ကချင် စစ်ဘေးရှောင် ၈၀၀ နီးပါး မတ်လတွင် အိမ်ပြန်နိုင်တော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။

စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိနေသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင် ရှစ်ရာနီးပါးခန့် မတ်လအတွင်းတွင် နေရပ်ပြန်နိုင်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည် သူ များအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC က ပြောသည်။

လာမည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်ဘေးရှောင် ရှစ်ရာနီးပါးခန့်ကို ၎င်းတို့၏ နေရင်းဒေသဖြစ်သည့် ဒဘတ်ယာန်ကျေးရွာသို့ ပြန်လည် နေထိုင်နိုင်ရန်အတွက် နယ်မြေရှင်းလင်း ခြင်း၊ အိမ် ထောင်စု စီစစ်ခြင်း၊ မြေစာရင်းများ တိုင်းယူခြင်း စသည်တို့ကို စတင်လုပ်ဆောင်နေသည် ဟု KHCC မှ ဒုတိယ အတွင်းရေးမှူး (၃) ဦးခါးလီ က ပြောသည်။

ဦးခါးလီက “လူဦးရေက ခုနှစ်ရာ ကျော် ရှစ်ရာ နီးပါး ရှိပါတယ်ခင်ဗျား။ အားလုံး စီစစ်ပြီးမယ် မိုင်းလည်း ရှင်း လင်းပြီးမယ်ဆိုရင်တော့ ဆောက်လုပ်ရေးလုပ်တာက ကျနော်တို့ ဒီ နိုဝင်ဘာ ၂၅ ရက်နောက်အကျဆုံး ဆောက်လုပ်ရေးတွေ ဝင်နိုင်မယ်။ အဲဒါပြီးလို့ရှိရင် ဆောက်လုပ်ရေးက ဖေဖော်ဝါ ရီမှာ ပြီးမယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမယ့် မတ်လတော့ နောက်အကျဆုံးနဲ့ မတ်လလောက်တော့ အားလုံးလည်း ပြန်နိုင် မယ်။ ဆောက်လုပ်ရေးလည်း ပြီးစီးမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်ခင်ဗျာ” ဟု ပြောသည်။

လက်ရှိစာရင်းများအရ နေရပ်ပြန်မည့် စစ်ဘေးရှောင် အိမ်ထောင်စု ၂၁၆ စု နှင့် ယခင်က အစိုးရကို စာရင်း ပေး ထားသည့် အိမ်ထောင်စု ၃၇ စု စုစုပေါင်း အိမ်ထောင်စု ၂၅၃ စုမှ လူဦးရေ ရှစ်ရာနီးခန့်ဖြစ်သည် ဟု ဆရာခါးလီက ပြောသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာန နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှု များကို လုပ်ဆောင်နေသည်သာမက နေရပ်ပြန်မည့်သူများ၏ စာရင်းများကိုလည်း စတင်ကောက်ယူ လျက် ရှိသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကိုလည်း မြောက် ပိုင်း စစ်ဌာနချုပ်မှ လုပ်ဆောင် ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

မိုင်းရှင်းလင်းရေးကို ဦးဆောင်ကာ တာဝန်ယူလုပ်ဆောင်သွားမည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ တစ်ဦးက “ကျနော်တို့ ဒီ ဒဘတ်ယာန်ကျေးရွာမှာ မိုင်းရှင်းဖို့ စေလွှတ်လိုက်လို့ ကျနော်တို့ ရောက်လာပါ တယ်။ ရောက်လာတဲ့အတွက် ကျနော်တို့ ဟိုဖက်မှာ အိမ်ထောင်စု ၃၇ စုရှိတယ်။ ဟိုဖက်မှာ ၃၇ စုကတော့ အဲဖက်ကို အရင်စရှင်းခဲ့လိမ့်မယ် ကျနော်ပြီးမှ ဒီဖက် ခြမ်းကိုလာမယ် ဒီဖက်ခြမ်းကို လာလို့ရှိရင် အုပ်ချုပ် ရေးမှူးတို့က တောင်းဆိုတဲ့ အုပ်ချုပ်မှု အဆောက်အဦး ဆိုတာရှိပါတယ်။ စာသင်ကျောင်းတို့ ဘုရားကျောင်း တို့ ဆေးခန်းတို့ ဆေးရုံတို့ အုပ်ချုပ်မှု အဆောက်အဦးတို့ အဲဒါတွေကို ကျနော်တို့ ဦးစားပေး အရင်ရှင်းမယ်။ ရှင်း ပြီးသွားရင်ဒါ ဒေသခံပြည်သူတွေ နေတဲ့ နေအိမ် တွေ နေအိမ်မရှိတော့ရင်လည်း ခြံဝန်းတွေကို ကျနော် တို့ ဆက်လက်ရှင်းပေးမှာ ဖြစ်ပါတယ်။ အဲတော့ ကျ နော်တို့ တစ်ရက်တည်းနဲ့တော့ အိမ်ထောင်စု နှစ်ရာ လုံးတော့ ရှင်းပေးလို့တော့ မရပါဘူး။ အဲတော့ တစ်နေ့ ကို ကျနော်တို့ အိမ်ထောင်စု ၆ စုဖြစ်ရင်ဖြစ်မယ် ၈ စုဖြစ် ရင်ဖြစ်မယ်” ဟု ပြောသည်။

