ဘိုကလေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှုတ်ထွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
ပြောက်ကျား အဖွဲ့၏ သတိပေးစာရရှိပြီးနောက် ဘိုကလေးမြို့နယ်မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး နှုတ်ထွက်သွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ချို့က ပြောသည်။
အောက်လှည်းဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်ကို “ဧရာကဗေဒါ” ပြောက်ကျားအဖွဲ့က ဖုန်းဆက်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။
ဘိုကလေးမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများကို ရာထူးမှ နှုတ်ထွက်ရန် ဧရာကဗေဒါ ပြောက်ကျားအဖွဲ့ က အောက်တိုဘာ ၁၆ ရက်နေ့ က သတိပေးခဲ့သည်။
“အခုအချိန်မှာ သူသူငါငါ ဘယ်သူမှ အုပ်ကြီး မလုပ်ချင်ဘူး။ လုပ်ရင် မလွဲမရှောင်သာဘဲ လုပ်နေကြတာ များပါတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။
ဘိုကလေးမြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးမှူးအားလုံးကို ပြည်သူနှင့် အတူ ရပ်တည်ပေးရန်၊ ရာထူးက နှုတ်ထွက် ပေးကြရန်၊ စစ်ကောင်စီကို သတင်းပေးခြင်းများ လုံးဝမလုပ်ရန် ဖုန်းဆက် အသိပေးအကြောင်းကြားထားပြီး ဖြစ်ကြောင်း “ဧရာကဗေဒါ” ပြောက်ကြား အဖွဲ့တာဝန်ရှိသူ တစ်ဦး က ပြောသည်။
ဘိုကလေးမြို့နေထိုင်သူ ဦးအောင်ကြီး က “ဧရာက ဗေဒါအဖွဲ့က ပြောတဲ့အထဲမှာ အုပ်ကြီးတွေ သူတို့ပြောတာ မလိုက်နာရင် အသက်အာမခံချက် မရှိဘူးလို့ လည်းပါတယ်” ဟု ပြောသည်။
“ဧရာကဗေဒါအဖွဲ့” နှင့် မော်ကျွန်း PDF တို့ ပူးပေါင်း၍ မော်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာ စာရေးကို အောက်တို ဘာလ ၁၅ ရက်နေ့ က သုတ်သင်ရှင်းလင်းခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ဧရာက ဗေဒါအဖွဲ့က ကျည်ဆံ နှင့် စာပို့ကာ သတိပေးခြင်းခံရသည့် မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံ ကျေးရွာ ဗိုလ်ကြီးတစ်ဦး၏ မိခင်ဆိုသူ အုပ်ချုပ်ရေးမှူး ဒေါ်ရီမြင့်လည်း အောက်တိုဘာလ ၁၆ ရက်နေ့က ကျေးရွာမှ တိမ်းရှောင်သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် PDF ပြောက်ကျား အဖွဲ့များက Mytel ဖုန်းတာဝါတိုင်များကို မိုင်းခွဲ ဖျက် ဆီးခြင်း၊ ဒလန်သုတ်သင်ရှင်းလင်းခြင်း၊ ရဲစခန်းများ၊ စစ်တပ်၏ကင်းစခန်းများကိုလည်း ဗုံးဖောက်ခွဲ တိုက်ခိုက် ခြင်းများပြုလုပ်လျှက်ရှိသည်။
ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုများကို စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ခပ်စိပ်စိပ် ပြုလုပ်လာနေသည်ဟု ဒေ သခံများက ပြောသည်။
