ဖမ်းဆီးခံ သတင်းသမား ၄၁ ဦးရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက်။

အလုပ်တာဝန်ထမ်းဆောင်နေသည့် သတင်းထောက် ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးသွားသည့်အတွက် ယနေ့အချိန်ထိ ဖမ်းဆီးခံရသူ သတင်းထောက် ၄၁ ဦး ရှိပြီ ဖြစ်သည် ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် စာရင်းများအရ သိရသည်။

BBC မြန်မာပိုင်းဌာန၏ နေပြည်တော် သတင်းထောက် ကိုအောင်သူရ နှင့် ထုတ်ဝေခွင့်ရပ်ဆိုင်းခံထားသည့် Mizzima သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်အောင်တို့ကို နေပြည်တော်၊ ဒက္ခိဏ သီရိခရိုင်တရားရုံး တွင် NLD နာယကအဖွဲ့ဝင် ဦးဝင်းထိန် ရုံးထုတ်ရာ သတင်းယူနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု BBC ၏ သတင်းဌာနတွင် ဖော်ပြထားသည်။

မျက်မြင်သက်သေတစ်ဦး က “တရားရုံးရှေ့ကနေ ဖမ်းသွားတာပါ။ အရပ်ဝတ်နဲ့လူတွေက ခေါ်သွားတာတော့ တွေ့လိုက်တယ်” ဟု ပြောသည်။

ယခုခါ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထား ရသည့် သတင်းထောက် ၄၁ ဦး ရှိပြီ ဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ က အလွတ်တန်း သတင်းထောက် တစ်ဦး ကိုလည်း မတ်လ ၁၉ ရက်နေ့က သတင်း ဓါတ်ပုံ ရိုက်နေစဉ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဗန်းမော်ဒေသခံ တစ်ဦး က “သူဓါတ်ပုံရိုက်နေတဲ့ နေရာမှာ ရဲတွေက ခေါ်သွားတာပဲ သိသေးတယ်။ မနေ့က ဖမ်း သွားတယ်။ အခုချိန်ထိတော့ မိသားစုဝင်တွေနဲ့ ဘာမှ အဆက်အသွယ်မရသေးဘူးတဲ့။ ဘယ်မှာ ဖမ်းထားလဲ ဘာ လဲဆိုတာလည်း မသိရသေးဘူး။ ဖမ်းသွားတယ် ဆိုတာပဲ သိရသေးတယ်” ဟု ပြောသည်။

ဗန်းမော်မြို့က ဖမ်းဆီးခံထားရသူ အလွတ်သတင်းထောက် ဘဘဂျိုးဖြူ ကိုလည်း ယနေ့အချိန်ထိ မည်သည့် နေ ရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဘူး ဆိုသည်။

ထို့အတူ ယမန်နေ့က ဖမ်းဆီးခံရသည့် နေပြည်တော်က ကိုအောင်သူရနှင့် ကိုသန်းထိုက်အောင်တို့ကို မည်သည့် နေရာတွင် ဖမ်းဆီးထိန်း သိမ်းထားသည်ကို မသိရသေးဘူးဟုလည်း BBC မြန်မာပိုင်း သတင်းဌာနတွင် ဖော်ပြ ထားသည်။

အလားတူ မြိတ်မြို့ တွင် မတ်လ ၁ ရက်နေ့က DVB သတင်းထောက် ကိုအောင်ကျော် ဖမ်းဆီးခံရသည်မှာ ရက် ပေါင်း ၂၀ ကြာရှိပြီဖြစ် သော်လည်း ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးသည့်အတွက် ၎င်း၏ အခြေအနေများသိရှိနိုင် ရေးအတွက် တွေ့ခွင့်ပေးဖို့ တောင်းဆိုနေကြသည်။

မြန်မာနိုင်ငံသားများ၏အခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်နှင့် သတင်းအချက်အလက် လွတ်လပ်စွာ ရ ယူနိုင်ခွင့်တို့ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများက ထောက်ခံ အားပေးကြောင်း၊ အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကိုနှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်၏စက်ဆုပ် ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်း မတ်လ ၁၉ ရက်နေ့ က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများ ဖြစ်ကြသည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ် ရေး ထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းထောက်များထဲတွင် အမျိုးသမီး သတင်းထောက် ၅ ဦး နှင့် ကျန် ၃၆ ဦးမှာ အမျိုးသား သတင်းထောက်များ ဖြစ်ကြသည်။

