ကချင်စစ်ရှောင် နေရပ်ပြန်ရေးတွင် အစိုးရ ကူညီစေလို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း နေရပ်သို့ ပြန်ကြမည့် စစ်ဘေးရှောင်များက လုံခြုံရေး၊ ပြန်လည်တည်ထောင်ရေးအတွက် အစိုးရ တာဝန်ရှိသူများက ကူညီလုပ်ဆောင်ပေးစေလိုကြောင်း ပြောသည်။
မိုင်းနား (KBC) စခန်းမှ စစ်ရှောင် ကိုဆွတ်အောင်က “အဓိကက ကျနော်တို့ရဲ့ ဒေသခံ ပြည်သူတွေက ခြံ တွေ တောင်ယာတွေ အဓိက လုပ်ကိုင် စားသောက်နေရတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော ကျနော်တို့ ဒီမှာ ပြန်လာနေထိုင် ရပြီ ဆိုက တည်းကနေ တောင်ယာတို့ ခြံတို့ကို အဓိက ပြန်ပြီးမှ လုပ်ကိုင် စားသောက်ကြမှာ ဖြစ်ပါတယ်လို့ အဲလိုဆိုတော့ နှစ်ဖက်စလုံးပေါ့နော အစိုးရ နှစ်ဖက်စလုံးကနေပြီးတော့ ကျနော်တို့ ပြည်သူတွေကို ဘာမှ ထိခိုက်မှု မရှိအောင်တော့ လုံလုံခြုံခြုံနဲ့ လုပ်ကိုင်စားသောက် နိုင်ဖို့ အတွက်တော့ ဆန္ဒရှိတာပေါ့” ဟု ပြောသည်။
လုံခြုံရေးအပြင် နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက အာမခံချက်ရှိရှိဖြင့် ကူညီလုပ်ဆောင်ပေးရန် လိုအပ်သည်ဟု စစ်ရှောင်များက ပြောသည်။
ဒဘတ်ယာန်ကျေးရွာသို့ နေရပ်ပြန်ကြရန် လက်ရှိ စာရင်းလာပေးထားသည့် စစ်ရှောင်များမှာ အိမ်ထောင်စု ၂၁၆ စု နှင့် ယခင်က အစိုးရကို စာရင်း ပေးထားသည့် အိမ်ထောင်စု ၃၇ စု စုစုပေါင်း အိမ်ထောင်စု ၂၅၃ စုမှ လူဦးရေ ရှစ်ရာနီးခန့်ဖြစ်သည် ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC ၏ စာရင်းများအရ သိရသည်။
“စစ်ရှောင်ပြီး ကျနော်တို့ ကိုယ့်ဒေသကို ကိုယ်ပြန် လာရမယ် ဆိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်။ ပြီးလို့ ရှိရင် အဓိကကတော့ လုံခြုံမှုပေါ့ လုံခြုံမှုကို အဓိက ရချင်တာပေါ့နော်။ ကျနော်တို့ ဒီမှာ ပြန်လာနေတယ် ဆို တာကလည်း ဒီ KIA နဲ့ စစ်ဖက်ဆိုင်ရာဌာနက နေပြီးတော့ လက်မှတ်ရေးထိုးထား ပြီးနောက် ပြန်လာနေ တာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒါကို လုံခြုံမှု အဓိက ရချင်တယ်” ဟု ကိုဆွတ်အောင် က ဆက် ပြောသည်။
စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအပြင် နေရပ်ရင်းသို့ ပြန်လည်နေထိုင်ကြမည့် စစ်ဘေး ရှောင်များ၏ နေထိုင်စားသောက်ရေးအတွက်လည်း KHCC မှ အနည်းဆုံး ၃ လမှ အများဆုံး ၆ လအထိ တာဝန်ယူသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဒေသခံများ ဒေသတွင်း