ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၀)
မြစ်ကြီးနားမြို့ရဲ့ အနောက်ဘက် ၈ မိုင်အကွာရှိ မြေဧက ၄၇၀၀ ကျော်မှာ တည်ဆောက်မယ့် နန်ကျင် စီးပွားရေးဇုန်စီမံကိန်းဟာ ကချင်ပြည်နယ်အတွင်း တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းပြီးရင် ဒုတိယ ရင်းနှီးမြှုပ်နံှမှု အကြီးဆုံး စီမံကိန်းဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူ တချို့လည်း ရှိနေပါတယ်။
ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သေးခင်ကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခရီးကို သွားနိုင်မှာ မဟုတ်သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကလည်း မဖြစ်လာနိုင်ဘူးလို့ ဆိုပါတယ်။
ပွင့်လင်းမြင်သာမှု မရှိတဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒတွေကို အလေးမထားတဲ့ စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ပြီးလုပ်နေမယ်ဆိုရင် ပြည် တွင်း ငြိမ်းချမ်းရေးကို ဘယ်လိုမှတည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီအကြောင်းအရာတွေကို တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၆:၄၅ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေး နေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို တနင်္လာနေ့ မနက်ပိုင်း-၇:၄၅ နာရီမှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။