ရှမ်းမြောက်တွင် ရွေးကောက်ပွဲနောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ ပြီးနောက်ပိုင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အကြားနှင့် တပ်မတော်နှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ယမန်နေ့က တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် တပ်မတော်တို့အကြား မိုးကုတ်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
“မိုးကုတ် ရွှေညောင်ပင်နဲ့ လွယ်ယောက် ဒီမနက်ပေါ့နော ဒီမနက် ၆ နာရီခွဲလောက်ကနေ ၆ နာရီ ၁၅ အထိ ၁၅ မိနစ်လောက် ထိတွေ့မှုဖြစ်တယ်။ စကခ ၂၁ ခလရ ၂၂၃ နဲ့ သူတို့က ရွှေညောင်ပင်ဖက်ကနေပြီးတော့ ကျနော်တို့ဖက် ထိုးစစ်ဆင်တက်လာတော့ တိုက်ပွဲ ထိတွေ့မှု ခနလေးဖြစ်တာ။”
ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ရွေးကောက်ပွဲ ပြီးနောက် ပထမဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ပြီး တပ်မ တော်မှ ၎င်းတို့ရှိရာသို့ တက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု PSLF/TNLA ကပြော သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့ နယ်အတွင်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု သိရ သည်။
KIA တပ်မဟာ ၆ ဒေသ တပ်ရင်း ၉ နယ်မြေတွင် တပ်မတော်၏ တပ်မ ၈၈ နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သကဲ့သို့ တပ်ရင်း ၃၆ နယ်မြေတွင် တပ်မ ၉၉ နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်ကို အခြေခံပြီး Kachin News Goup (KNG) သတင်းဌာနက သတင်းရေးသားထားသည်။
အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ အတည်ပြုချက်ရယူနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် သတင်းမှန်ပြန်ကြား ရေး အဖွဲ့ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့များ ဖြစ်သည့် PSLF/TNLA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တဖက်သတ် အပစ်ရပ် ကြောင်း ထုတ်ပြန်ကြေညာထားသည်။
၎င်းတို့အနေဖြင့် အပစ်ရပ်ထားသော်လည်း တပ်မတော်မှ ယခင်အတိုင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲ ဖြစ် သည်ဟု PSLF/TNLA က ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က “စစ်ရေလှုပ်ရှား တပ်အင်အား အနေနဲ့ကတော့ ဘာမှ ပြောင်းလဲတာ မရှိဘူး အရင်ကအတိုင်းပဲ ထိုးစစ် တော် တော်များတယ်။ ဒါပေမယ့် ကျနော်တို့ဖက်ကလည်းပဲ ကိုဗစ်ကာလမှာ ကျနော်တို့ ဒီ အပစ်ရပ်သက်တမ်း တိုးထားတာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး တိုက်ပွဲ မဖြစ်အောင် ကျနော်တို့က ရှောင်တယ်။ တိုက်ပွဲ ထိ တွေ့မှုက မရှိသလောက်ဖြစ်တယ်” ဟုပြောသည်။
ရွေးကောက်ပွဲ ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲများသည် အစိုးရ၊ တပ်မတော်နှင့် နှစ်ဖက်သဘောတူ ပဏာမ အပစ်ရပ်စာချုပ် Bilateral အပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရန် ညှိနှိုးနေသော်လည်း ပြေလည်မှု မရရှိသေးပေ။
ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် ကာလတွင် COVID-19 ကပ်ရောဂါဖြစ်ပွားလာသည့် အတွက် တွေ့ဆုံဆွေးနွေးမှုများမှာလည်း ရပ်တန့်သွားသည် မှာ ယနေ့အချိန်အထိဖြစ်သည်။
အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ် သည့် ရက္ခိုင့်တပ် တော် AA၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA တို့ ပါဝင်သည်။
ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့များဖြင့် စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။
*** ZAWGYI ***
ရွမ္းေျမာက္တြင္ ေရြးေကာက္ပြဲေနာက္ပိုင္း တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေရြးေကာက္ပြဲ ၿပီးေနာက္ပိုင္း တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔မ်ားအၾကား တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနသည္။
တပ္မေတာ္ႏွင့္ တအန္းအမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) အၾကားနွင့္ တပ္မေတာ္ႏွင့္ ကခ်င္ျပည္လြတ္လပ္ေရး တပ္မေတာ္ (KIA) တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ႏို၀င္ဘာလ ၁၉ ရက္ေန႔ ယမန္ေန႔က တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA ႏွင့္ တပ္မေတာ္တို႔အၾကား မိုးကုတ္ၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု PSLF/TNLA သတင္းႏွင့္ျပန္ ၾကားေရး တာ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာသည္။