သွားလာလုပ်ကိုင်စားသောက် နိုင်ရန် အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဦးခါးလီက “ဒီမှာပြန်လာရင်တော့ ဒီဖက်မှာ သူတို့ရောက်ရောက်ချင်းတော့ သူတို့ တွေရဲ့ ဆန်၊ဆီ၊ဆား၊ ပဲပေါ့နော ဆန်၊ ဆီ၊ဆား၊ပဲ အနည်းဆုံး ၃ လကနေ အများဆုံး ၆ လအထိ ကျနော်တို့ တစ်ခါတည်း ကူညီ ပေးနိုင်အောင်လို့ ကျနော်တို့ စီစဉ်နေတယ်။ ပြီးတော့ လုပ်ကိုင်စားသောက်ဖို့နေရာ ကိုယ့်ခြံဝန်းမှာ နေပြီး တော့ လုပ်ကိုင်စားသောက်မယ့် အသက်မွေးကြောင်း လုပ်ငန်းပြုမယ့်ဟာလည်း ကျနော်တို့ စီစဉ်နိုင် အောင်လို့ တော့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီထက် ကျယ်ပြန့်ပြီးတော့ လုပ်မယ်ဆိုရင် တော့ ခုနပြောတဲ့ မိုင်းရှင်းလင်းရေး ဘာတို့ တစ်ခေါက်ပြီးစီစဉ်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်” ဟုပြောသည်။
ဒေသခံများအနေဖြင့် စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲမျိုးစုံကြားက ကြာရှည်စွာ နေထိုင်နေရသည့် အတွက် ယခုကဲ့သို့ နေရပ်ပြန်ရမည်ဖြစ်သည့်အတွက် စိတ်လွတ်လပ်ပေါ့ပါးမှုနှင့်အတူ ပျော်ရွှင်မှုကို လည်း ခံစားရသည်ဟု ဝိုင်းမော်မြို့နယ် မိုင်းနား(RC) စစ်ဘေးရှောင်စခန်းမှ ဒေါ်ဇနန်း က ပြောသည်။
“ကျမတို့ရွာမှာ ပြန်လာနေပြီဆိုတော့ စိတ်ပျော်တာပေါ့ ဟိုမိုင်းနားမှာနေတော့ ကျမတို့ တောကလူတွေ တော့ ရှာစားလည်း မတတ်ဆိုတော့ တောမှာပဲ နေချင်တာပေါ့ အခုခြံမှာနေလည်း ဒီမှာ လွတ်လွတ်လပ် လပ် မနေရ လို့ မပျော်ဘူးပေါ့။ အခုအိမ်ပြန်မယ်ဆိုတော့ အခုတော့ စိတ်ပျော်သွားတယ်လေ။ အိမ်မှာ ပြန် လာနေ ရပြီဆို တော့ အခုစိတ်ပျော်သွားလို့ ဒီအတိုင်း နေတာပေါ့။ ကျမတို့က ကုန်းမှာဟုတ်တယ်။ ဟိုတ လောက ၃၄ ဦးမှာ ပါတယ်။ အဲမှာပါပြီးတော့ ဒီနေ့ ဒီမှာတော့ နာမည်လည်းထည့်စရာ မလိုတော့ဘူး။ ကောင်စီရုံးမှာပဲ သွားတာ ဒီနေ့ ဒီမှာ နာမည်မထည့်တော့ဘူး။”
ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၀၂၁ နှစ်ဆန်းပိုင်း တွင် နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်လျှက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများ နိုဝင် ဘာလ ၂၅ ရက်နေ့တွင် စတင်နိုင်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက် ရေး ကော်မတီ KHCC က ပြောသည်။
KHCC မှ ဒုတိယ အတွင်းရေးမှူး (၃) ဦးခါးလီ က “အားလုံး စီစစ်ပြီးမယ် မိုင်းလည်း ရှင်းလင်းပြီးမယ် ဆိုရင် တော့ ဆောက်လုပ်ရေးလုပ်တာက ကျနော်တို့ ဒီ နိုဝင်ဘာ ၂၅ ရက်နောက်အကျဆုံး ဆောက်လုပ်ရေးတွေ ဝင်နိုင်မယ်။ အဲဒါပြီးလို့ရှိရင် ဆောက်လုပ်ရေးက ဖေဖော်ဝါရီမှာ ပြီးမယ်လို့ ခန့်မှန်း ထားပါတယ်” ဟု ပြော သည်။
