ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၁)
ဒီတစ်ပတ်ရဲ့ အစီအစဉ်မှာတော့ လူငယ်တွေ နိုင်ငံရေးကဏ္ဍမှာ ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိလဲ၊ ဘာတွေလုပ်နေလဲ။ ဗြိတိသျှ ကောင်စီ (BRITISH COUNCIL) က ထုတ်ထားတဲ့ မျိုးဆက်သစ်မြန်မာ သုတေသန အစီရင်ခံစာ အရတော့ လူငယ်တွေဟာ ဖက်ဒရယ်ကိစ္စကို စိတ်ဝင်စားမှုထက် ဘဝလုံခြုံစိတ် ချရတဲ့၊ ငြိမ်းချမ်းတဲ့ နိုင်ငံတည်ဆောက်နိုင်ဖို့အတွက် ပညာရေးကဏ္ဍမြှင့်တင်ဖု့ိ၊ စီးပွားရေးအရ ဖွံံ့ဖြိုးဖို့တို့က အရေးကြီးတယ်လို့ ရာခိုင်နှုန်းအတော်များများက ဖြေဆိုထားတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ်ထဲက လူငယ်တွေရဲက ဖက်ဒရယ်အရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကဏ္ဍတွေအပေါ် ဘာတွေပြောထားပါသလဲ…စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၆:၄၅ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေး နေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို တနင်္လာနေ့ မနက်ပိုင်း-၇:၄၅ နာရီမှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသ ပေးသွားမှာ ဖြစ်ပါတယ်။