ကျိုက်ထီးရိုးနှင့် ကျိုက္ခမီ ဘုရားပွဲတော်များ ယခုနှစ်တွင် ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
မွန်ပြည်နယ်အတွင်း ကျိုက်ထီးရိုးနှင့် ကျိုက္ခမီဘုရားပွဲတော်များကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ကျင်းပသွားမည်ဖြစ်သည်ဟု ဘုရားဂေါပက အဖွဲ့တာဝန်ရှိသူများက ပြောသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ယမန်နှစ်က အထင်ကရ ကျိုက်ထီးရိုးဘုရားပွဲတော် နှင့် ကျိုက္ခမီရေလယ် ဘုရားပွဲတော်တို့ကို ကျင်းပခဲ့ခြင်း မရှိသော်လည်း ယခုနှစ်မှာတွင် ကျင်းပသွားရန် ရှိသည်ဟု ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။
“ကိုဗစ်ကြောင့် မနှစ်က ကျိုက်ထီးရိုးဘုရားပွဲတော် မကျင်းပနိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ ကိုဗစ် စည်းကမ်း သတ် မှတ်ချက်တွေနဲ့အညီပေါ့ ဘုရားပွဲတော်ကို ကျင်းပနေကြဖြစ်တဲ့ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပသွားဖို့ စီ စဥ် ဆောင်ရွက်ထားပါတယ်။ ဆိုင်ခန်း ဟိုတယ် တည်းခိုခန်းတွေကိုလည်း ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဖွင့်လှစ် ဖို့ လုပ်ထားပါတယ်” ဟု ကျိုက်ထီးရိုး ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦး က ပြောသည်။
ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် သီတင်း ကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။
ယမန်နှစ်က ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျိုက်ထီးဘုရားပွဲတော်ကို ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့သည့် အပြင် ဘုရားဖူးများကိုလည်း ကန့်သတ်ချက်ဖြင့်သာ ခွင့်ပြုခဲ့သည်။
ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ နှစ်စဥ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သိန်းနှင့်ချီ လာရောက်လေ့ရှိပြီး အထူးသဖြင့် ဘုရားပွဲတော်စသည့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးသူ သောင်းနှင့်ချီ လာရောက်လေ့ ရှိ သည်ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ကျိုက်ထီးရိုးဘုရားကဲ့သို့ ပြည်တွင်းပြည်ပ ဘုရားဖူးများလာရောက်လေ့ရှိသည့် သံဖြူဇရပ်မြို့နယ် အတွင်းက ကျိုက္ခမီရေလယ် ဘုရားပွဲကိုတော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ယမန်နှစ်က ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ ပေ။
သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ လပြည့်ကျော် ၅ ရက်နေ့အထိ စည်ကားစွာ ကျင်းပလေ့ရှိသည့် ကျိုက္ခမီ ရေ လယ်ဘုရားပွဲတော်ကို ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲမပါပဲ ကျင်းပသွားမည်ဟု ကျိုက်ခမီဘုရားဂေါပကအဖွဲ့ရုံးက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဘုရားပွဲကတော့ ရှိမယ်။ ပျော်ပွဲရွှင်ပွဲတွေတော့ မရှိဘူး။ ဘုရားဖူးလာသူတွေကိုလည်း ကန့်သတ်ထားတာ မရှိ ပါဘူး” ဟု ဘုရားဂေါပကအဖွဲ့ရုံး တာဝန်ရှိသူ က ပြောသည်။
မွန်ပြည်နယ်တွင် နှစ်စဥ်နှစ်တိုင်း သီတင်းကျွတ်ကာလတွင် အထင်ကရ ဘုရားပွဲတော်များ ကျင်းပလေ့ရှိသည့် အပြင် ရပ်ကွက်အလိုက် ဘုရားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပလေ့ရှိခဲ့ရ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပွဲတော်ကျင်းပခြင်းတို့ကို ရပ်နားထားခဲ့ရသည်။