နောက်အကျဆုံး ၂၀၂၁ ခုနှစ် မတ်လအတွင်း အပြီးသတ် ပြန်ပို့နိုင်ရေး စီစဉ်ထားသည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC က ပြောသည်။
အစိုးရ ဧရိယာထဲတွင်ရှိသည့် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်သကဲ့သို့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် အတွက်လည်း KHCC အနေဖြင့် အစိုးရ၊ တပ်မတော်၊ KIO တို့နှင့် ညှိနှိုင်းထားမှုများအရ သဘောတူမှုများလည်း ရရှိ ထား သည်ဟု KHCC က ဆိုသည်။
ဦးခါးလီ က “ဒီလက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့တဲ့ သက်ဆိုင်ရာ တာဝန်အရှိဆုံး အဖွဲ့အစည်း များလည်း ညှိ နှိုင်းပြီးသား ဖြစ် တဲ့အတွက် ညှိနှိုင်းပြီးသား ဆိုတာ ဒီနေရာမှာ ပြန်မယ်လို့ ကျနော်တို့ တင်ပြပြီးသား ဖြစ်တဲ့ အတွက် ကျနော် တို့ အတွက်တော့ ဒါ အတိုင်းအတာ တစ်ခုမှာ လုံခြုံတယ်လို့ ကျနော်တို့ ခံယူလို့ရပါတယ်။ ယူဆလို့ရပါတယ်။ သက်ဆိုင်ရာ KIA/KIO အဖွဲ့ကိုလည်း ကျနော်တို့ ဒီ ၁၇ ရွာမှာ ပြန်မယ်လို့ ပြောတဲ့အ ပိုင်း သူတို့လည်း သဘောတူပြီးသား ရွာဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေလည်း တပ်ပိုင်းဆိုင်ရာ က အစ အကုန်လုံး ဒီနေရာမှာ ပြန်မယ်လို့ အားလုံးသဘောတူတဲ့ နေရာဖြစ်တဲ့အတွက် ဒါတော့ ကျနော်တို့ အတိုင်း အတာ တစ်ခုမှာ လုံခြုံတယ် စိတ်ချရတယ်လို့ ကျနော်တို့ ဆိုနိုင်ပါတယ်ခင်ဗျာ” ဟု ပြောသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာန နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှု များကို လုပ်ဆောင်နေသည်သာမက နေရပ်ပြန်မည့်သူများ၏ စာရင်းများကိုလည်း ကောက်ယူ လျက် ရှိသည်။
ထို့အပြင် စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကိုလည်း မြောက် ပိုင်း စစ်ဌာနချုပ်မှ လုပ်ဆောင် ပေးသွားမည်ဖြစ်သည် ဟု သိရသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရ သည်မှာ ယနေ့ အချိန်အထိဖြစ်သည်။
*** ZAWGYI ***
ကခ်င္စစ္ေရွာင္ ေနရပ္ျပန္ေရးတြင္ အစိုးရ ကူညီေစလို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္။
ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ၿမိဳ့နယ္အတြင္း ေနရပ္သို႔ ျပန္ၾကမည့္ စစ္ေဘးေရွာင္မ်ားက လံုၿခံဳေရး၊ ျပန္လည္တည္ေထာင္ေရးအတြက္ အစိုးရ တာဝန္ရွိသူမ်ားက ကူညီလုပ္ေဆာင္ေပးေစလိုေၾကာင္း ေျပာသည္။
