မွန်ပြည်နယ်တွင် ၁၂ နှစ်အထက် ကျောင်းသူကျောင်းသားများအား ကာကွယ်ဆေးထိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

မွန်ပြည်နယ်အတွင်း အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်အထက် ကျောင်းသူ ကျောင်းသူများကို အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဟု ပြည်နယ်ပညာရေးဌာနမှ သိရသည်။

“ကျောင်းသားကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့အစီအစဉ်က မနေ့ကစပြီး (အောက်တိုဘာ ၁၇ ရက်) ဆောင်ရွက်နေပါတယ်။ မြို့နယ်အလိုက် ထိုးပေးနေပါတယ်။ ကာကွယ်ဆေးကို မြို့နယ်အလိုက် ဖွဲ့စည်း ထားတဲ့ အဖွဲ့တွေနဲ့ သတ်မှတ်ထားတဲ့ စုရပ်တွေမှာ ထိုးပေးနေပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိ သူ တစ်ဦး က ပြောသည်။

မွန်ပြည်နယ်အတွင်း အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၀၀၀၀ ကျော်ရှိသည်ဟုလည်း ပြည်နယ်ပညာရေးဌာန၏ စာရင်းများအရ သိရသည်။

ကျောင်းသားကျောင်းသူများအား ထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး အမျိုးအစားဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးရမည့် ကျောင်းသားကျောင်းသူများသည် အစိုးရ စာသင်ကျောင်း များတွင် တက်ရောက် သင်ကြားနေသည့် ကျောင်းသားကျောင်းသူများအပြင် ပုဂ္ဂလိကစာသင်ကျောင်းများ ဘုန်း တော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသားကျောင်းသူများလည်း ပါဝင်သည်။

မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်များကိုလည်း တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ထိုးပေးလျှက် ရှိသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ၁၂ ႏွစ္အထက္ ေက်ာင္းသူေက်ာင္းသားမ်ားအား ကာကြယ္ေဆးထိုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။

မြန္ျပည္နယ္အတြင္း အေျခခံပညာ ေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ေရးအတြက္ အသက္ ၁၂ ႏွစ္အထက္ ေက်ာင္းသူ ေက်ာင္းသူမ်ားကို ေအာက္ တိုဘာလ ၁၇ ရက္ေန႔မွစတင္ကာ ကိုဗစ္ကာကြယ္ေဆး စတင္ထိုးေပးေနၿပီဟု ျပည္နယ္ပညာေရးဌာနမွ သိရသည္။

“ေက်ာင္းသားေက်ာင္းသူေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပးတဲ့အစီအစဥ္က မေန႔ကစၿပီး (ေအာက္တိုဘာ ၁၇ ရက္) ေဆာင္႐ြက္ေနပါတယ္။ ၿမိဳ႕နယ္အလိုက္ ထိုးေပးေနပါတယ္။ ကာကြယ္ေဆးကို ၿမိဳ႕နယ္အလိုက္ ဖြဲ႕စည္း ထားတဲ့ အဖြဲ႕ေတြနဲ႔ သတ္မွတ္ထားတဲ့ စုရပ္ေတြမွာ ထိုးေပးေနပါတယ္” ဟု ၿမိဳ႕နယ္ပညာေရးမႉး႐ုံး တာဝန္ရွိ သူ တစ္ဦး က ေျပာသည္။

မြန္ျပည္နယ္အတြင္း အသက္ ၁၂ ႏွစ္မွ အသက္ ၁၈ ႏွစ္အတြင္းရွိ ေက်ာင္းသား ေက်ာင္းသူ စုစုေပါင္း ၇၀၀၀၀ ေက်ာ္ရွိသည္ဟုလည္း ျပည္နယ္ပညာေရးဌာန၏ စာရင္းမ်ားအရ သိရသည္။

ေက်ာင္းသားေက်ာင္းသူမ်ားအား ထိုးေပးေနသည့္ ကိုဗစ္ကာကြယ္ေဆးသည္ တ႐ုတ္ႏိုင္ငံထုတ္ Sinovac ကာကြယ္ေဆး အမ်ိဳးအစားျဖစ္သည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနထံမွ သိရသည္။

မြန္ျပည္နယ္အတြင္း ကိုဗစ္ကာကြယ္ေဆးထိုးရမည့္ ေက်ာင္းသားေက်ာင္းသူမ်ားသည္ အစိုးရ စာသင္ေက်ာင္း မ်ားတြင္ တက္ေရာက္ သင္ၾကားေနသည့္ ေက်ာင္းသားေက်ာင္းသူမ်ားအျပင္ ပုဂၢလိကစာသင္ေက်ာင္းမ်ား ဘုန္း ေတာ္ႀကီးသင္ ပညာေရး ေက်ာင္းမ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ားလည္း ပါဝင္သည္။

မြန္ျပည္နယ္တြင္ အသက္ ၁၈ ႏွစ္ႏွင့္ အထက္မ်ားကိုလည္း တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကာကြယ္ေဆး ထိုးေပးလွ်က္ ရွိသည္။