ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၇)
ကချင်ပြည်နယ်ထဲမှာ မြစ်ဆုံရေကာတာ စီမံကိန်းအပါအဝင် ဧရာဝတီမြစ်အထက်ဘက်မှာ တည်ဆောက် မယ့် တခြား ရေကာတာ စီမံကိန်းတွေ၊ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်း ဖြစ်တဲ့ ဘီပီအိုင် စီမံကိန်းတွေရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မြစ်ကြီးနားမြို့က နန်ကျင်အထူးစီးပွားရေးဇုံစီမံကိန်းနဲ့ ကန်ပိုက်တီး နယ်စပ် ဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံကိန်းတွေအပြင် ကချင်ဒေသခံတွေ စိုးရိမ်နေတဲ့ နောက်စီမံကိန်းတစ်ခုကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့တဲ့ တရုတ်-မြန်မာစီးပွာရေးစင်္ကြန် စီအမ်အီးစီ စီမံကိန်းလည်း ပါဝင်ပါတယ်။ ပြည်သူများရဲ့ လူနေမှုဘဝတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေမယ် ဖွံ့ ဖြိုးရေး စီမံကိန်းတွေကို မလုပ်ကြဖို့ ဒေသခံပြည်သူတွေက အစိုးရအဆက်ဆက်ကို တောင်းဆိုထားကြ ပါတယ်။ စီမံကိန်းအများစုက ဒေသခံပြည်တွေရဲ့ ထောက်ခံမှု၊ သဘောတူမှု တစ်စုံတစ်ရာ မရှိပါဘူး။ ဒါ့ဘာကြောင့်လဲ ဒီတပတ်ရဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီ အစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
Zawgyi …