မိုင္းနား (KBC) စခန္းမွ စစ္ေရွာင္ ကိုဆြတ္ေအာင္က “အဓိကက က်ေနာ္တို႔ရဲ႕ ေဒသခံ ျပည္သူေတြက ၿခံ ေတြ ေတာင္ယာေတြ အဓိက လုပ္ကိုင္ စားေသာက္ေနရတဲ့ လူေတြျဖစ္တဲ့အတြက္ေၾကာင့္မလို႔ေပါ့ေနာ က်ေနာ္တို႔ ဒီမွာ ျပန္လာေနထိုင္ ရၿပီ ဆိုက တည္းကေန ေတာင္ယာတို႔ ၿခံတို႔ကို အဓိက ျပန္ၿပီးမွ လုပ္ကိုင္ စားေသာက္ၾကမွာ ျဖစ္ပါတယ္လို႔ အဲလိုဆိုေတာ့ ႏွစ္ဖက္စလံုးေပါ့ေနာ အစိုးရ ႏွစ္ဖက္စလံုးကေနၿပီးေတာ့ က်ေနာ္တို႔ ျပည္သူေတြကို ဘာမွ ထိခိုက္မႈ မရွိေအာင္ေတာ့ လံုလံုၿခံဳၿခံဳနဲ႔ လုပ္ကိုင္စားေသာက္ ႏိုင္ဖို႔ အတြက္ေတာ့ ဆႏၵရွိတာေပါ့” ဟု ေျပာသည္။
လံုၿခံဳေရးအျပင္ ေနထိုင္စားေသာက္ေရး၊ ပညာေရး၊ က်န္းမာေရးတို႔အတြက္ သက္ဆုိင္ရာ တာဝန္ရွိ သူမ်ားက အာမခံခ်က္ရွိရွိျဖင့္ ကူညီလုပ္ေဆာင္ေပးရန္ လိုအပ္သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။
ဒဘတ္ယာန္ေက်းရြာသို႔ ေနရပ္ျပန္ၾကရန္ လက္ရွိ စာရင္းလာေပးထားသည့္ စစ္ေရွာင္မ်ားမွာ အိမ္ေထာင္စု ၂၁၆ စု ႏွင့္ ယခင္က အစိုးရကို စာရင္း ေပးထားသည့္ အိမ္ေထာင္စု ၃၇ စု စုစုေပါင္း အိမ္ေထာင္စု ၂၅၃ စုမွ လူဦးေရ ရွစ္ရာနီးခန္႔ျဖစ္သည္ ဟု ကခ်င္ေဒသ စစ္ေဘးေရွာင္ ျပည္သူမ်ားအား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ KHCC ၏ စာရင္းမ်ားအရ သိရသည္။
“စစ္ေရွာင္ၿပီး က်ေနာ္တို႔ ကိုယ့္ေဒသကို ကိုယ္ျပန္ လာရမယ္ ဆိုေတာ့ အတိုင္းမသိ ၀မ္းသာပါတယ္။ ၿပီးလို႔ ရွိရင္ အဓိကကေတာ့ လံုၿခံဳမႈေပါ့ လံုၿခံဳမႈကို အဓိက ရခ်င္တာေပါ့ေနာ္။ က်ေနာ္တို႔ ဒီမွာ ျပန္လာေနတယ္ ဆို တာကလည္း ဒီ KIA နဲ႔ စစ္ဖက္ဆိုင္ရာဌာနက ေနၿပီးေတာ့ လက္မွတ္ေရးထိုးထား ၿပီးေနာက္ ျပန္လာေန တာ မဟုတ္တဲ့ အတြက္ေၾကာင့္မို႔လို႔ အဲဒါကို လံုၿခံဳမႈ အဓိက ရခ်င္တယ္” ဟု ကုိဆြတ္ေအာင္ က ဆက္ ေျပာသည္။
စစ္ေဘးေရွာင္မ်ား လံုၿခံဳစိတ္ခ်စြာ ေနရပ္ျပန္ႏိုင္ေရးအျပင္ ေနရပ္ရင္းသို႔ ျပန္လည္ေနထိုင္ၾကမည့္ စစ္ေဘး ေရွာင္မ်ား၏ ေနထိုင္စားေသာက္ေရးအတြက္လည္း KHCC မွ အနည္းဆံုး ၃ လမွ အမ်ားဆံုး ၆ လအထိ တာ၀န္ယူသြားမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ ေဒသခံမ်ား ေဒသတြင္း သြားလာလုပ္ကိုင္စားေသာက္ ႏိုင္ရန္ အတြက္ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဆိုသည္။
