ပဏာမ အပစ်ရပ် သဘောတူညီချက်ကို မဟာမိတ်လေးဖွဲ့အတူသာ လက်မှတ်ထိုးမည်ဟု TNLA ပြော

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။

ပဏာမ အပစ်ရပ် သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးမည်ဆိုပါက မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့်အတူ လက်မှတ်ရေး ထိုး သွားမည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုများကိုလည်း FPNCC အဖွဲ့ဝင် ၇ ဖွဲ့လုံးနှင့်အတူ လုပ်ဆောင်သွား မည် ဟု တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မ တော် PSLF/TNLA က ပြောသည်။

အဆိုပါ သဘောထားများမှာ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှင့် အဖွဲ့ဝင် ၇ ဖွဲ့ပါသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC ၏ မူသဘောထားများဖြစ်ပြီး ထိုသဘောထားအတိုင်း ဆက်လက် ရပ်တည်နေဆဲဖြစ်သည် ဟု PSLF/TNLA က ပြောသည်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အပစ်ရပ်ထိုးမယ်ဆိုတော့ ၄ ဖွဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနဲ့ သွားမယ်ဆိုရင်တော့ ကျနော်တို့က ၇ ဖွဲ့ပါ မှ အဲလိုပဲ ကျနော်တို့က ဆက်လက်ရပ်တည်ထားတာဖြစ်ပါတယ်” ဟု ပြောသည်။

PSLF/TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ် Bilateral စာချုပ်ကို တစ်ဖွဲ့ ချင်းစီ လက်မှတ်ရေးထိုးမည်ဟု ညှိနှိုင်းထားပြီး ၄ ဖွဲ့စလုံး တစ်ပြိုင် နက်တည်း တစ်နေရာတည်း တစ်ချိန်တည်း လက်မှတ် ရေးထိုးသွားမည် ဟု PSLF/TNLA က ဆိုသည်။

အပစ်ရပ်စဲရေးအတွက် ညှိနှိုင်းရာတွင် ကြုံတွေ့ ခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ ဗိုလ်မှူးမိုင်းအိုက် ကျော်က “ကျနော်တို့ ဆွေးနွေးလာတာကို ပြန်ကြည့်မယ်ဆိုရင် အထူးသဖြင့် အပစ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာပေါ့နော တပ်ရဲ့ သဘောထားမပါပဲနဲ့ တပ်ရဲ့ သဘေ ာထား မပါလို့ရှိရင် အစိုးရလည်း ဘာမှ လုပ် လို့မရဘူး။ ကျော်လို့မရဘူး အဲလိုမျိုးပဲ သွားတွေ့ရတာပေါ့နော်” ဟု ပြောသည်။

သို့သော် အဆိုပါ အခက်အခဲများကို ကျော်လွှားနိုင်ပြီး ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တွင် ၎င်းတို့ ၄ ဖွဲ့တည်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ဆောင်မည် မဟုတ်ပဲ FPNCC ၏ မူအတိုင်း ဆက်လက်လုပ်ဆောင်ရန် အဖွဲ့ဝင် အဖွဲ့ အစည်းများက သဘောတူထားကြသည်ဟု ဗိုလ်မှူး မိုင်းအိုက် ကျော်က ပြောသည်။

“ကျနော်တို့က လက်မှတ်ထိုးမယ်ဆိုရင် အပစ်ရပ်ပြီးမှ ထိုးမယ် အဲလိုမျိုးပြောတော့ နိုင်ငံရေး ဆွေးနွေးပွဲ ကျ တော့ ကျနော် တို့က ၄ ဖွဲ့လုံးနဲ့သွားလို့မရဘူး။ ကျနော်တို့ FPNCC အဖွဲ့ရှိတာပေါ့နော ၇ ဖွဲ့ နိုင်ငံရေး ဆွေး နွေးပွဲကျတော့ FPNCC နဲ့ ကျနော်တို့က အတူတကွ သွားကြမယ်။ အားလုံးပါဝင်ပြီးသွားကြမယ် ဆိုပြီးမှ FPNCC အဲလိုမျိုး မူကရှိထားတယ်။ ဒီလိုပဲ FPNCC နဲ့ပေါ့နော အခုလည်း ဒီအတိုင်းပဲ ကျနော်တို့ ရပ်တည် ထားတယ်။”

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

အဆိုပါ အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေး နွေးမှု နောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် တွေ့ဆုံဆွေးနွေးမှုမှာလည်း ပြတ်တောက်သွားခဲ့ရသည်။

