လုံခြုံရေး တပ်ဖွဲ့များ လုပ်ရပ်ကို သူရဲဘောကြောင်သည့် လုပ်ရပ်အဖြစ် သံရုံးများ ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက လက်နက်မဲ့ ပြည်သူများအပေါ် ရက်စက်စွာ အကြမ်ဖက်ခြင်း သည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့် မလျော်ညီကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ပြောဆိုလိုက်သည်။

မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နှင့် အခြားသောဒေသများတွင် လက်နက်မဲ့ အရပ် သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူ၍ ရက်စက် စွာအကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့်မလျော်ညီသည့်အပြင် ကာကွယ်ရန်အလွန် ခက်ခဲပါသည်” ဟု ထုတ်ပြန်ထားသည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရန်၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထား သည်ကို ရုတ်သိမ်းပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများပယ်ဖျက်‌ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာစစ်တပ်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးက ဆန္ဒထုတ်ဖော်မှုများ ကို အကြမ်းဖက်ဖြိုခွင်း နှိမ်နှင်းနေသော်လည်း ပြည်သူများက ရသည့်နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ကျ ရှုံးရေး ဆက်လက်ဆန္ဒထုတ်ဖော်နေကြရာ နေ့စဉ် သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများ ရှိနေသည်။

မွန်ပြည်နယ် ပေါင်မြို့တွင် ယမန်နေ့ ညက ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူရှိခဲ့သည်ဟု ဒေ သခံ တစ်ဦး က “မနေ့ည ၁၁ နာရီနောက်ပိုင်းမှာဖြစ်တာပါ။ ပေါင်မြို့ ရဲစခန်းနားမှာ ဆိုင်ကယ်နဲ့ လာတဲ့ လူ နှစ်ယောက်ကို ရဲကပစ်လိုက်တာပါ။ တစ်ယောက်သေတယ်။ ပွဲချင်းပြီး တစ်ယောက်သေတယ်။ တစ် ယောက်က ဒဏ်ရာ ရတယ်။ မော်လမြိုင်က စစ်ဆေးရုံကို ပို့ထားတယ်လို့ ပြောတယ်။ ကျနော်တို့ကတော့ လော လောဆယ် အဲ့ဒါပဲ သိသေးတယ်” ဟု ပြောသည်။

ထို့အပြင် ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း ဆန္ဒပြပြည်သူများကို ဖြိုခွင်းရာ ကျည်အစစ်များ သုံးပြီး ပစ်ခတ်ခဲ့သည့်အတွက် မတ်လ ၁၉ ရက်နေ့တွင် တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လွိုင်ကော် ဒေသခံတစ်ဦး က “မနေ့က စပြီး ကျည်အစစ်သုံးတယ်လို့ ပြောလို့ရတာပေါ့။ တစ်ယောက်သေ တယ်နော်။ တစ်ယောက်က ဒဏ်ရာရတယ်။ အခု ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးရုံမှာပဲ” ဟု ပြော သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မတ်လ ၁၉ ရက်နေ့အထိ ထုတ်ပြန် ထားသည့်စာရင်းအရ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သေဆုံးသူ လူဦးရေ စုစုပေါင်း (၂၃၅) ဦး ရှိခဲ့ပြီဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက် လုပ်ရပ် များကို အမြန်ဆုံးရပ်တန့်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံရုံးများ က ဆက်တိုက် တောင်း ဆိုထားကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ သတင်းအချက်အလက် လွတ်လပ်စွာ ရယူခွင့်တို့သည် နိုင်ငံသားများ၏ အခွင့် အရေးဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာ ကို နှိပ်ကွပ်ထားခြင်းတို့ကို လုပ်ဆောင်ထားသော်လည်း စစ်တပ်၏စက်ဆုပ်ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထား နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ သံရုံး များဖြစ်ကြသည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီ ဒင်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက မတ်လ ၁၉ ရက်နေ့က ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။