ဦးခါးလီကလည်း “မိုင်းရှင်းလင်းရေးက သူကတော့ ၂ ပိုင်းရှိပါတယ်ခင်ဗျာ။ ပထမဆုံးက ဒီကိုယ့်ရဲ့ ခြံဝန်း ပေါ့နော်။ ဒီ Public Area လို့ ပြောရမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာ ရှင်းမယ်ပေါ့နော အဲဒါ ရှင်းပြီးလို့ရှိရင်တော့ ကိုယ်လုပ်ကိုင်စားသောက်မယ့် နေရာမှာ စိုက်ပျိုးမြေတို့ စိုက်ပျိုးဧကပေါ့နော လယ် ယာ မြေလုပ် ကိုင်စားသောက်မယ့်နေရာ ပြန်ရှင်းဖို့ရှိပါတယ်။ ဆိုတဲ့အကြောင်း မိုင်းရှင်းလေးရေး ကိစ္စက ကျနော်တို့ အဲလိုမျိုး အကြမ်းအားဖြင့် စီစဉ်ထားတာ ရှိပါတယ်ခင်ဗျာ” ဟု ပြောသည်။

ဒဘတ်ယာန်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ကျေး ရွာ ဖြစ်ပြီး အဆိုပါဒေသမှ ဒေသခံများမှာ တိုက်ပွဲများကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားရှိ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရသည်မှာ ဆယ်နှစ်နီးပါးခန့်ရှိလာပြီ ဖြစ်သည်။

ဒေသခံများအနေဖြင့် စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲမျိုးစုံကြားက ကြာရှည်စွာ နေထိုင်နေရသည့် အတွက် ယခုကဲ့သို့ နေရပ်ပြန်ရမည်ဖြစ်သည့်အတွက် စိတ်လွတ်လပ်ပေါ့ပါးမှုနှင့်အတူ ပျော်ရွှင်မှုကို လည်း ခံစားရသည်ဟု စစ်ရှောင်များက ပြောသည်။

ထို့အပြင် နေရပ်ရင်းကို ပြန်မည့် စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးအပြင် ပညာရေး၊ ကျန်း မာရေးတို့ကိုလည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများဖက်မှ ကူညီလုပ်ဆောင်ပေးရန် လိုသည်ဟု စစ် ဘေးရှောင်များ က ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရ သည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

*** ZAWGYI ***
ကခ်င္ စစ္ေဘးေရွာင္ ၈၀၀ နီးပါး မတ္လတြင္ အိမ္ျပန္ႏိုင္ေတာ့မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္။

စစ္ေဘးေရွာင္ စခန္းမ်ားသို႔ ေရာက္ရွိေနသည့္ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ဒဘတ္ယာန္ေက်းရြာမွ စစ္ေဘးေရွာင္ ရွစ္ရာနီးပါးခန္႔ မတ္လအတြင္းတြင္ ေနရပ္ျပန္ႏိုင္မည္ဟု ကခ်င္ေဒသ စစ္ေဘးေရွာင္ ျပည္ သူ မ်ားအား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ KHCC က ေျပာသည္။

လာမည့္ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ စစ္ေဘးေရွာင္ ရွစ္ရာနီးပါးခန္႔ကို ၎တို႔၏ ေနရင္းေဒသျဖစ္သည့္ ဒဘတ္ယာန္ေက်းရြာသို႔ ျပန္လည္ ေနထိုင္ႏိုင္ရန္အတြက္ နယ္ေျမရွင္းလင္း ျခင္း၊ အိမ္ ေထာင္စု စီစစ္ျခင္း၊ ေျမစာရင္းမ်ား တိုင္းယူျခင္း စသည္တို႔ကို စတင္လုပ္ေဆာင္ေနသည္ ဟု KHCC မွ ဒုတိယ အတြင္းေရးမွဴး (၃) ဦးခါးလီ က ေျပာသည္။