ထိုအနေအထားများကြောင့် ရပ်တန့်နေသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်စတင်ရန်အ တွက် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့က တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်း ရေးအတွက် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် အပစ်ရပ်ထားသည့်အဖွဲ့များနှင့် အပစ်မရပ်ထားသည့် တိုင်းရင်းသား တော် လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်ချမ်းရေး ဆွေးနွေး နိုင်ရန် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦး ဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းခဲ့ သည် ဟု ဆိုသည်။

သို့သော် အဆိုပါအဖွဲ့မှ လက်ရှိအချိန်အထိ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း FPNCC အဖွဲ့ဝင်များက ပြောသည်။

ထို့သို့ ကမ်းလှမ်းလာခြင်း မရှိသေးသော်လည်း နိုဝင်ဘာလ ၁၇ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဒုတိယ နိုင် ငံရေးမှူး ဦးညီကပ်ဦးဆောင်သည့်အဖွဲ့များနှင့် ရှမ်းပြည်နယ် မိုင်းဆတ်မြို့ကို ရောက်ရှိနေစဉ် တွေ့ဆုံ ခဲ့ကြပြီး NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဆောင် ရွက်ကြစေလို ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့ က ထုတ်ပြန် ထားသည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်တိုး တက် ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က “ကျနော်တို့ တိုက်ရိုက်တော့ မရှိပါဘူးခင် ဗျား။ တပ်မတော်က ငြိမ်းချမ်းရေး ဆွေးနွေးရေး ထုတ်ပြန်ကြေ ညာချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဖွဲ့အစည်းကတော့ အမြဲတမ်းကြိုဆိုပါတယ်။ ဒါကတော့ လုပ်သင့်လုပ်ထိုက် ဖြစ်သင့်ဖြစ်ထိုက် တဲ့ဟာ ပေါ့နော။ အမှန်တကယ်လုပ်ဖို့ ဆိုတာကလည်း ကျနော်တို့မှာ ဆန္ဒရှိပါတယ်။ ဒါက ကျနော်တို့က ကြိုဆိုပါ တယ်။ ဒါပေမယ့် တိုက်ရိုက် ဆက်သွယ်တာတွေ ကျတော့ လောလောဆယ် အခြေအနေ မရှိသေးပါ ဘူးခင်ဗျာ” ဟု ပြောသည်။

SSPP အနေဖြင့် တပ်မတော်ဖက်မှ ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ မဖွဲ့ခင်ကတည်းက အစိုး ရ၊ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ညှိနှိုင်းမှုများရှိသည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆက် ပြောသည်။

“ငြိမ်းချမ်းရေးက ကျနော်တို့ ဒီအဖွဲ့မဖွဲ့ခင်ကတည်းက ကျနော်တို့က ငြိမ်းချမ်းရေး သက်ဆိုင်တဲ့ တပ်မတော် ရော အစိုးရရော ကျနော်တို့က အဆက်အသွယ်တွေ ရှိပါတယ်။ ဒါပေမယ့် လောလောဆယ်ပေါ့နော်။ ကိုဗစ် ကာလရယ် နိုင်ငံရေး အခြေအနေအရ မတွေ့ ဖြစ်သေးဘူးပေါ့လေ အဲဒါပဲ ရှိသေးတယ်ခင်ဗျာ။ ပြီးတော့ လည်း ကျနော်တို့က အစိုးရလည်း အလှည့်အပြောင်းအချိန်ဖြစ်နေတဲ့အတွက် ဒါက ကျနော်တို့ထဲမှာ ကျ တော့ တွေ့ဖို့က မရှိသေးဘူးခင်ဗျာ။”

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်း အတိုင်း လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာ အောင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးကာ ထာဝရ ငြိမ်း ချမ်းရေး အောင်မြင်သည့်အထိ လိုအပ်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာလ ၉ ရက် နေ့က တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြသည့် ကရင် အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ် မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။

NCA လက်မှတ် မထိုးထားသည့် အဖွဲ့များမှာ FPNCC အဖွဲ့များဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွတ် ရေးပါ တီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုး သားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (ULA/AA) တို့အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCA-K) တို့ဖြစ်သည်။

