ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၈)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ကြွေးကြော်ပြီး တက်လာဖြစ်ပြီး အခုဆိုရင် သူတို့အစိုးရ သက်တမ်းရဲ့ နောက်ဆုံးနှစ်ထဲကိုရောက်နေပါပြီ။ ဒါ့ကြောင့် ဒီနှစ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ရှေ့ရောက်ဖို့ အရမ်းကို အရေးပါနေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နှောင့်နှေးခဲ့ရတာကြောင့် ဝေဖန်မှုတွေလည်း အများကြီးခံနေ ရတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပဲ နှောင့်နှေးနေတာမျိုးလား၊ တခြားလုပ်ငန်းစဉ်တွေမှာရော ဘာတွေလုပ်ဆောင်နိုင်ခဲ့လဲ၊ အားလုံးမျှော်လင့်နေ ကြတဲ့ ဖက်ဒရယ်နဲ့ တန်းတူရေးအတွက် ဘာတွေလုပ်ဆောင်နိုင်ပြီလဲ၊ တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ လက်ရှိဆက်ဆံရေးအခြေအနေတွေကရော ဘယ်လိုရှိနေသလဲ၊ ကချင်ပြည်နယ်အတွင်းက နိုင်ငံပါတီခေါင်းဆောင်တချို့ ဘယ်လိုသုံးသပ်နေကြပါသလဲ ဆက်ကြည့်ရအောင်ပါ။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈:၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂:၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

Zawgyi …



ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။