အပြင်ဖြေကျောင်းသားများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စာရင်းတွင် မပါ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
မြိတ်မြို့မှ အပြင်ဖြေကျောင်းသားများ ကာကွယ်ဆေးထိုးရန် စာရင်းမပါသဖြင့် မိဘအချို့က စိုးရိမ်နေကြသည်ဟု ပြောသည်။
အစိုးရစာသင်ကျောင်းများတွင် စာရင်းရှိသူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေခြင်း ဖြစ်ပြီး အပြင် ဘော် ဒါများ၊ တက္ကသိုလ်ဝင်တန်းကို အပြင်မှ ဖြေဆိုကြမည့် ကျောင်းသူ/သားများ ဆေးထိုးစာရင်းတွင် ပါရှိခြင်း မရှိသည့်အတွက် မိဘများ က စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ကျောင်းတွေမှာ ၁၂ နှစ် အထက် ကလေးတွေ အားလုံး ဆေးထိုးပေးနေတယ်ကြားလို့ အားရဝမ်းသာ သွားထိုး တာ အပြင်ဖြေတွေအတွက် စာရင်းမပါလို့လေ၊ ထိုးမပေးဘူးဆိုလို့ ပြန်လာခဲ့ရတယ်။ တာဝန်ရှိသူတွေက အပြင် ဖြေ ကလေးတွေအတွက် ထည့်စဉ်းစားပေးစေချင်တယ်၊ ကိုယ့်ကလေးကို ကျန်းကျန်းမာမာနဲ့ စိတ်ဖြောင့်ဖြောင့် ပညာသင်နိုင်ဖို့ ထိုးပေးစေချင်တာ” ဟု မြိတ်မြို့၊ မြို့သစ်ရပ်ကွက်က ကျောင်းသားတစ်ဦး ၏ အသက် ၃၆ နှစ်အရွယ် မိခင် ဒေါ်စန်းစန်းအေး က ပြောသည်။
တနင်္သာရီတိုင်း အတွင်းရှိ မြိတ်မြို့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အောက်တို ဘာလ ၁၇ ရက်နေ့မှ စတင်၍ အသက် ၁၂ နှစ် အထက် စာရင်းပါရှိသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်း သူ/သား များကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးလျက် ရှိနေသည်ဟု မြိတ်မြို့နယ် ပညာရေးမှူး က ပြောသည်။
ဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း မြိတ်မြို့နယ်တွင် အုပ်စုလိုက်ခွဲထားပြီး ၅ ရက် အတွင်း ကိုဗစ်ကာကွယ်ဆေး အပြီး ထိုးရမှာဖြစ်သည်ဟု မြိတ်မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန်က ပြောသည်။
လက်ရှိ မြိတ်မြို့နယ်တွင် အစိုးရ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံထားသူ ၉၆၉၅ ဦးရှိပြီး ယင်းစာရင်း အတိုင်း ဦးစားပေး ထိုးပေးနေကြောင်း ကျောင်းပြန်ဖွင့်ပြီးလျှင် နောက်ဆက်တွဲ အပြင်ဖြေ ကျောင်းသူ/သား များလည်း ကာကွယ်ဆေး ထိုးခွင့်ရနိုင်သည်ဟု ဦးကျော်ရှိန် က ပြောသည်။
လာမည့် နိုဝင်ဘာ ၁ ရက်နေ့တွင် ကျောင်းများပြန်ဖွင့်မည်ဆိုသည်မှာ ကောလဟာလ သတင်းသာဖြစ်ပြီး ဝန်ကြီး ဌာန၏ တရားဝင် အကြောင်းကြားစာ ဝင်မလာသေးဘူးဟု မြိတ်မြို့နယ် ပညာရေးမှူး က ပြောသည်။