ဦးခါးလီက “ဒီမွာျပန္လာရင္ေတာ့ ဒီဖက္မွာ သူတို႔ေရာက္ေရာက္ခ်င္းေတာ့ သူတို႔ ေတြရဲ႕ ဆန္၊ဆီ၊ဆား၊ ပဲေပါ့ေနာ ဆန္၊ ဆီ၊ဆား၊ပဲ အနည္းဆံုး ၃ လကေန အမ်ားဆံုး ၆ လအထိ က်ေနာ္တို႔ တစ္ခါတည္း ကူညီ ေပးႏိုင္ေအာင္လို႔ က်ေနာ္တို႔ စီစဥ္ေနတယ္။ ၿပီးေတာ့ လုပ္ကိုင္စားေသာက္ဖို႔ေနရာ ကိုယ့္ျခံ၀န္းမွာ ေနၿပီး ေတာ့ လုပ္ကိုင္စားေသာက္မယ့္ အသက္ေမြးေၾကာင္း လုပ္ငန္းျပဳမယ့္ဟာလည္း က်ေနာ္တို႔ စီစဥ္ႏိုင္ ေအာင္လို႔ ေတာ့ က်ေနာ္တို႔ လုပ္ထားပါတယ္။ ဒါေပမယ့္ အဲဒီထက္ က်ယ္ျပန္႔ၿပီးေတာ့ လုပ္မယ္ဆိုရင္ ေတာ့ ခုနေျပာတဲ့ မိုင္းရွင္းလင္းေရး ဘာတို႔ တစ္ေခါက္ၿပီးစီစဥ္ရမယ့္ အပိုင္းေလးေတြ ရွိပါတယ္” ဟုေျပာသည္။
ေဒသခံမ်ားအေနျဖင့္ စစ္ေဘးေရွာင္စခန္းမ်ားတြင္ အခက္အခဲမ်ိဳးစံုၾကားက ၾကာရွည္စြာ ေနထိုင္ေနရသည့္ အတြက္ ယခုကဲ့သို႔ ေနရပ္ျပန္ရမည္ျဖစ္သည့္အတြက္ စိတ္လြတ္လပ္ေပါ့ပါးမႈႏွင့္အတူ ေပ်ာ္ရႊင္မႈကို လည္း ခံစားရသည္ဟု ဝိုင္းေမာ္ၿမိဳ႕နယ္ မိုင္းနား(RC) စစ္ေဘးေရွာင္စခန္းမွ ေဒၚဇနန္း က ေျပာသည္။
“က်မတို႔ရြာမွာ ျပန္လာေနၿပီဆိုေတာ့ စိတ္ေပ်ာ္တာေပါ့ ဟိုမိုင္းနားမွာေနေတာ့ က်မတို႔ ေတာကလူေတြ ေတာ့ ရွာစားလည္း မတတ္ဆိုေတာ့ ေတာမွာပဲ ေနခ်င္တာေပါ့ အခုျခံမွာေနလည္း ဒီမွာ လြတ္လြတ္လပ္ လပ္ မေနရ လို႔ မေပ်ာ္ဘူးေပါ့။ အခုအိမ္ျပန္မယ္ဆိုေတာ့ အခုေတာ့ စိတ္ေပ်ာ္သြားတယ္ေလ။ အိမ္မွာ ျပန္ လာေန ရၿပီဆို ေတာ့ အခုစိတ္ေပ်ာ္သြားလို႔ ဒီအတိုင္း ေနတာေပါ့။ က်မတို႔က ကုန္းမွာဟုတ္တယ္။ ဟိုတ ေလာက ၃၄ ဦးမွာ ပါတယ္။ အဲမွာပါၿပီးေတာ့ ဒီေန႔ ဒီမွာေတာ့ နာမည္လည္းထည့္စရာ မလိုေတာ့ဘူး။ ေကာင္စီရံုးမွာပဲ သြားတာ ဒီေန႔ ဒီမွာ နာမည္မထည့္ေတာ့ဘူး။”
ဒဘတ္ယာန္ေက်းရြာမွ စစ္ေဘးေရွာင္ စခန္းမ်ားသို႔ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္ ၂၀၂၁ ႏွစ္ဆန္းပိုင္း တြင္ ေနရပ္ျပန္ႏုိင္ေရး လုပ္ငန္းစဥ္မ်ား စတင္လုပ္ေဆာင္လ်ွက္ရွိရာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ႏိုဝင္ ဘာလ ၂၅ ရက္ေန႔တြင္ စတင္ႏုိင္မည္ဟု ကခ်င္ေဒသ စစ္ေဘးေရွာင္ ျပည္သူမ်ားအား ကူညီေစာင့္ေရွာက္ ေရး ေကာ္မတီ KHCC က ေျပာသည္။
KHCC မွ ဒုတိယ အတြင္းေရးမွဴး (၃) ဦးခါးလီ က “အားလံုး စီစစ္ၿပီးမယ္ မိုင္းလည္း ရွင္းလင္းၿပီးမယ္ ဆိုရင္ ေတာ့ ေဆာက္လုပ္ေရးလုပ္တာက က်ေနာ္တို႔ ဒီ ႏို၀င္ဘာ ၂၅ ရက္ေနာက္အက်ဆံုး ေဆာက္လုပ္ေရးေတြ ၀င္ႏိုင္မယ္။ အဲဒါၿပီးလို႔ရွိရင္ ေဆာက္လုပ္ေရးက ေဖေဖာ္ဝါရီမွာ ၿပီးမယ္လို႔ ခန္႔မွန္း ထားပါတယ္” ဟု ေျပာ သည္။