*** ZAWGYI ***
ပဏာမ အပစ္ရပ္ သေဘာတူညီခ်က္ကို မဟာမိတ္ေလးဖြဲ႔အတူသာ လက္မွတ္ထိုးမည္ဟု TNLA ေျပာ

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္။

ပဏာမ အပစ္ရပ္ သေဘာတူညီခ်က္ (Bilateral Ceasefire Agreement) လက္မွတ္ေရးထိုးမည္ဆိုပါက ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္အတူ လက္မွတ္ေရး ထိုး သြားမည္ ျဖစ္ၿပီး ႏိုင္ငံေရး ေဆြးေႏြးမႈမ်ားကိုလည္း FPNCC အဖြဲ႔၀င္ ၇ ဖြဲ႔လံုးႏွင့္အတူ လုပ္ေဆာင္သြား မည္ ဟု တအန္း အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မ ေတာ္ PSLF/TNLA က ေျပာသည္။

အဆိုပါ သေဘာထားမ်ားမွာ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ ႏွင့္ အဖြဲ႔၀င္ ၇ ဖြဲ႔ပါသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြး ညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ မူသေဘာထားမ်ားျဖစ္ၿပီး ထိုသေဘာထားအတိုင္း ဆက္လက္ ရပ္တည္ေနဆဲျဖစ္သည္ ဟု PSLF/TNLA က ေျပာသည္။

တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “အပစ္ရပ္ထိုးမယ္ဆိုေတာ့ ၄ ဖြဲ႔ ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြးေရးနဲ႔ သြားမယ္ဆိုရင္ေတာ့ က်ေနာ္တို႔က ၇ ဖြဲ႔ပါ မွ အဲလိုပဲ က်ေနာ္တို႔က ဆက္လက္ရပ္တည္ထားတာျဖစ္ပါတယ္” ဟု ေျပာသည္။

PSLF/TNLA အပါအ၀င္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔မွ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ပဏာမ အပစ္ရပ္ Bilateral စာခ်ဳပ္ကို တစ္ဖြဲ႔ ခ်င္းစီ လက္မွတ္ေရးထိုးမည္ဟု ညွိႏိႈင္းထားၿပီး ၄ ဖြဲ႔စလံုး တစ္ၿပိဳင္ နက္တည္း တစ္ေနရာတည္း တစ္ခ်ိန္တည္း လက္မွတ္ ေရးထိုးသြားမည္ ဟု PSLF/TNLA က ဆိုသည္။

အပစ္ရပ္စဲေရးအတြက္ ညွိႏိႈင္းရာတြင္ ႀကံဳေတြ႕ ခဲ့ရသည့္ အခက္အခဲမ်ားႏွင့္ ပတ္သက္၍ ဗိုလ္မွဴးမိုင္းအိုက္ ေက်ာ္က “က်ေနာ္တို႔ ေဆြးေႏြးလာတာကို ျပန္ၾကည့္မယ္ဆိုရင္ အထူးသျဖင့္ အပစ္ရပ္စဲေရးနဲ႔ ပတ္သက္တဲ့ ကိစၥေတြမွာေပါ့ေနာ တပ္ရဲ႕ သေဘာထားမပါပဲနဲ႔ တပ္ရဲ႕ သေဘာထား မပါလို႔ရွိရင္ အစိုးရလည္း ဘာမွ လုပ္ လို႔မရဘူး။ ေက်ာ္လို႔မရဘူး အဲလိုမ်ိဳးပဲ သြားေတြ႕ရတာေပါ့ေနာ္” ဟု ေျပာသည္။

သို႔ေသာ္ အဆိုပါ အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္ၿပီး ပဏာမ အပစ္ရပ္ လက္မွတ္ေရးထိုးၿပီး ေနာက္ပိုင္း တြင္ ၎တို႔ ၄ ဖြဲ႔တည္းျဖင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားကို လုပ္ေဆာင္မည္ မဟုတ္ပဲ FPNCC ၏ မူအတိုင္း ဆက္လက္လုပ္ေဆာင္ရန္ အဖြဲ႔၀င္ အဖြဲ႔ အစည္းမ်ားက သေဘာတူထားၾကသည္ဟု ဗိုလ္မွဴး မိုင္းအိုက္ ေက်ာ္က ေျပာသည္။

“က်ေနာ္တို႔က လက္မွတ္ထိုးမယ္ဆိုရင္ အပစ္ရပ္ၿပီးမွ ထိုးမယ္ အဲလိုမ်ိဳးေျပာေတာ့ ႏိုင္ငံေရး ေဆြးေႏြးပြဲ က် ေတာ့ က်ေနာ္ တို႔က ၄ ဖြဲ႔လံုးနဲ႕သြားလို႔မရဘူး။ က်ေနာ္တို႔ FPNCC အဖြဲ႔ရွိတာေပါ့ေနာ ၇ ဖြဲ႔ ႏိုင္ငံေရး ေဆြး ေႏြးပြဲက်ေတာ့ FPNCC နဲ႔ က်ေနာ္တို႔က အတူတကြ သြားၾကမယ္။ အားလံုးပါ၀င္ၿပီးသြားၾကမယ္ ဆိုၿပီးမွ FPNCC အဲလိုမ်ိဳး မူကရွိထားတယ္။ ဒီလိုပဲ FPNCC နဲ႔ေပါ့ေနာ အခုလည္း ဒီအတိုင္းပဲ က်ေနာ္တို႔ ရပ္တည္ ထားတယ္။”

အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိသည့္ ေျမာက္ပိုင္း မဟာ မိတ္ ၄ ဖြဲ႕မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုက ရက္တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။

အဆိုပါ အဖြဲ႔မ်ားသည္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၅ ရက္ေန႔က အစိုးရ၊ တပ္မေတာ္ႏွင့္ ပဏာမ အပစ္ရပ္ လက္မွတ္ေရးထိုးႏိုင္ရန္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြး ေႏြးမႈ ေနာက္ပိုင္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေတြ႕ဆံုေဆြးေႏြးမႈမွာလည္း ျပတ္ေတာက္သြားခဲ့ရသည္။

ထိုအေနအထားမ်ားေၾကာင့္ ရပ္တန္႔ေနသည့္ ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြးမႈမ်ားကို ျပန္လည္စတင္ရန္အ တြက္ ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၉ ရက္ေန႔က တပ္မေတာ္မွ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးႏွင့္ ထာ၀ရ ၿငိမ္းခ်မ္း ေရးအတြက္ သေဘာထား ထုတ္ျပန္ခ်က္ တစ္ေစာင္ကို ထုတ္ျပန္ခဲ့သည္။

၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ အပစ္ရပ္ထားသည့္အဖြဲ႔မ်ားႏွင့္ အပစ္မရပ္ထားသည့္ တိုင္းရင္းသား ေတာ္ လွန္ေရး လက္နက္ကိုင္အဖြဲ႔အစည္းမ်ားကို ၿငိမ္ခ်မ္းေရး ေဆြးေႏြး ႏိုင္ရန္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦး ေဆာင္သည့္ အဖြဲ႔၀င္ ၅ ဦးပါ၀င္သည့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေကာ္မတီကို ဖြဲ႔စည္းခဲ့ သည္ ဟု ဆိုသည္။

သို႔ေသာ္ အဆိုပါအဖြဲ႔မွ လက္ရွိအခ်ိန္အထိ ေတြ႕ဆံုေဆြးေႏြးရန္ ကမ္းလွမ္းလာျခင္း မရွိေသးေၾကာင္း FPNCC အဖြဲ႔၀င္မ်ားက ေျပာသည္။

ထို႔သို႔ ကမ္းလွမ္းလာျခင္း မရွိေသးေသာ္လည္း ႏုိဝင္ဘာလ ၁၇ ရက္ေန႔က တပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ “ဝ” ျပည္ေသြးစည္းညီညြတ္ေရးတပ္မေတာ္ UWSA က ဒုတိယ ႏုိင္ ငံေရးမွဴး ဦးညီကပ္ဦးေဆာင္သည့္အဖြဲ႕မ်ားႏွင့္ ရွမ္းျပည္နယ္ မိုင္းဆတ္ၿမိဳ႕ကို ေရာက္ရွိေနစဥ္ ေတြ႕ဆံု ခဲ့ၾကၿပီး NCA လမ္းေၾကာင္းမွန္ေပၚတြင္ ေလွ်ာက္လွမ္းၿပီး ေဒသဖြံ႕ ၿဖိဳး တိုးတက္ေရးအတြက္ ေဆာင္ ႐ြက္ၾကေစလို ေၾကာင္း တိုက္တြန္းေျပာဆိုခဲ့သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားအဖြဲ႕ က ထုတ္ျပန္ ထားသည္။

ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြး ညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္ျဖစ္သည့္ ရွမ္းျပည္တိုး တက္ ေရးပါတီ SSPP/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး စိုင္းဖုန္းဟန္က “က်ေနာ္တို႔ တိုက္႐ိုက္ေတာ့ မရွိပါဘူးခင္ ဗ်ား။ တပ္မေတာ္က ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး ထုတ္ျပန္ေၾက ညာခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ အဖြဲ႔အစည္းကေတာ့ အၿမဲတမ္းႀကိဳဆိုပါတယ္။ ဒါကေတာ့ လုပ္သင့္လုပ္ထိုက္ ျဖစ္သင့္ျဖစ္ထိုက္ တဲ့ဟာ ေပါ့ေနာ။ အမွန္တကယ္လုပ္ဖို႔ ဆိုတာကလည္း က်ေနာ္တို႔မွာ ဆႏၵရွိပါတယ္။ ဒါက က်ေနာ္တို႔က ႀကိဳဆိုပါ တယ္။ ဒါေပမယ့္ တိုက္႐ိုက္ ဆက္သြယ္တာေတြ က်ေတာ့ ေလာေလာဆယ္ အေျခအေန မရွိေသးပါ ဘူး ခင္ဗ်ာ” ဟု ေျပာသည္။

