ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၆)
ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ စစ်ရေးတင်းမာ မှုတွေ၊ ပြည်တွင်းစစ်မီးတွေ အမြန်ဆုံးချုပ်ငြိမ်းပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုတွေကို အသိအမှတ်ပြုပေးမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး အဖြေရှာကြဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။ ၂၀၁၁ ခုနှစ်ကစလို့ ဒီနေ့အချိန်ထိ ကချင်ပြည်သူ အများအပြားစစ်ရှောင်နေကြရတာကြောင့် ပြည်နယ်အတွင်းဆုံးရှုံးမှုများစွာ ရှိနေတယ်လို့လည်း ထောက်ပြထားတာတွေရှိပါတယ်။ အဲ့ဒီပြဿနာတွေရဲ့ အဓိက အဖြေကတော့ ပြည်တွင်းစစ်မီးကို လုံးဝ ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့ပဲလို့ ဆိုကြပါတယ်။
“ဒီစစ်ပွဲက ရပ်ကို ရပ်ရမယ်။ မရပ်လို့တော့မရဘူး။ ရပ်ဖို့ကတော့ နှစ်ဖက်စလုံးက ကြိုးစားရမယ်။ ခေါင်း ဆောင်ပိုင်းတွေမှာ အရေးကြီးတယ်။ ရှိနေတဲ့ ကိုယ်ရဲ့မိသားစု အကျိုးစီးပွားကို အခြေခံစေချင်တယ်။ နိုင်ငံ တော် အစိုးရဘက်ကဆိုရင်လည်း ကိုယ့်ပြည်ထောင်စုဝင် တိုင်းရင်းသားရဲ့ အကျိုးစီးပွားကို အခြေခံစေချင် တယ်။ အဲ့လိုအခြေမခံလို့ ဒီနေ့ ဒီပြဿနာ တက်နေတာ။ ကျနော်တို့ လူမျိုးရဲ့ သုံးပုံတစ်ပုံက ပျက်စီးဆုံးရှုံး ခြင်းတော့ ချဉ်းကပ်နေပြီ။ ချဉ်းကပ်တဲ့အပြင်ရောက်ရှိနေပြီ။ နောင် ၁၀ နှစ်ဆိုရင် ဒီအုပ်စုကြီးတစ်စုလုံးက လုံးဝ အခြေ အနေဆိုးသွားမယ်။ ဒီထက်ထပ်ပွားလာမယ့် သူတို့သားသမီးတွေက ပညာမဲ့တွေ ဖြစ်ကုန် မယ်။ ကျနော်တို့ ဘယ်လိုပြန်ပြီးတော့မှ အိုက်အာလ် ကို တည်ဆောက်မလဲ။” ဒေါက်တာ အမ်ကောန်လ (ဥက္ကဋ္ဌ) ကချင်အမျိုးသားကွန်ဂရက်ပါတီ (ကေအင်စီ)
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
Zawgyi …
ၿငိမ္းခ်မ္းေရးအတြက္ ဖက္ဒရယ္ အပိုင္း (၆၆)
ကခ်င္ျပည္နယ္အပါအဝင္ တိုင္းရင္းသားျပည္နယ္ေတြမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြ၊ စစ္ေရးတင္းမာ မႈေတြ၊ ျပည္တြင္းစစ္မီးေတြ အျမန္ဆုံးခ်ဳပ္ၿငိမ္းၿပီး ဌာေနတိုင္းရင္းသားေတြရဲ႕ ျဖစ္တည္မႈေတြကို အသိအမွတ္ျပဳေပးမယ့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ေရး အေျဖရွာၾကဖို႔ လိုအပ္တယ္လို႔ ဆိုၾကပါတယ္။ ၂၀၁၁ ခုႏွစ္ကစလို႔ ဒီေန႔အခ်ိန္ထိ ကခ်င္ျပည္သူ အမ်ားအျပားစစ္ေရွာင္ေနၾကရတာေၾကာင့္ ျပည္နယ္အတြင္းဆုံးရႈံးမႈမ်ားစြာ ရွိေနတယ္လို႔လည္း ေထာက္ျပထားတာေတြရွိပါတယ္။ အဲ့ဒီျပႆနာေတြရဲ႕ အဓိက အေျဖကေတာ့ ျပည္တြင္းစစ္မီးကို လုံးဝ ရပ္တန႔္သြားေအာင္ လုပ္ေဆာင္ဖို႔ပဲလို႔ ဆိုၾကပါတယ္။
“ဒီစစ္ပြဲက ရပ္ကို ရပ္ရမယ္။ မရပ္လို႔ေတာ့မရဘူး။ ရပ္ဖို႔ကေတာ့ ႏွစ္ဖက္စလုံးက ႀကိဳးစားရမယ္။ ေခါင္း ေဆာင္ပိုင္းေတြမွာ အေရးႀကီးတယ္။ ရွိေနတဲ့ ကိုယ္ရဲ႕မိသားစု အက်ိဳးစီးပြားကို အေျခခံေစခ်င္တယ္။ ႏိုင္ငံ ေတာ္ အစိုးရဘက္ကဆိုရင္လည္း ကိုယ့္ျပည္ေထာင္စုဝင္ တိုင္းရင္းသားရဲ႕ အက်ိဳးစီးပြားကို အေျခခံေစခ်င္ တယ္။ အဲ့လိုအေျခမခံလို႔ ဒီေန႔ ဒီျပႆနာ တက္ေနတာ။ က်ေနာ္တို႔ လူမ်ိဳးရဲ႕ သုံးပုံတစ္ပုံက ပ်က္စီးဆုံးရႈံး ျခင္းေတာ့ ခ်ဥ္းကပ္ေနၿပီ။ ခ်ဥ္းကပ္တဲ့အျပင္ေရာက္ရွိေနၿပီ။ ေနာင္ ၁၀ ႏွစ္ဆိုရင္ ဒီအုပ္စုႀကီးတစ္စုလုံးက လုံးဝ အေျခ အေနဆိုးသြားမယ္။ ဒီထက္ထပ္ပြားလာမယ့္ သူတို႔သားသမီးေတြက ပညာမဲ့ေတြ ျဖစ္ကုန္မယ္။ က်ေနာ္တို႔ ဘယ္လိုျပန္ၿပီးေတာ့မွ အိုက္အာလ္ ကို တည္ေဆာက္မလဲ။” ေဒါက္တာ အမ္ေကာန္လ (ဥကၠ႒) ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (ေကအင္စီ)
ဒီအစီအစဥ္ကို Network Media Group ႏွင့္ Mizzima Media Group တို႔ ပူးေပါင္းစီစဥ္ တင္ဆက္ထားတာ ျဖစ္ၿပီး အပတ္စဥ္ တနဂၤေႏြေန႔ည ၈း၁၀ နာရီ တြင္ အစီအစဥ္အသစ္ကို Mizzima TV ကေန ထုတ္လႊင့္ ေပးေနၿပီ ျဖစ္ပါတယ္။
တနဂၤေႏြေန႔မွာ ထုတ္လႊင့္ေပးခဲ့တဲ့ အစီအစဥ္ကို ေသာၾကာေန႔ မြန္းလႊဲပိုင္း-၂း၄၅ နာရီတို႔မွာ Mizzima TV ကေန ျပန္လည္ထုတ္လႊင့္ ျပသေပးသြားမွာ ျဖစ္ပါတယ္။