ေနာက္အက်ဆံုး ၂၀၂၁ ခုႏွစ္ မတ္လအတြင္း အၿပီးသတ္ ျပန္ပို႔ႏုိင္ေရး စီစဥ္ထားသည္ဟု ကခ်င္ေဒသ စစ္ေဘးေရွာင္ ျပည္သူမ်ားအား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ KHCC က ေျပာသည္။
အစိုးရ ဧရိယာထဲတြင္ရွိသည့္ စစ္ေဘးေရွာင္စခန္းမွ စစ္ေဘးေရွာင္ ျပည္သူမ်ား ေနရပ္ျပန္သကဲ့သို႔ ကခ်င္ လြတ္လပ္ေရး အဖြဲ႔ KIO ထိန္းခ်ဳပ္သည့္ ဧရိယာမွ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ရန္ အတြက္လည္း KHCC အေနျဖင့္ အစိုးရ၊ တပ္မေတာ္၊ KIO တို႔ႏွင့္ ညွိႏႈိင္းထားမႈမ်ားအရ သေဘာတူမႈမ်ားလည္း ရရွိ ထား သည္ဟု KHCC က ဆိုသည္။
ဦးခါးလီ က “ဒီလက္နက္ကိုင္ ပဋိပကၡျဖစ္ခဲ့တဲ့ သက္ဆိုင္ရာ တာ၀န္အရွိဆံုး အဖြဲ႔အစည္း မ်ားလည္း ညွိ ႏႈိင္းၿပီးသား ျဖစ္ တဲ့အတြက္ ညွိႏႈိင္းၿပီးသား ဆိုတာ ဒီေနရာမွာ ျပန္မယ္လို႔ က်ေနာ္တို႔ တင္ျပၿပီးသား ျဖစ္တဲ့ အတြက္ က်ေနာ္ တို႔ အတြက္ေတာ့ ဒါ အတိုင္းအတာ တစ္ခုမွာ လံုၿခံဳတယ္လို႔ က်ေနာ္တို႔ ခံယူလို႔ရပါတယ္။ ယူဆလို႔ရပါတယ္။ သက္ဆိုင္ရာ KIA/KIO အဖြဲ႔ကိုလည္း က်ေနာ္တို႔ ဒီ ၁၇ ရြာမွာ ျပန္မယ္လို႔ ေျပာတဲ့အ ပိုင္း သူတို႔လည္း သေဘာတူၿပီးသား ရြာျဖစ္တယ္။ သက္ဆိုင္ရာ အစိုးရ အဖြဲ႔ေတြလည္း တပ္ပိုင္းဆိုင္ရာ က အစ အကုန္လံုး ဒီေနရာမွာ ျပန္မယ္လို႔ အားလံုးသေဘာတူတဲ့ ေနရာျဖစ္တဲ့အတြက္ ဒါေတာ့ က်ေနာ္တို႔ အတိုင္း အတာ တစ္ခုမွာ လံုျခံဳတယ္ စိတ္ခ်ရတယ္လို႔ က်ေနာ္တို႔ ဆိုႏိုင္ပါတယ္ခင္ဗ်ာ” ဟု ေျပာသည္။
စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ရန္အတြက္ ႏို၀င္ဘာလ ၁၂ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ေျမစာရင္းဌာန ႏွင့္ လူ၀င္မႈႀကီးၾကပ္ေရးအဖြဲ႔မွ တာ၀န္ရွိသူမ်ားက ေက်းရြာအတြင္း ကြင္းဆင္းစစ္ေဆးမႈ မ်ားကို လုပ္ေဆာင္ေနသည္သာမက ေနရပ္ျပန္မည့္သူမ်ား၏ စာရင္းမ်ားကိုလည္း ေကာက္ယူ လ်က္ ရွိသည္။
ထို႔အျပင္ စစ္ေဘးေရွာင္မ်ား လံုၿခံဳစိတ္ခ်စြာ ေနရပ္ျပန္ႏိုင္ရန္အတြက္ မိုင္းရွင္းလင္းေရးကိုလည္း ေျမာက္ ပိုင္း စစ္ဌာနခ်ဳပ္မွ လုပ္ေဆာင္ ေပးသြားမည္ျဖစ္သည္ ဟု သိရသည္။
ကခ်င္ျပည္နယ္တြင္ ၂၀၁၁ ခုႏွစ္မွ စတင္ကာ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားလာခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕နယ္အသီးသီးမွ ျပည္သူမ်ားမွာ နီးစပ္ရာ ေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ကာ စစ္ေဘးေရွာင္စခန္းတြင္ စစ္ေဘးေရွာင္မ်ားအျဖစ္ ေနထိုင္ေနရ သည္မွာ ယေန႔ အခ်ိန္အထိျဖစ္သည္။