၎င်းတို့အထဲတွင် ပြည်လည်လွတ်မြောက်လာသူ ၂၂ ဦး၊ တရားစွဲခံထားရသူ ၁၁ ဦး ရှိပြီဖြစ်ပြီး လက်ရှိ ထိန်း သိမ်းခံထားရသူမှာ ၁၉ ဦး ရှိသည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းမီဒီယာဌာန ၅ ခု၊ တရားစွဲခံထားရသည့် သတင်းဌာန ၁ ခု ရှိပြီဖြစ်သည်။

*** ZAWGYI ***
ဖမ္းဆီးခံ သတင္းသမား ၄၁ ဦးရွိၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၀ ရက္။

အလုပ္တာဝန္ထမ္းေဆာင္ေနသည့္ သတင္းေထာက္ ၂ ဦးကို အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႕မ်ားက မတ္လ ၁၉ ရက္ေန႔က ဖမ္းဆီးသြားသည့္အတြက္ ယေန႔အခ်ိန္ထိ ဖမ္းဆီးခံရသူ သတင္းေထာက္ ၄၁ ဦး ရွိၿပီ ျဖစ္သည္ ဟု ျပည္တြင္းအေျခဆိုက္ သတင္းေထာက္မ်ားက ျပဳစုထားသည့္ စာရင္းမ်ားအရ သိရသည္။

BBC ျမန္မာပိုင္းဌာန၏ ေနျပည္ေတာ္ သတင္းေထာက္ ကိုေအာင္သူရ ႏွင့္ ထုတ္ေဝခြင့္ရပ္ဆိုင္းခံထားသည့္ Mizzima သတင္းဌာနက သတင္းေထာက္ ကိုသန္းထိုက္ေအာင္တို႔ကို ေနျပည္ေတာ္၊ ဒကၡိဏ သီရိခ႐ိုင္တရား႐ုံး တြင္ NLD နာယကအဖြဲ႕ဝင္ ဦးဝင္းထိန္ ႐ုံးထုတ္ရာ သတင္းယူေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု BBC ၏ သတင္းဌာနတြင္ ေဖာ္ျပထားသည္။

မ်က္ျမင္သက္ေသတစ္ဦး က “တရား႐ုံးေရွ႕ကေန ဖမ္းသြားတာပါ။ အရပ္ဝတ္နဲ႔လူေတြက ေခၚသြားတာေတာ့ ေတြ႕လိုက္တယ္” ဟု ေျပာသည္။

ယခုခါ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ၂၀ ရက္ေန႔အထိ ဖမ္းဆီးထိန္းသိမ္းခံထား ရသည့္ သတင္းေထာက္ ၄၁ ဦး ရွိၿပီ ျဖစ္သည္။

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕ က အလြတ္တန္း သတင္းေထာက္ တစ္ဦး ကိုလည္း မတ္လ ၁၉ ရက္ေန႔က သတင္း ဓါတ္ပုံ ႐ိုက္ေနစဥ္ ဖမ္းဆီးေခၚေဆာင္သြားသည္ဟု သိရသည္။

ဗန္းေမာ္ေဒသခံ တစ္ဦး က “သူဓါတ္ပုံ႐ိုက္ေနတဲ့ ေနရာမွာ ရဲေတြက ေခၚသြားတာပဲ သိေသးတယ္။ မေန႔က ဖမ္း သြားတယ္။ အခုခ်ိန္ထိေတာ့ မိသားစုဝင္ေတြနဲ႔ ဘာမွ အဆက္အသြယ္မရေသးဘူးတဲ့။ ဘယ္မွာ ဖမ္းထားလဲ ဘာ လဲဆိုတာလည္း မသိရေသးဘူး။ ဖမ္းသြားတယ္ ဆိုတာပဲ သိရေသးတယ္” ဟု ေျပာသည္။

ဗန္းေမာ္ၿမိဳ႕က ဖမ္းဆီးခံထားရသူ အလြတ္သတင္းေထာက္ ဘဘဂ်ိဳးျဖဴ ကိုလည္း ယေန႔အခ်ိန္ထိ မည္သည့္ ေန ရာတြင္ ဖမ္းဆီးထိန္းသိမ္းထားသည္ကို မသိရေသးဘူး ဆိုသည္။