ကျောင်းပြန်ဖွင့်လျှင်လည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖွင့်နိုင်အောင် ပြင်ဆင်ထားရန်သာ ညွန်ကြားထားသေးသည်ဟု ၎င်းက ဆက်ပြောသည်။
ကာကွယ်ဆေးထိုးခွင့်ရသည့် စာရင်းပါ ကျာင်းသူ/သား ဦးရေ၏ သုံးပုံနှစ်ပုံခန့်သာ ဆေးလာထိုးကြပြီး ဖျားနာ သူ အချို့နှင့် ခရီးလွန်နေသူ အချို့က လာမထိုးနိုင်သေးဘူးဟု အထက ၇ မြို့သစ်ကျောင်းက အထက်တန်း ဆရာမ တစ်ဦး က ပြောသည်။
“အိမ်က ထိုးခွင့်ရတဲ့ ကလေး နှစ်ယောက်ရှိတယ်။ ထိုးပေးတဲ့ဆေးက တရုတ်က ထုတ်တာကြားရလို့ ဆေးကို စိတ်မချ မယုံတာကြောင့် သွားမထိုးပေးဘူး” ဟု မြိတ်မြို့၊ စက်ဝင်းရပ်ကွက်နေ ကျောင်းသားဖခင်တစ်ဦးက ပြောသည်။
ကျောင်းသားမိဘအချို့က ၎င်းတို့၏ သားသမီးနာမည်စာရင်း ကာကွယ်ဆေးထိုးမည့်စာရင်းတွင်ပါနေသော်လည်း တရုတ်နိုင်ငံထုတ်ဆေးအပေါ် ယုံကြည်စိတ်ချမှု မရှိသည့်အတွက် မထိုးပေးသူများလည်း ရှိနေသည်။
မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် နှစ်ခုပေါင်း စာရင်းအရ အထက်တန်းအဆင့် ၅၅၄၅ ဦး၊ အလယ်တန်း အဆင့် ၂၅၀၅၆ ဦး၊ စုစုပေါင်း ၃၀၆၀၁ ဦး တို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရမည် ဖြစ်သည်ဟု မြိတ်ခရိုင် ပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။
*** ZAWGYI ***
အျပင္ေျဖေက်ာင္းသားမ်ား ကိုဗစ္-၁၉ ကာကြယ္ေဆးထိုး စာရင္းတြင္ မပါ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။
ၿမိတ္ၿမိဳ႕မွ အျပင္ေျဖေက်ာင္းသားမ်ား ကာကြယ္ေဆးထိုးရန္ စာရင္းမပါသျဖင့္ မိဘအခ်ိဳ႕က စိုးရိမ္ေနၾကသည္ဟု ေျပာသည္။
အစိုးရစာသင္ေက်ာင္းမ်ားတြင္ စာရင္းရွိသူမ်ားကိုသာ ကိုဗစ္ကာကြယ္ေဆးထိုးေပးေနျခင္း ျဖစ္ၿပီး အျပင္ ေဘာ္ ဒါမ်ား၊ တကၠသိုလ္ဝင္တန္းကို အျပင္မွ ေျဖဆိုၾကမည့္ ေက်ာင္းသူ/သားမ်ား ေဆးထိုးစာရင္းတြင္ ပါရွိျခင္း မရွိသည့္အတြက္ မိဘမ်ား က စိုးရိမ္ေနၾကျခင္း ျဖစ္သည္။
“ေက်ာင္းေတြမွာ ၁၂ ႏွစ္ အထက္ ကေလးေတြ အားလုံး ေဆးထိုးေပးေနတယ္ၾကားလို႔ အားရဝမ္းသာ သြားထိုး တာ အျပင္ေျဖေတြအတြက္ စာရင္းမပါလို႔ေလ၊ ထိုးမေပးဘူးဆိုလို႔ ျပန္လာခဲ့ရတယ္။ တာဝန္ရွိသူေတြက အျပင္ ေျဖ ကေလးေတြအတြက္ ထည့္စဥ္းစားေပးေစခ်င္တယ္၊ ကိုယ့္ကေလးကို က်န္းက်န္းမာမာနဲ႔ စိတ္ေျဖာင့္ေျဖာင့္ ပညာသင္ႏိုင္ဖို႔ ထိုးေပးေစခ်င္တာ” ဟု ၿမိတ္ၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္က ေက်ာင္းသားတစ္ဦး ၏ အသက္ ၃၆ ႏွစ္အ႐ြယ္ မိခင္ ေဒၚစန္းစန္းေအး က ေျပာသည္။