*** ZAWGYI ***
ဘိုကေလး ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ႏႈတ္ထြက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။
ေျပာက္က်ား အဖြဲ႕၏ သတိေပးစာရရွိၿပီးေနာက္ ဘိုကေလးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ႏႈတ္ထြက္ သြားခဲ့သည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ခ်ိဳ႕က ေျပာသည္။
ေအာက္လွည္းဆိပ္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးစိုးမင္းေအာင္ကို “ဧရာကေဗဒါ” ေျပာက္က်ားအဖြဲ႕က ဖုန္းဆက္၍ သတိေပးခဲ့ျခင္း ျဖစ္သည္။
ဘိုကေလးၿမိဳ႕နယ္ အတြင္းရွိ စစ္ေကာင္စီ၏ ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ ေရးမႉးမ်ားကို ရာထူးမွ ႏႈတ္ထြက္ရန္ ဧရာကေဗဒါ ေျပာက္က်ားအဖြဲ႕ က ေအာက္တိုဘာ ၁၆ ရက္ေန႔ က သတိေပးခဲ့သည္။
“အခုအခ်ိန္မွာ သူသူငါငါ ဘယ္သူမွ အုပ္ႀကီး မလုပ္ခ်င္ဘူး။ လုပ္ရင္ မလြဲမေရွာင္သာဘဲ လုပ္ေနၾကတာ မ်ားပါတယ္” ဟု အုပ္ခ်ဳပ္ေရးအဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦး က ေျပာသည္။
ဘိုကေလးၿမိဳ႕နယ္ အတြင္းရွိ အုပ္ခ်ဳပ္ေရးမႉးအားလုံးကို ျပည္သူႏွင့္ အတူ ရပ္တည္ေပးရန္၊ ရာထူးက ႏႈတ္ထြက္ ေပးၾကရန္၊ စစ္ေကာင္စီကို သတင္းေပးျခင္းမ်ား လုံးဝမလုပ္ရန္ ဖုန္းဆက္ အသိေပးအေၾကာင္းၾကားထားၿပီး ျဖစ္ေၾကာင္း “ဧရာကေဗဒါ” ေျပာက္ၾကား အဖြဲ႕တာဝန္ရွိသူ တစ္ဦး က ေျပာသည္။
ဘိုကေလးၿမိဳ႕ေနထိုင္သူ ဦးေအာင္ႀကီး က “ဧရာက ေဗဒါအဖြဲ႕က ေျပာတဲ့အထဲမွာ အုပ္ႀကီးေတြ သူတို႔ေျပာတာ မလိုက္နာရင္ အသက္အာမခံခ်က္ မရွိဘူးလို႔ လည္းပါတယ္” ဟု ေျပာသည္။
“ဧရာကေဗဒါအဖြဲ႕” ႏွင့္ ေမာ္ကြၽန္း PDF တို႔ ပူးေပါင္း၍ ေမာ္ကြၽန္းၿမိဳ႕နယ္၊ ေက်ာ္ဇံေက်း႐ြာ စာေရးကို ေအာက္တို ဘာလ ၁၅ ရက္ေန႔ က သုတ္သင္ရွင္းလင္းခဲ့ေၾကာင္းလည္း သတင္းထုတ္ျပန္ထားသည္။
ထို႔အျပင္ ဧရာက ေဗဒါအဖြဲ႕က က်ည္ဆံ ႏွင့္ စာပို႔ကာ သတိေပးျခင္းခံရသည့္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ေက်ာ္ဇံ ေက်း႐ြာ ဗိုလ္ႀကီးတစ္ဦး၏ မိခင္ဆိုသူ အုပ္ခ်ဳပ္ေရးမႉး ေဒၚရီျမင့္လည္း ေအာက္တိုဘာလ ၁၆ ရက္ေန႔ ကေက်း႐ြာမွ တိမ္းေရွာင္သြားသည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
ဧရာဝတီတိုင္း ေဒသႀကီးအတြင္းတြင္ PDF ေျပာက္က်ား အဖြဲ႕မ်ားက Mytel ဖုန္းတာဝါတိုင္မ်ားကို မိုင္းခြဲ ဖ်က္ ဆီးျခင္း၊ ဒလန္သုတ္သင္ရွင္းလင္းျခင္း၊ ရဲစခန္းမ်ား၊ စစ္တပ္၏ကင္းစခန္းမ်ားကိုလည္း ဗုံးေဖာက္ခြဲ တိုက္ခိုက္ ျခင္းမ်ားျပဳလုပ္လွ်က္ရွိသည္။
ထိုသို႔ ဗုံးခြဲတိုက္ခိုက္မႈမ်ားကို စက္တင္ဘာလႏွင့္ ေအာက္တိုဘာလအတြင္း ခပ္စိပ္စိပ္ ျပဳလုပ္လာေနသည္ဟု ေဒ သခံမ်ားက ေျပာသည္။