ထို႔အတူ ယမန္ေန႔က ဖမ္းဆီးခံရသည့္ ေနျပည္ေတာ္က ကိုေအာင္သူရႏွင့္ ကိုသန္းထိုက္ေအာင္တို႔ကို မည္သည့္ ေနရာတြင္ ဖမ္းဆီးထိန္း သိမ္းထားသည္ကို မသိရေသးဘူးဟုလည္း BBC ျမန္မာပိုင္း သတင္းဌာနတြင္ ေဖာ္ျပ ထားသည္။

အလားတူ ၿမိတ္ၿမိဳ႕ တြင္ မတ္လ ၁ ရက္ေန႔က DVB သတင္းေထာက္ ကိုေအာင္ေက်ာ္ ဖမ္းဆီးခံရသည္မွာ ရက္ ေပါင္း ၂၀ ၾကာရွိၿပီျဖစ္ ေသာ္လည္း ယေန႔အခ်ိန္ထိ မိသားစုဝင္မ်ားႏွင့္ ေတြ႕ခြင့္မရေသးသည့္အတြက္ ၎၏ အေျခအေနမ်ားသိရွိႏိုင္ ေရးအတြက္ ေတြ႕ခြင့္ေပးဖို႔ ေတာင္းဆိုေနၾကသည္။

ျမန္မာႏိုင္ငံသားမ်ား၏အခြင့္အေရးျဖစ္သည့္ ၿငိမ္းခ်မ္းစြာဆႏၵျပခြင့္ႏွင့္ သတင္းအခ်က္အလက္ လြတ္လပ္စြာ ရ ယူႏိုင္ခြင့္တို႔ကို ျမန္မာႏိုင္ငံဆိုင္ရာဥေရာပသမဂၢသံ႐ုံးႏွင့္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သံ႐ုံးမ်ားက ေထာက္ခံ အားေပးေၾကာင္း၊ အင္တာနက္ျဖတ္ေတာက္ထားျခင္းႏွင့္ မီဒီယာကိုႏွိပ္ကြပ္ထားျခင္းျဖင့္ စစ္တပ္၏စက္ဆုပ္ ဖြယ္ရာလုပ္ရပ္တို႔ကို ဖုံးကြယ္ထားႏိုင္မည္မဟုတ္ေၾကာင္း မတ္လ ၁၉ ရက္ေန႔ က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ထားသည္။

အဆိုပါေၾကညာခ်က္ကို ျမန္မာႏိုင္ငံဆိုင္ရာဥေရာပသမဂၢသံ႐ုံးႏွင့္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သံ႐ုံးမ်ား ျဖစ္ၾကသည့္ ဒိန္းမတ္၊ ခ်က္သမၼတႏိုင္ငံ၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္၊ စပိန္ႏွင့္ ဆြီဒင္ႏိုင္ငံ၊ ယူႏိုက္တက္ကင္းဒမ္းႏွင့္ အေမရိကန္ႏိုင္ငံတို႔မွ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးမ်ားက ပူးေပါင္းလက္မွတ္ ေရး ထိုးထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးထားသည့္ သတင္းေထာက္မ်ားထဲတြင္ အမ်ိဳးသမီး သတင္းေထာက္ ၅ ဦး ႏွင့္ က်န္ ၃၆ ဦးမွာ အမ်ိဳးသား သတင္းေထာက္မ်ား ျဖစ္ၾကသည္။

၎တို႔အထဲတြင္ ျပည္လည္လြတ္ေျမာက္လာသူ ၂၂ ဦး၊ တရားစြဲခံထားရသူ ၁၁ ဦး ရွိၿပီျဖစ္ၿပီး လက္ရွိ ထိန္း သိမ္းခံထားရသူမွာ ၁၉ ဦး ရွိသည္ဟု သိရသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ လိုင္စင္ပိတ္သိမ္းခံရသည့္ သတင္းမီဒီယာဌာန ၅ ခု၊ တရားစြဲခံထားရသည့္ သတင္းဌာန ၁ ခု ရွိၿပီျဖစ္သည္။