တနသၤာရီတိုင္း အတြင္းရွိ ၿမိတ္ၿမိဳ႕တြင္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ေအာက္တို ဘာလ ၁၇ ရက္ေန႔မွ စတင္၍ အသက္ ၁၂ ႏွစ္ အထက္ စာရင္းပါရွိသည့္ အလယ္တန္းႏွင့္ အထက္တန္း ေက်ာင္း သူ/သား မ်ားကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးလ်က္ ရွိေနသည္ဟု ၿမိတ္ၿမိဳ႕နယ္ ပညာေရးမႉး က ေျပာသည္။
ဝန္ႀကီးဌာန လမ္းၫႊန္ခ်က္အတိုင္း ၿမိတ္ၿမိဳ႕နယ္တြင္ အုပ္စုလိုက္ခြဲထားၿပီး ၅ ရက္ အတြင္း ကိုဗစ္ကာကြယ္ေဆး အၿပီး ထိုးရမွာျဖစ္သည္ဟု ၿမိတ္ၿမိဳ႕နယ္ ပညာေရးမႉး ဦးေက်ာ္ရွိန္က ေျပာသည္။
လက္ရွိ ၿမိတ္ၿမိဳ႕နယ္တြင္ အစိုးရ စာသင္ေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ႏွံထားသူ ၉၆၉၅ ဦးရွိၿပီး ယင္းစာရင္း အတိုင္း ဦးစားေပး ထိုးေပးေနေၾကာင္း ေက်ာင္းျပန္ဖြင့္ၿပီးလွ်င္ ေနာက္ဆက္တြဲ အျပင္ေျဖ ေက်ာင္းသူ/သား မ်ားလည္း ကာကြယ္ေဆး ထိုးခြင့္ရႏိုင္သည္ဟု ဦးေက်ာ္ရွိန္ က ေျပာသည္။
လာမည့္ ႏိုဝင္ဘာ ၁ ရက္ေန႔တြင္ ေက်ာင္းမ်ားျပန္ဖြင့္မည္ဆိုသည္မွာ ေကာလဟာလ သတင္းသာျဖစ္ၿပီး ဝန္ႀကီး ဌာန၏ တရားဝင္ အေၾကာင္းၾကားစာ ဝင္မလာေသးဘူးဟု ၿမိတ္ၿမိဳ႕နယ္ ပညာေရးမႉး က ေျပာသည္။
ေက်ာင္းျပန္ဖြင့္လွ်င္လည္း ကိုဗစ္-၁၉ စည္းကမ္းမ်ားႏွင့္အညီ ဖြင့္ႏိုင္ေအာင္ ျပင္ဆင္ထားရန္သာ ၫြန္ၾကားထားေသးသည္ဟု ၎က ဆက္ေျပာသည္။
ကာကြယ္ေဆးထိုးခြင့္ရသည့္ စာရင္းပါ က်ာင္းသူ/သား ဦးေရ၏ သုံးပုံႏွစ္ပုံခန႔္သာ ေဆးလာထိုးၾကၿပီး ဖ်ားနာ သူ အခ်ိဳ႕ႏွင့္ ခရီးလြန္ေနသူ အခ်ိဳ႕က လာမထိုးႏိုင္ေသးဘူးဟု အထက ၇ ၿမိဳ႕သစ္ေက်ာင္းက အထက္တန္း ဆရာမ တစ္ဦး က ေျပာသည္။
“အိမ္က ထိုးခြင့္ရတဲ့ ကေလး ႏွစ္ေယာက္ရွိတယ္။ ထိုးေပးတဲ့ေဆးက တ႐ုတ္က ထုတ္တာၾကားရလို႔ ေဆးကို စိတ္မခ် မယုံတာေၾကာင့္ သြားမထိုးေပးဘူး” ဟု ၿမိတ္ၿမိဳ႕၊ စက္ဝင္းရပ္ကြက္ေန ေက်ာင္းသားဖခင္တစ္ဦးက ေျပာသည္။
ေက်ာင္းသားမိဘအခ်ိဳ႕က ၎တို႔၏ သားသမီးနာမည္စာရင္း ကာကြယ္ေဆးထိုးမည့္စာရင္းတြင္ပါေနေသာ္လည္း တ႐ုတ္ႏိုင္ငံထုတ္ေဆးအေပၚ ယုံၾကည္စိတ္ခ်မႈ မရွိသည့္အတြက္ မထိုးေပးသူမ်ားလည္း ရွိေနသည္။
ၿမိတ္ခ႐ိုင္ႏွင့္ ေကာ့ေသာင္းခ႐ိုင္ ႏွစ္ခုေပါင္း စာရင္းအရ အထက္တန္းအဆင့္ ၅၅၄၅ ဦး၊ အလယ္တန္း အဆင့္ ၂၅၀၅၆ ဦး၊ စုစုေပါင္း ၃၀၆၀၁ ဦး တို႔အား ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးေပးရမည္ ျဖစ္သည္ဟု ၿမိတ္ခ႐ိုင္ ပညာေရးမႉး႐ုံး တာဝန္ရွိသူမ်ားထံမွ သိရသည္။