဲကျင်းပရန် ခက်ခဲမည် ဖြစ် သော်လည်း နိုင်ငံရေးဘောင်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ချဲ့ထွင်လာမည်ဆိုပါက စစ်ဘောင်ကျဉ်း သွားနိုင်သည်ဟု ဆိုသည်။

ထို့အပြင် ယခုရင်ဆိုင်ကြုံတွေ့နေရသော COVID- 19 ကပ်ရောဂါ အခြေအနေများကြောင့် ဆန္ဒမဲပြုကြမည့် လုပ်သားပြည်သူများ၏ ရောဂါနှင့် ပတ်သက်သည့် လုံခြုံမှုရှိစေရန် ကြိုတင်ကာကွယ်ရေးစနစ်များကို တစ် ပြည်လုံး တစ်ပြေးညီ စီစဉ်ပေးထားရန် လိုအပ်ပြီး ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲသည် ဖော်ပြပါ ကာ ကွယ်ရေးစနစ်များ ကြိုတင် စီစဉ်ထားရန်နှင့် မဖြစ်မနေ စီစဉ်ဆောင်ရွက်ရမည် ဟု သုံးသပ်ပါသည်ဟု UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

စစ်ဘေးဒုက္ခသည်များ၊ ရောဂါကပ်ဘေး ဒုက္ခသည်များ၊ ပြည်တော်ပြန် အလုပ်သမား များအတွက် လွတ်လပ်စွာဖော်ထုတ်ဆန္ဒမဲ ပေးနိုင်ရန်အတွက် အစီအမံများကို ကြိုတင်ဆောင်ရွက်ထားရန် တိုက်တွန်းအပ် ပါသည်။ ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် ယခင်ကထက် ပိုမိုလွယ်ကူသော လုပ်ထုံး လုပ်နည်းများဖြင့် ချောမွေ့စွာ ဆန္ဒမဲပြုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးရန် လိုအပ်ပါသည်ဟု ထုတ်ပြန်ချက် က ဆိုသည်။
စည်းလုံး ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ် UNA အဖွဲ့ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် UNA အဖွဲ့ဝင်နိုင်ငံရေးပါတီ ၁၅ ခုရှိပြီး ၎င်းတို့မှာ ရှမ်းတိုင်းရင်းသားများ ဒီ်မိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ မွန်အမျိုးသားပါတီ(MNP) ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၊ ကယန်းအမျိုးသားပါတီ (KNP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) ၊ ကရင်အမျိုးသားပါတီ (KNP) ၊ ရခိုင်မျိုးချစ်ပါတီ (APP)၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP) ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမို ကရေစီပါတီ (DNDP) ၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP) ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLDP) ၊ ချင်းတိုး တက်ရေးပါတီ (CPP) နှင့် ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေး ပါတီ (SNSP) တို့ဖြင့် ဖွဲ့စည်းထားသည်။