ဦးခါးလီက “လူဦးေရက ခုႏွစ္ရာ ေက်ာ္ ရွစ္ရာ နီးပါး ရွိပါတယ္ခင္ဗ်ား။ အားလံုး စီစစ္ၿပီးမယ္ မိုင္းလည္း ရွင္း လင္းၿပီးမယ္ဆိုရင္ေတာ့ ေဆာက္လုပ္ေရးလုပ္တာက က်ေနာ္တို႔ ဒီ ႏို၀င္ဘာ ၂၅ ရက္ေနာက္အက်ဆံုး ေဆာက္လုပ္ေရးေတြ ၀င္ႏိုင္မယ္။ အဲဒါၿပီးလို႔ရွိရင္ ေဆာက္လုပ္ေရးက ေဖေဖာ္ဝါ ရီမွာ ၿပီးမယ္လို႔ ခန္႔မွန္း ထားပါတယ္။ ဒါေပမယ့္ မတ္လေတာ့ ေနာက္အက်ဆံုးနဲ႔ မတ္လေလာက္ေတာ့ အားလံုးလည္း ျပန္ႏိုင္ မယ္။ ေဆာက္လုပ္ေရးလည္း ၿပီးစီးမယ္လို႔ က်ေနာ္တို႔ ခန္႔မွန္းထားပါတယ္ခင္ဗ်ာ” ဟု ေျပာသည္။

လက္ရွိစာရင္းမ်ားအရ ေနရပ္ျပန္မည့္ စစ္ေဘးေရွာင္ အိမ္ေထာင္စု ၂၁၆ စု ႏွင့္ ယခင္က အစိုးရကို စာရင္း ေပး ထားသည့္ အိမ္ေထာင္စု ၃၇ စု စုစုေပါင္း အိမ္ေထာင္စု ၂၅၃ စုမွ လူဦးေရ ရွစ္ရာနီးခန္႔ျဖစ္သည္ ဟု ဆရာခါးလီက ေျပာသည္။

စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ရန္အတြက္ ႏို၀င္ဘာလ ၁၂ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ေျမစာရင္းဌာန ႏွင့္ လူ၀င္မႈႀကီးၾကပ္ေရးအဖြဲ႔မွ တာ၀န္ရွိသူမ်ားက ေက်းရြာအတြင္း ကြင္းဆင္းစစ္ေဆးမႈ မ်ားကို လုပ္ေဆာင္ေနသည္သာမက ေနရပ္ျပန္မည့္သူမ်ား၏ စာရင္းမ်ားကိုလည္း စတင္ေကာက္ယူ လ်က္ ရွိသည္ကိုလည္း ေတြ႕ရသည္။

ထို႔အျပင္ စစ္ေဘးေရွာင္မ်ား လံုၿခံဳစိတ္ခ်စြာ ေနရပ္ျပန္ႏိုင္ရန္အတြက္ မိုင္းရွင္းလင္းေရးကိုလည္း ေျမာက္ ပိုင္း စစ္ဌာနခ်ဳပ္မွ လုပ္ေဆာင္ ေပးသြားမည္ျဖစ္သည္ ဟု သိရသည္။

မိုင္းရွင္းလင္းေရးကို ဦးေဆာင္ကာ တာ၀န္ယူလုပ္ေဆာင္သြားမည့္ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ အရာရွိ တစ္ဦးက “က်ေနာ္တို႔ ဒီ ဒဘတ္ယာန္ေက်းရြာမွာ မိုင္းရွင္းဖို႔ ေစလႊတ္လိုက္လို႔ က်ေနာ္တို႔ ေရာက္လာပါ တယ္။ ေရာက္လာတဲ့အတြက္ က်ေနာ္တို႔ ဟိုဖက္မွာ အိမ္ေထာင္စု ၃၇ စုရွိတယ္။ ဟိုဖက္မွာ ၃၇ စုကေတာ့ အဲဖက္ကို အရင္စရွင္းခဲ့လိမ့္မယ္ က်ေနာ္ၿပီးမွ ဒီဖက္ ျခမ္းကိုလာမယ္ ဒီဖက္ျခမ္းကို လာလို႔ရွိရင္ အုပ္ခ်ဳပ္ ေရးမႉးတို႔က ေတာင္းဆိုတဲ့ အုပ္ခ်ဳပ္မႈ အေဆာက္အဦး ဆိုတာရွိပါတယ္။ စာသင္ေက်ာင္းတို႔ ဘုရားေက်ာင္း တို႔ ေဆးခန္းတို႔ ေဆးရံုတို႔ အုပ္ခ်ဳပ္မႈ အေဆာက္အဦးတို႔ အဲဒါေတြကို က်ေနာ္တို႔ ဦးစားေပး အရင္ရွင္းမယ္။ ရွင္း ၿပီးသြားရင္ဒါ ေဒသခံျပည္သူေတြ ေနတဲ့ ေနအိမ္ ေတြ ေနအိမ္မရွိေတာ့ရင္လည္း ၿခံ၀န္းေတြကို က်ေနာ္ တို႔ ဆက္လက္ရွင္းေပးမွာ ျဖစ္ပါတယ္။ အဲေတာ့ က် ေနာ္တို႔ တစ္ရက္တည္းနဲ႔ေတာ့ အိမ္ေထာင္စု ႏွစ္ရာ လံုးေတာ့ ရွင္းေပးလို႔ေတာ့ မရပါဘူး။ အဲေတာ့ တစ္ေန႔ ကို က်ေနာ္တို႔ အိမ္ေထာင္စု ၆ စုျဖစ္ရင္ျဖစ္မယ္ ၈ စုျဖစ္ ရင္ျဖစ္မယ္” ဟု ေျပာသည္။