*** ZAWGYI ***
လုံၿခဳံေရး တပ္ဖြဲ႕မ်ား လုပ္ရပ္ကို သူရဲေဘာေၾကာင္သည့္ လုပ္ရပ္အျဖစ္ သံ႐ုံးမ်ား ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၀ ရက္။

အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႕မ်ားက လက္နက္မဲ့ ျပည္သူမ်ားအေပၚ ရက္စက္စြာ အၾကမ္ဖက္ျခင္း သည္ သူရဲေဘာေၾကာင္ၿပီး လူ႔က်င့္ဝတ္ႏွင့္ မေလ်ာ္ညီေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးမ်ားက ေျပာဆိုလိုက္သည္။

မတ္လ ၁၉ ရက္ေန႔က ထုတ္ျပန္သည့္ အဆိုပါထုတ္ျပန္ခ်က္ထဲတြင္ “ျမန္မာႏိုင္ငံအတြင္း လႈိင္သာယာၿမိဳ႕နယ္ႏွင့္ အျခားေသာေဒသမ်ားတြင္ လက္နက္မဲ့ အရပ္ သားမ်ားအေပၚ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ မၾကာခဏဆိုသလို အေမွာင္ထုကို အခြင့္ေကာင္းယူ၍ ရက္စက္ စြာအၾကမ္းဖက္ျခင္းသည္ သူရဲေဘာေၾကာင္ၿပီး လူ႔က်င့္ဝတ္ႏွင့္မေလ်ာ္ညီသည့္အျပင္ ကာကြယ္ရန္အလြန္ ခက္ခဲပါသည္” ဟု ထုတ္ျပန္ထားသည္။

ျမန္မာျပည္သူမ်ားအေပၚ အၾကမ္းဖက္လုပ္ရပ္အားလုံးရပ္တန႔္ရန္၊ ဖမ္းဆီးထားသူအားလုံးျပန္လႊတ္ေပးရန္၊ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ႏွင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ ႏိုင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာထား သည္ကို ႐ုတ္သိမ္းေပးရန္၊ ဆက္သြယ္ေရးကန႔္သတ္ထားမႈမ်ားပယ္ဖ်က္‌ေပးရန္ႏွင့္ ဒီမိုကေရစီနည္းက် ေ႐ြး ေကာက္တင္ေျမႇာက္ထားေသာအစိုးရကို အာဏာျပန္လည္ေပးအပ္ရန္ ျမန္မာစစ္တပ္ကို ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးမ်ားက လက္မွတ္ေရးထိုး ေတာင္းဆိုထားသည္။

အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက ျမန္မာႏိုင္ငံ၏ ေနရာေဒသအသီးသီးက ဆႏၵထုတ္ေဖာ္မႈမ်ား ကို အၾကမ္းဖက္ၿဖိဳခြင္း ႏွိမ္ႏွင္းေနေသာ္လည္း ျပည္သူမ်ားက ရသည့္နည္းလမ္းမ်ိဳးစုံျဖင့္ စစ္အာဏာရွင္က် ရႈံးေရး ဆက္လက္ဆႏၵထုတ္ေဖာ္ေနၾကရာ ေန႔စဥ္ ေသဆုံးမႈမ်ား၊ ဖမ္းဆီးခံရမႈမ်ား ရွိေနသည္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕တြင္ ယမန္ေန႔ ညက ရဲတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူရွိခဲ့သည္ဟု ေဒ သခံ တစ္ဦး က “မေန႔ည ၁၁ နာရီေနာက္ပိုင္းမွာျဖစ္တာပါ။ ေပါင္ၿမိဳ႕ ရဲစခန္းနားမွာ ဆိုင္ကယ္နဲ႔ လာတဲ့ လူ ႏွစ္ေယာက္ကို ရဲကပစ္လိုက္တာပါ။ တစ္ေယာက္ေသတယ္။ ပြဲခ်င္းၿပီး တစ္ေယာက္ေသတယ္။ တစ္ ေယာက္က ဒဏ္ရာ ရတယ္။ ေမာ္လၿမိဳင္က စစ္ေဆး႐ုံကို ပို႔ထားတယ္လို႔ ေျပာတယ္။ က်ေနာ္တို႔ကေတာ့ ေလာ ေလာဆယ္ အဲ့ဒါပဲ သိေသးတယ္” ဟု ေျပာသည္။