SSPP အေနျဖင့္ တပ္မေတာ္ဖက္မွ ယခုကဲ့သို႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ေကာ္မတီ မဖြဲ႔ခင္ကတည္းက အစိုး ရ၊ တပ္မေတာ္တို႔ႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ဆက္သြယ္ညွိႏႈိင္းမႈမ်ားရွိသည္ဟု ဗိုလ္မွဴး စိုင္းဖုန္းဟန္က ဆက္ ေျပာသည္။

“ၿငိမ္းခ်မ္းေရးက က်ေနာ္တို႔ ဒီအဖြဲ႔မဖြဲ႔ခင္ကတည္းက က်ေနာ္တို႔က ၿငိမ္းခ်မ္းေရး သက္ဆိုင္တဲ့ တပ္မေတာ္ ေရာ အစိုးရေရာ က်ေနာ္တို႔က အဆက္အသြယ္ေတြ ရွိပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္ေပါ့ေနာ္။ ကိုဗစ္ ကာလရယ္ ႏိုင္ငံေရး အေျခအေနအရ မေတြ႕ ျဖစ္ေသးဘူးေပါ့ေလ အဲဒါပဲ ရွိေသးတယ္ခင္ဗ်ာ။ ၿပီးေတာ့ လည္း က်ေနာ္တို႔က အစိုးရလည္း အလွည့္အေျပာင္းအခ်ိန္ျဖစ္ေနတဲ့အတြက္ ဒါက က်ေနာ္တို႔ထဲမွာ က် ေတာ့ ေတြ႕ဖို႔က မရွိေသးဘူးခင္ဗ်ာ။”

တပ္မေတာ္အေနျဖင့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လမ္းေၾကာင္း အတိုင္း လက္မွတ္ေရးထိုးၿပီးသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ားျဖင့္ ၿငိမ္းခ်မ္းေရးကို ပိုမိုခိုင္မာ ေအာင္ ဆက္လက္ေဆြးေႏြးသြားမည္ျဖစ္ၿပီး၊ NCA လက္မွတ္ မေရးထိုးရေသးသည့္ တိုင္းရင္းသား လက္ နက္ကိုင္ အဖြဲ႔အစည္းမ်ားႏွင့္လည္း လက္မွတ္ေရးထိုးႏိုင္သည္အထိ ဆက္လက္ေဆြးေႏြးကာ ထာ၀ရ ၿငိမ္း ခ်မ္းေရး ေအာင္ျမင္သည့္အထိ လိုအပ္သည့္ ေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္သြားမည္ဟု ႏို၀င္ဘာလ ၉ ရက္ ေန႔က တပ္မေတာ္၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားၾကသည့္ ကရင္ အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမို ကရက္တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသားလြတ္ ေျမာက္ေရး အဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုကေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္ တစ္အစည္းအ႐ုံး LDU အဖြဲ႕တို႔ျဖစ္သည္။

NCA လက္မွတ္ မထိုးထားသည့္ အဖြဲ႔မ်ားမွာ FPNCC အဖြဲ႕မ်ားျဖစ္သည့္ “ဝ” ျပည္ေသြးစည္း ညီၫြတ္ ေရးပါ တီ (UWSP)၊ ကခ်င္ျပည္ လြတ္ေျမာက္ေရး အဖြဲ႕ (KIO)၊ ရွမ္းျပည္တိုးတက္ေရး ပါတီ (SSPP)၊ ျမန္မာအမ်ိဳး သားမ်ား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA- ကိုးကန႔္အဖြဲ႕)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာ မိတ္ တပ္မေတာ္ (NDAA- မိုင္းလား အဖြဲ႕)၊ တအာင္း/ ပေလာင္ အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA)၊ ရကၡိဳင့္ တပ္ေတာ္ (ULA/AA) တို႔အျပင္ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP ႏွင့္ နာဂအမ်ိဳးသား ဆိုရွယ္လစ္ေကာင္စီ (NSCA-K) တို႔ျဖစ္သည္။