ဦးခါးလီကလည္း “မိုင္းရွင္းလင္းေရးက သူကေတာ့ ၂ ပိုင္းရွိပါတယ္ခင္ဗ်ာ။ ပထမဆံုးက ဒီကိုယ့္ရဲ႕ ၿခံ၀န္း ေပါ့ေနာ္။ ဒီ Public Area လို႔ ေျပာရမယ့္ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ေနရာမွာ ရွင္းမယ္ေပါ့ေနာ အဲဒါ ရွင္းၿပီးလို႔ရွိရင္ေတာ့ ကိုယ္လုပ္ကိုင္စားေသာက္မယ့္ ေနရာမွာ စိုက္ပ်ိဳးေျမတို႔ စိုက္ပ်ိဳးဧကေပါ့ေနာ လယ္ ယာ ေျမလုပ္ ကိုင္စားေသာက္မယ့္ေနရာ ျပန္ရွင္းဖို႔ရွိပါတယ္။ ဆိုတဲ့အေၾကာင္း မိုင္းရွင္းေလးေရး ကိစၥက က်ေနာ္တို႔ အဲလိုမ်ိဳး အၾကမ္းအားျဖင့္ စီစဥ္ထားတာ ရွိပါတယ္ခင္ဗ်ာ” ဟု ေျပာသည္။

ဒဘတ္ယာန္ေက်းရြာသည္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ျမစ္ႀကီးနား-ဗန္းေမာ္ လမ္းမႀကီးေပၚတြင္တည္ရွိသည့္ ေက်း ရြာ ျဖစ္ၿပီး အဆိုပါေဒသမွ ေဒသခံမ်ားမွာ တိုက္ပြဲမ်ားေၾကာင့္ ဝိုင္းေမာ္ႏွင့္ ျမစ္ႀကီးနားရွိ စစ္ေဘးေရွာင္ စခန္းမ်ားတြင္ ေနထိုင္ေနရသည္မွာ ဆယ္ႏွစ္နီးပါးခန္႔ရွိလာၿပီ ျဖစ္သည္။

ေဒသခံမ်ားအေနျဖင့္ စစ္ေဘးေရွာင္စခန္းမ်ားတြင္ အခက္အခဲမ်ိဳးစံုၾကားက ၾကာရွည္စြာ ေနထိုင္ေနရသည့္ အတြက္ ယခုကဲ့သို႔ ေနရပ္ျပန္ရမည္ျဖစ္သည့္အတြက္ စိတ္လြတ္လပ္ေပါ့ပါးမႈႏွင့္အတူ ေပ်ာ္ရႊင္မႈကို လည္း ခံစားရသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

ထို႔အျပင္ ေနရပ္ရင္းကို ျပန္မည့္ စစ္ေဘးေရွာင္မ်ားအတြက္ ေနထိုင္စားေသာက္ေရးအျပင္ ပညာေရး၊ က်န္း မာေရးတို႔ကိုလည္း သက္ဆိုင္ရာ အစိုးရတာ၀န္ရွိသူမ်ားဖက္မွ ကူညီလုပ္ေဆာင္ေပးရန္ လိုသည္ဟု စစ္ ေဘးေရွာင္မ်ား က ေျပာသည္။

ကခ်င္ျပည္နယ္တြင္ ၂၀၁၁ ခုႏွစ္မွ စတင္ကာ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားလာခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕နယ္အသီးသီးမွ ျပည္သူမ်ားမွာ နီးစပ္ရာ ေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ကာ စစ္ေဘးေရွာင္စခန္းတြင္ စစ္ေဘးေရွာင္မ်ားအျဖစ္ ေနထိုင္ေနရ သည္မွာ ယေန႔ အခ်ိန္အထိျဖစ္သည္။