*** ZAWGYI ***
က်ိဳက္ထီး႐ိုးႏွင့္ က်ိဳကၡမီ ဘုရားပြဲေတာ္မ်ား ယခုႏွစ္တြင္ ကိုဗစ္ စည္းကမ္းခ်က္မ်ားႏွင့္အညီ က်င္းပမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။
မြန္ျပည္နယ္အတြင္း က်ိဳက္ထီး႐ိုးႏွင့္ က်ိဳကၡမီဘုရားပြဲေတာ္မ်ားကို ကိုဗစ္-၁၉ စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္ အညီ က်င္းပသြားမည္ျဖစ္သည္ဟု ဘုရားေဂါပက အဖြဲ႕တာဝန္ရွိသူမ်ားက ေျပာသည္။
ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ ယမန္ႏွစ္က အထင္ကရ က်ိဳက္ထီး႐ိုးဘုရားပြဲေတာ္ ႏွင့္ က်ိဳကၡမီေရလယ္ ဘုရားပြဲေတာ္တို႔ကို က်င္းပခဲ့ျခင္း မရွိေသာ္လည္း ယခုႏွစ္မွာတြင္ က်င္းပသြားရန္ ရွိသည္ဟု ဘုရား ေဂါပက အဖြဲ႕ထံမွ သိရသည္။
“ကိုဗစ္ေၾကာင့္ မႏွစ္က က်ိဳက္ထီး႐ိုးဘုရားပြဲေတာ္ မက်င္းပႏိုင္ခဲ့ဘူး။ ဒီႏွစ္မွာေတာ့ ကိုဗစ္ စည္းကမ္း သတ္ မွတ္ခ်က္ေတြနဲ႔အညီေပါ့ ဘုရားပြဲေတာ္ကို က်င္းပေနၾကျဖစ္တဲ့ သီတင္းကြၽတ္ လျပည့္ေန႔မွာ က်င္းပသြားဖို႔ စီ စဥ္ ေဆာင္႐ြက္ထားပါတယ္။ ဆိုင္ခန္း ဟိုတယ္ တည္းခိုခန္းေတြကိုလည္း ကိုဗစ္စည္းကမ္းခ်က္နဲ႔အညီ ဖြင့္လွစ္ ဖို႔ လုပ္ထားပါတယ္” ဟု က်ိဳက္ထီး႐ိုး ဘုရားေဂါပက အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။
က်ိဳက္ထိုၿမိဳ႕ရွိ သမိုင္းဝင္ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးဘုရားပြဲေတာ္ကို ႏွစ္စဥ္ႏွစ္တိုင္း က်င္းပေလ့ရွိသည့္ သီတင္း ကြၽတ္လျပည့္ေန႔တြင္ စတင္က်င္းပသြားမည္ ျဖစ္သည္။
ယမန္ႏွစ္က ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ က်ိဳက္ထီးဘုရားပြဲေတာ္ကို က်င္းပႏိုင္ခဲ့ျခင္း မရွိခဲ့သည့္ အျပင္ ဘုရားဖူးမ်ားကိုလည္း ကန႔္သတ္ခ်က္ျဖင့္သာ ခြင့္ျပဳခဲ့သည္။
ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးဘုရားသို႔ ႏွစ္စဥ္ ျပည္တြင္းျပည္ပ ဘုရားဖူးဧည့္သည္ သိန္းႏွင့္ခ်ီ လာေရာက္ေလ့ရွိၿပီး အထူးသျဖင့္ ဘုရားပြဲေတာ္စသည့္ သီတင္းကြၽတ္လျပည့္ေန႔တြင္ ဘုရားဖူးသူ ေသာင္းႏွင့္ခ်ီ လာေရာက္ေလ့ ရွိ သည္ဟု ေဂါပကအဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာသည္။
က်ိဳက္ထီး႐ိုးဘုရားကဲ့သို႔ ျပည္တြင္းျပည္ပ ဘုရားဖူးမ်ားလာေရာက္ေလ့ရွိသည့္ သံျဖဴဇရပ္ၿမိဳ႕နယ္ အတြင္းက က်ိဳကၡမီေရလယ္ ဘုရားပြဲကိုေတာ္လည္း ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ ယမန္ႏွစ္က က်င္းပႏိုင္ခဲ့ျခင္း မရွိခဲ့ ေပ။
သီတင္းကြၽတ္လဆန္း ၉ ရက္ေန႔မွ လျပည့္ေက်ာ္ ၅ ရက္ေန႔အထိ စည္ကားစြာ က်င္းပေလ့ရွိသည့္ က်ိဳကၡမီ ေရ လယ္ဘုရားပြဲေတာ္ကို ယခုႏွစ္တြင္ ေပ်ာ္ပြဲ႐ႊင္ပြဲမပါပဲ က်င္းပသြားမည္ဟု က်ိဳက္ခမီဘုရားေဂါပကအဖြဲ႕႐ုံးက တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
“ဘုရားပြဲကေတာ့ ရွိမယ္။ ေပ်ာ္ပြဲ႐ႊင္ပြဲေတြေတာ့ မရွိဘူး။ ဘုရားဖူးလာသူေတြကိုလည္း ကန႔္သတ္ထားတာ မရွိ ပါဘူး” ဟု ဘုရားေဂါပကအဖြဲ႕႐ုံး တာဝန္ရွိသူ က ေျပာသည္။
မြန္ျပည္နယ္တြင္ ႏွစ္စဥ္ႏွစ္တိုင္း သီတင္းကြၽတ္ကာလတြင္ အထင္ကရ ဘုရားပြဲေတာ္မ်ား က်င္းပေလ့ရွိသည့္ အျပင္ ရပ္ကြက္အလိုက္ ဘုရားပြဲမ်ားႏွင့္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားလည္း က်င္းပေလ့ရွိခဲ့ရ ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္မွ စတင္၍ ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ ပြဲေတာ္က်င္းပျခင္းတို႔ကို ရပ္နားထားခဲ့ရသည္။