သတင်းပေးဆိုသူ၏ ကွမ်းယာဆိုင်တွင် ပေါက်ကွဲမှု ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
လှိုင်မြို့နယ်အတွင် စစ်ကောင်စီ သတင်းပေးဆိုသူ၏ ကွမ်းယာဆိုင်တွင် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
စစ်ကောင်စီ သတင်းပေးဆိုသူ၏ ကွမ်းယာဆိုင်တွင် အောက် တိုဘာ ၁၈ ရက်နေ့၊ နံနက် ၇နာရီခွဲ အချိန်ခန့် က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများ က ပြောသည်။
လှိုင်မြို့နယ်၊ ၇ ရပ်ကွက်၊ သရက်မြိုင် ဓမ္မာရုံရှေ့ရှိ အဆိုပါ ကွမ်းယာဆိုင် ပိုင်ရှင်လင်မယားမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပါတီဝင်များဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးသဖြင့် ရပ်ကွက်အတွင်း နေထိုင်သူများ ဖမ်းဆီးခံရမှုများရှိနေသည်ဟု ရပ်ကွက် အတွင်း နေထိုင်သူတစ်ဦး က ပြောသည်။
“ကျနော်ထင်တာတော့ သတိပေးရုံလောက်ပဲ လုပ်တယ်ထင်တယ်။ မနက်အစောကြီး ဆိုင်ဖွင့်တဲ့အချိန်ဖြစ်တာ။ အခုတော့သွားတိုင်မယ် ဆိုပြီးထွက်သွားတာပဲ” ဟု ၇ ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် အရပ်ဝတ်ဖြင့် စစ်ကောင်စီအဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့သော်လည်း ဖမ်းဆီးခံရသူ များ မရှိကြောင်း၊ ပေါက်ကွဲမှုကြောင့်လည်း လူထိခိုက်မှု မရှိဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းကလည်း လှိုင်မြို့ နယ်၊ ၁၃ ရပ်ကွက်အတွင်းရှိ စစ်တပ်ပိုင် တပ်မ တော် သတ္ထုပစ္စည်း စက်ရုံအနီးတွင် ဗုံး ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။
အဆိုပါပေါက်ကွဲမှုများတွင်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ဘူးဟု ၁၃ ရပ်ကွက်အတွင်း နေထိုင် သူများက ပြောသည်။
*** ZAWGYI ***
သတင္းေပးဆိုသူ၏ ကြမ္းယာဆိုင္တြင္ ေပါက္ကြဲမႈ ျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။
လႈိင္ၿမိဳ႕နယ္အတြင္ စစ္ေကာင္စီ သတင္းေပးဆိုသူ၏ ကြမ္းယာဆိုင္တြင္ ေအာက္တိုဘာ ၁၈ ရက္ နံနက္ပိုင္းက ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္ဟု ရပ္ကြက္အတြင္း ေနထိုင္သူမ်ားက ေျပာသည္။
စစ္ေကာင္စီ သတင္းေပးဆိုသူ၏ ကြမ္းယာဆိုင္တြင္ ေအာက္ တိုဘာ ၁၈ ရက္ေန႔၊ နံနက္ ၇နာရီခြဲ အခ်ိန္ခန႔္ က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ရပ္ကြက္အတြင္း ေနထိုင္သူမ်ား က ေျပာသည္။
လႈိင္ၿမိဳ႕နယ္၊ ၇ ရပ္ကြက္၊ သရက္ၿမိဳင္ ဓမၼာ႐ုံေရွ႕ရွိ အဆိုပါ ကြမ္းယာဆိုင္ ပိုင္ရွင္လင္မယားမွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီက ပါတီဝင္မ်ားျဖစ္ၿပီး စစ္ေကာင္စီကို သတင္းေပးသျဖင့္ ရပ္ကြက္အတြင္း ေနထိုင္သူမ်ား ဖမ္းဆီးခံရမႈမ်ားရွိေနသည္ဟု ရပ္ကြက္ အတြင္း ေနထိုင္သူတစ္ဦး က ေျပာသည္။
“က်ေနာ္ထင္တာေတာ့ သတိေပး႐ုံေလာက္ပဲ လုပ္တယ္ထင္တယ္။ မနက္အေစာႀကီး ဆိုင္ဖြင့္တဲ့အခ်ိန္ျဖစ္တာ။ အခုေတာ့သြားတိုင္မယ္ ဆိုၿပီးထြက္သြားတာပဲ” ဟု ၇ ရပ္ကြက္အတြင္းေနထိုင္သူ တစ္ဦးက ေျပာသည္။
ဗုံးေပါက္ကြဲၿပီးေနာက္ အရပ္ဝတ္ျဖင့္ စစ္ေကာင္စီအဖြဲ႕ဝင္မ်ား လာေရာက္စစ္ေဆးခဲ့ေသာ္လည္း ဖမ္းဆီးခံရသူ မ်ား မရွိေၾကာင္း၊ ေပါက္ကြဲမႈေၾကာင့္လည္း လူထိခိုက္မႈ မရွိဟု ရပ္ကြက္ေနျပည္သူမ်ားက ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၇ ရက္၊ ညေနပိုင္းကလည္း လႈိင္ၿမိဳ႕ နယ္၊ ၁၃ ရပ္ကြက္အတြင္းရွိ စစ္တပ္ပိုင္ တပ္မ ေတာ္ သတၳဳပစၥည္း စက္႐ုံအနီးတြင္ ဗုံး ဆက္တိုက္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ေသးသည္။
အဆိုပါေပါက္ကြဲမႈမ်ားတြင္လည္း တစ္စုံတစ္ရာ ထိခိုက္ဒဏ္ရာ ရရွိသူ မရွိခဲ့ဘူးဟု ၁၃ ရပ္ကြက္အတြင္း ေနထိုင္ သူမ်ားက ေျပာသည္။