ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၅၉)
အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံခံရနေခြင်း၊ စစ်ရေး၊ နိုင်ငံရေး၊ ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ပါဝင်သူများ၊ အသက်ရှင် ကျန်ရစ်ခဲ့သူများနဲ့ (ပဋိပက္ခဒဏ်) ခံစားခဲ့ကြရသူများအဖြစ် အမျိုးသား တွေ ကြုံတွေ့ရတဲ့ အတွေ့အကြုံများနဲ့ မတူဘဲ သီးခြားပုံစံမျိုးနဲ့ ပြည်တွင်းစစ်မီးရဲ့ အကျိုးဆက်ကို တွေ့ကြုံ ခံစားကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေတဝက်ကျော်ရှိတဲ့ အမျိုးသမီးထုရဲ့ အသံတွေ မပါဘူးဆိုရင် ငြိမ်းချမ်းရေးကဏ္ဍမှာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူးလို့ ဆိုပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ကျား/မတန်းတူညီမျှမှု မရှိခြင်း အပါအဝင် အကြမ်းဖက်ခံနေရမှုတွေရဲ့ အခြေခံကျတဲ့ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရန် အလွန်အရေးကြီးလှ ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် အောင်မြင်စွာ ဖေါ် ဆောင်ရေးမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ မေ့ထားလို့မရတဲ့ အရေးကြီးအချက် ဖြစ်ပါတယ်။
အားလုံးပါဝင်တဲ့ ထိရောက်တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် တစ်ခုဖြစ်ထွန်းစေဖို့ အမျိုးသမီးတွေအနေနဲ့ ပဋိပက္ခတွေကို ကာကွယ်ဖြေရှင်းနိုင်ရေး ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တိုင်းမှာ ပါဝင်ခွင့်ရဖု့ိ လိုအပ်တယ်လို့ ဆိုကြပါတယ်။
ဒီအကြောင်းအရာတွေကို တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၆:၄၅ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေး နေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို တနင်္လာနေ့ မနက်ပိုင်း-၇:၄၅ နာရီမှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသ ပေးသွားမှာ ဖြစ်ပါတယ်။