ထို႔အျပင္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္လည္း ဆႏၵျပျပည္သူမ်ားကို ၿဖိဳခြင္းရာ က်ည္အစစ္မ်ား သုံးၿပီး ပစ္ခတ္ခဲ့သည့္အတြက္ မတ္လ ၁၉ ရက္ေန႔တြင္ တစ္ေယာက္ေသ၊ တစ္ေယာက္ ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

လြိဳင္ေကာ္ ေဒသခံတစ္ဦး က “မေန႔က စၿပီး က်ည္အစစ္သုံးတယ္လို႔ ေျပာလို႔ရတာေပါ့။ တစ္ေယာက္ေသ တယ္ေနာ္။ တစ္ေယာက္က ဒဏ္ရာရတယ္။ အခု ဒဏ္ရာရတဲ့ အမ်ိဳးသမီးကေတာ့ ေဆး႐ုံမွာပဲ” ဟု ေျပာ သည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)၏ မတ္လ ၁၉ ရက္ေန႔အထိ ထုတ္ျပန္ ထားသည့္စာရင္းအရ ျမန္မာႏိုင္ငံအတြင္း စစ္အာဏာရွင္ေတာ္လွန္ေရး (ေႏြဦးေတာ္လွန္ေရး) ကာလအတြင္း ေသဆုံးသူ လူဦးေရ စုစုေပါင္း (၂၃၅) ဦး ရွိခဲ့ၿပီျဖစ္သည္။

အာဏာသိမ္းစစ္ေကာင္စီ တပ္ဖြဲ႕မ်ားအေနျဖင့္ ျပည္သူမ်ားအေပၚ က်ဴးလြန္ေနသည့္ အၾကမ္းဖက္ လုပ္ရပ္ မ်ားကို အျမန္ဆုံးရပ္တန႔္ရန္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံတကာ သံ႐ုံးမ်ား က ဆက္တိုက္ ေတာင္း ဆိုထားၾကသည္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပခြင့္၊ သတင္းအခ်က္အလက္ လြတ္လပ္စြာ ရယူခြင့္တို႔သည္ ႏိုင္ငံသားမ်ား၏ အခြင့္ အေရးျဖစ္ေၾကာင္း၊ အာဏာသိမ္းစစ္ေကာင္စီအေနျဖင့္ အင္တာနက္ျဖတ္ေတာက္ထားျခင္းႏွင့္ မီဒီယာ ကို ႏွိပ္ကြပ္ထားျခင္းတို႔ကို လုပ္ေဆာင္ထားေသာ္လည္း စစ္တပ္၏စက္ဆုပ္ဖြယ္ရာလုပ္ရပ္တို႔ကို ဖုံးကြယ္ထား ႏိုင္မည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာဥေရာပသမဂၢသံ႐ုံးႏွင့္ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သံ႐ုံး မ်ားျဖစ္ၾကသည့္ ဒိန္းမတ္၊ ခ်က္သမၼတႏိုင္ငံ၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္၊ စပိန္ႏွင့္ ဆြီ ဒင္ႏိုင္ငံ၊ ယူႏိုက္တက္ကင္းဒမ္းႏွင့္ အေမရိကန္ႏိုင္ငံတို႔မွ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးမ်ားက မတ္လ ၁၉ ရက္ေန႔က ပူးေပါင္းလက္မွတ္ေရးထိုးထုတ္ျပန္ပါသည္။