“မိုးကုတ္ ေရႊေညာင္ပင္နဲ႔ လြယ္ေယာက္ ဒီမနက္ေပါ့ေနာ ဒီမနက္ ၆ နာရီခြဲေလာက္ကေန ၆ နာရီ ၁၅ အထိ ၁၅ မိနစ္ေလာက္ ထိေတြ႕မႈျဖစ္တယ္။ စကခ ၂၁ ခလရ ၂၂၃ နဲ႔ သူတို႔က ေရႊေညာင္ပင္ဖက္ကေနၿပီးေတာ့ က်ေနာ္တို႔ဖက္ ထိုးစစ္ဆင္တက္လာေတာ့ တိုက္ပြဲ ထိေတြ႕မႈ ခနေလးျဖစ္တာ။”
ယခုျဖစ္ပြားခဲ့သည့္ တိုက္ပြဲသည္ ေရြးေကာက္ပြဲ ၿပီးေနာက္ ပထမဆံုးျဖစ္ပြားခဲ့သည့္ တိုက္ပဲြျဖစ္ၿပီး တပ္မ ေတာ္မွ ၎တို႔ရွိရာသို႔ တက္လာသည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္ဟု PSLF/TNLA ကေျပာ သည္။
ႏို၀င္ဘာလ ၁၇ ရက္ေန႔ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ မူဆယ္ၿမိဳ႕ နယ္အတြင္းတြင္ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ေသးသည္ဟု သိရ သည္။
KIA တပ္မဟာ ၆ ေဒသ တပ္ရင္း ၉ နယ္ေျမတြင္ တပ္မေတာ္၏ တပ္မ ၈၈ ႏွင့္ KIA တို႔အၾကား တိုက္ပြဲ ျဖစ္ပြားခဲ့သကဲ့သို႔ တပ္ရင္း ၃၆ နယ္ေျမတြင္ တပ္မ ၉၉ ႏွင့္လည္း တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ား၏ ေျပာၾကားခ်က္ကို အေျခခံၿပီး Kachin News Goup (KNG) သတင္းဌာနက သတင္းေရးသားထားသည္။
အဆိုပါတိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ အတည္ျပဳခ်က္ရယူႏိုင္ရန္ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူကို ဆက္သြယ္၍ မရသကဲ့သို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကား ေရး အဖြဲ႔ကလည္း တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္း မရွိေသးေပ။
ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၁၁ ရက္ေန႔က ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ ေရး အဖြဲ႔မ်ား ျဖစ္သည့္ PSLF/TNLA ပါ၀င္သည့္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔က ႏို၀င္ဘာလ ၁၁ ရက္မွ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ တဖက္သတ္ အပစ္ရပ္ ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။
၎တို႔အေနျဖင့္ အပစ္ရပ္ထားေသာ္လည္း တပ္မေတာ္မွ ယခင္အတိုင္း စစ္ေရးလႈပ္ရွားမႈမ်ား ရွိေနဆဲ ျဖစ္ သည္ဟု PSLF/TNLA က ေျပာသည္။
ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “စစ္ေရလႈပ္ရွား တပ္အင္အား အေနနဲ႔ကေတာ့ ဘာမွ ေျပာင္းလဲတာ မရွိဘူး အရင္ကအတိုင္းပဲ ထိုးစစ္ ေတာ္ ေတာ္မ်ားတယ္။ ဒါေပမယ့္ က်ေနာ္တို႔ဖက္ကလည္းပဲ ကိုဗစ္ကာလမွာ က်ေနာ္တို႔ ဒီ အပစ္ရပ္သက္တမ္း တိုးထားတာ ျဖစ္တဲ့အတြက္ အတတ္ႏိုင္ဆံုး တိုက္ပြဲ မျဖစ္ေအာင္ က်ေနာ္တို႔က ေရွာင္တယ္။ တိုက္ပြဲ ထိ ေတြ႕မႈက မရွိသေလာက္ျဖစ္တယ္” ဟုေျပာသည္။
ေရြးေကာက္ပြဲ ၿပီးေနာက္ တပ္မေတာ္ႏွင့္ တိုက္ပြဲျပန္လည္ျဖစ္ပြားလာသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲမ်ားသည္ အစိုးရ၊ တပ္မေတာ္ႏွင့္ ႏွစ္ဖက္သေဘာတူ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral အပစ္ရပ္ လက္မွတ္ေရး ထိုးႏိုင္ရန္ ညွိႏိႈ္းေနေသာ္လည္း ေျပလည္မႈ မရရွိေသးေပ။
ပဏာမ အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးႏိုင္ရန္ ညႇိႏႈိင္းေနသည့္ ကာလတြင္ COVID-19 ကပ္ေရာဂါျဖစ္ပြားလာသည့္ အတြက္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွာလည္း ရပ္တန႔္သြားသည္ မွာ ယေန႔အခ်ိန္အထိျဖစ္သည္။
အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ပဏာမ အပစ္ရပ္လက္မွတ္ေရးထိုးႏိုင္ရန္ ညွိႏႈိင္းေနသည့္ ေျမာက္ပိုင္း မဟာ မိတ္ ၄ ဖြဲ႕တြင္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO အပါအဝင္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ ျဖစ္ သည့္ ရကၡိဳင့္တပ္ ေတာ္ AA၊ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA၊ ျမန္မာအမ်ိဳးသား ဒီမို ကရက္တစ္ မဟာမိတ္တပ္မေတာ္ MNTJP/MNDAA တို႔ ပါဝင္သည္။
ထို႔အျပင္ ၎အဖြဲ႕မ်ားသည္ ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္မ်ားအဖြဲ႔မ်ားျဖင့္ စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားလည္း ျဖစ္သည္။