ယာဉ်ထိန်းရုံး ဗုံးကွဲပြီးနောက် လူငယ် ၆ ဦးဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ ယာဉ်ထိန်းရဲရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီးနောက် လူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက အမှတ် ၄ ရပ်ကွက် ဘုရားလမ်း CB ဘဏ်ရှေ့ရှိ ယာဉ်ထိန်းရဲရုံး အတွင်းမှ ပေါက်ကွဲသံ ကြားရပြီးနောက် မီးခိုးလုံးများ ထွက်လာကြောင်း၊ ထိုသို့ပေါက်ကွဲပြီး မကြာမီတွင် စစ်တပ်က ရောက်ရှိလာပြီး လမ်းသွားလမ်းများကို စစ်ဆေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အချို့ က ပြောသည်။

မြို့ခံတစ်ဦးက “ဘယ်သူ မရှိချိန်ပေါက်ကွဲ့တာမို့ လူထိခိုက်တာမရှိဘူး။ CB ဘဏ်က အမျိုးသမီး တစ်ယောက် တော့ ရှော့ဖြစ်သွားလို့ ဆေးရုံ ပို့လိုက်ကြတယ်။ လူငယ် ၆ ဦးတော့ ဖမ်းသွားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းတွင်း၌ ထွေအုပ်ရုံး၊ မီတာရုံး၊ ရဲစခန်း၊ စိုက်ပျိုးရေးရုံး၊ MyTel တာဝါတိုင် နှင့် စစ်တပ်ယာယီ ကင်း စခန်း တို့ကို PDF များ၏ ဗုံးခွဲတိုက်ခိုက်မှုရှိခဲ့ပြီး ယခုယာဉ်ထိန်းရဲရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဤပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (မအူပင်) က အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်ဒုတ်များမှ ပြည်သူအများ၏ ယာဉ်အမျိုးမျိုးကို ပုဒ်မမျိုးစုံတပ် မတရား ဖမ်းဆီးငွေတောင်း နေသောကြောင့် ၎င်းတို့၏ လက်ရုန်းတပ်ဖွဲ့ဖြစ် သည့် ရေဝတီသမန်းကျား ပြောက်ကျားတပ်ဖွဲ့က ပဏာမပစ်မှတ်ထား တိုက်ခိုက်ကြောင်း ကြေငြာချက် ထုတ် ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်မှ စတင်၍ မအူပင်မြို့ ဝင်/ထွက် ဂိတ်၊ မြို့တွင်း လမ်းမလမ်းဆုံများတွင် စက်ဘီး စီးလာသူ အပါအဝင် ယာဉ်အမျိုးမျိုးကို အကြောင်းမျိုးစုံပြ၍ ဒဏ်ကြေးဟုဆိုကာ ငွေသုံးသောင်းကျပ်မှ ကျပ် သုံးသိန်းအထိ တောင်းနေခဲ့ကြောင်း မြို့ခံအများစုက ပြောသည်။

*** ZAWGYI ***
ယာဥ္ထိန္း႐ုံး ဗုံးကြဲၿပီးေနာက္ လူငယ္ ၆ ဦးဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၈ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕ ယာဥ္ထိန္းရဲ႐ုံးတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြား ခဲ့ၿပီးေနာက္ လူငယ္ ၆ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၇ ရက္ေန႔ ညေနပိုင္းက အမွတ္ ၄ ရပ္ကြက္ ဘုရားလမ္း CB ဘဏ္ေရွ႕ရွိ ယာဥ္ထိန္းရဲ႐ုံး အတြင္းမွ ေပါက္ကြဲသံ ၾကားရၿပီးေနာက္ မီးခိုးလုံးမ်ား ထြက္လာေၾကာင္း၊ ထိုသို႔ေပါက္ကြဲၿပီး မၾကာမီတြင္ စစ္တပ္က ေရာက္ရွိလာၿပီး လမ္းသြားလမ္းမ်ားကို စစ္ေဆးခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူ အခ်ိဳ႕ က ေျပာသည္။

ၿမိဳ႕ခံတစ္ဦးက “ဘယ္သူ မရွိခ်ိန္ေပါက္ကြဲ႕တာမို႔ လူထိခိုက္တာမရွိဘူး။ CB ဘဏ္က အမ်ိဳးသမီး တစ္ေယာက္ ေတာ့ ေရွာ့ျဖစ္သြားလို႔ ေဆး႐ုံ ပို႔လိုက္ၾကတယ္။ လူငယ္ ၆ ဦးေတာ့ ဖမ္းသြားတယ္” ဟု ေျပာသည္။

ဧရာဝတီတိုင္းတြင္း၌ ေထြအုပ္႐ုံး၊ မီတာ႐ုံး၊ ရဲစခန္း၊ စိုက္ပ်ိဳးေရး႐ုံး၊ MyTel တာဝါတိုင္ ႏွင့္ စစ္တပ္ယာယီ ကင္း စခန္း တို႔ကို PDF မ်ား၏ ဗုံးခြဲတိုက္ခိုက္မႈရွိခဲ့ၿပီး ယခုယာဥ္ထိန္းရဲ႐ုံးကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ဤေပါက္ကြဲမႈႏွင့္ ပတ္သက္၍ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ (မအူပင္) က အၾကမ္းဖက္ စစ္ေကာင္စီ၏ လက္ကိုင္ဒုတ္မ်ားမွ ျပည္သူအမ်ား၏ ယာဥ္အမ်ိဳးမ်ိဳးကို ပုဒ္မမ်ိဳးစုံတပ္ မတရား ဖမ္းဆီးေငြေတာင္း ေနေသာေၾကာင့္ ၎တို႔၏ လက္႐ုန္းတပ္ဖြဲ႕ျဖစ္ သည့္ ေရဝတီသမန္းက်ား ေျပာက္က်ားတပ္ဖြဲ႕က ပဏာမပစ္မွတ္ထား တိုက္ခိုက္ေၾကာင္း ေၾကျငာခ်က္ ထုတ္ ျပန္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလကုန္မွ စတင္၍ မအူပင္ၿမိဳ႕ ဝင္/ထြက္ ဂိတ္၊ ၿမိဳ႕တြင္း လမ္းမလမ္းဆုံမ်ားတြင္ စက္ဘီး စီးလာသူ အပါအဝင္ ယာဥ္အမ်ိဳးမ်ိဳးကို အေၾကာင္းမ်ိဳးစုံျပ၍ ဒဏ္ေၾကးဟုဆိုကာ ေငြသုံးေသာင္းက်ပ္မွ က်ပ္ သုံးသိန္းအထိ ေတာင္းေနခဲ့ေၾကာင္း ၿမိဳ႕ခံအမ်ားစုက ေျပာသည္။