ကချင်ပြည်နယ်မှ ဖမ်းဆီးခံ သတင်းသမား ၅ ဦး ပြန်လည် လွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
မြစ်ကြီးနားအကျဉ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကချင်ပြည်နယ်က သတင်းသမား ၅ ဦး အောက် တိုဘာလ ၁၉ ရက်နေ့ (ယနေ့) တွင် ပြန်လည်လွတ်လာပြီ ဖြစ်သည်။
ယနေ့ လွတ်လာသည့်သတင်းသမားများမှာ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ၊ The 74 media က သတင်းထောက် မချန်ဘူ နှင့် Kachinwaves သတင်းဌာန က ကိုလရော် တို့ ဖြစ်ကြသည်။
မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာချုပ် မဆိုင်းမိုင် က “ကျနော်တို့ သတင်းဌာနက သတင်းထောက် ၃ ယောက်လုံး ပြန်လွတ်တယ်ပေါ့နော်။ အဂျဲရယ်၊ ခရစ္စတိုဖာရယ်၊ မျိုးမြတ်မြတ်ပန်ရယ်ပေါ့နော်။ သုံးယောက် စလုံး ပြန်လွတ်တယ်” ဟု ပြောသည်။
အောက်တိုဘာလ ၁၈ ရက်နေ့အထိ မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လွတ်ပေးမည့် အမည်စာရင်းတွင် မြစ်ကြီး နားသတင်းဂျာနယ်က သတင်းထောက်များ၏ အမည်များမပါသည့်အတွက် စိတ်ပူနေရာခဲ့ရာ ယနေ့ပြန်လွတ် ပေးလိုက် သူများထဲတွင် ပါလာသည့်အချိန်မှ စိတ်ချရသည်ဟု မဆိုင်းမိုင်က ဆက်ပြောသည်။
“မနေ့ညကအထိ နာမည်စာရင်းမပါတော့ စိတ်ပူနေတာ။ ဆိုတော့ လွတ်ခါနီးကျမှပဲ ဖုန်းဆက်လာမှ သိတာပေါ့ လေနော်။ ဒီနေ့ ကျနော်တို့ ကချင်ပြည်နယ်က သတင်းထောက် ၅ ယောက်လုံးပြန်လွတ်လာပြီ။ 74 တို့ Kachinwaves တို့က သတင်းထောက်တွေလည်းပါတယ်။ အခုနကပဲ ထောင်ပေါက်ဝမှာ ကျနော်နဲ့ Video Call ပြောပြီးပါပြီ။ ၆ လနဲ့ ၄ ရက် ထောင်ထဲမှာ နေလိုက်ရတယ်” ဟု ပြောသည်။
Kachinwaves သတင်းဌာနက သတင်းထောက် ကိုလရော်လည်း ယနေ့ ပြန်လည်လွတ်လာပြီလို့ ၎င်းသတင်း ဌာန၏ အယ်ဒီတာ က အတည်ပြုပြောသည်။
“လရော်အပါ မြစ်ကြီးနားသတင်းထောက် ၅ ယောက်လွတ်လာတယ်ပေါ့။ သတင်းလိုက်ရင်းနဲ့ ဘာမှ အပြစ်မရှိ ပဲ ဆန္ဒထုတ်ဖော်တာကို သတင်းလိုက်ရင်း ဖြိုခွဲတဲ့အချိန်မှာ ပါသွားတာဟုတ်တယ်။ ဘာမှ အပြစ်မရှိပဲ ထောင် ထဲမှာ ၅ လကျော် ၆လကျော် အချိန်သွားဖြုန်းလိုက်ရတယ်။ အဲ့အတွက်လည်း စိတ်မကောင်းဘူး။ သွားဒုက္ခခံ နေရတယ်။ သူတို့လွတ်မြောက်လာလို့ ဝမ်းသာတယ်။ တခြားကျန်ရှိနေသေးတဲ့ သတင်းထောက်တွေလည်း တခြား ပြည်သူတွေရော၊ တခြားနိုင်ငံရေးခေါင်းဆောင်တွေရော အမြန်ဆုံးလွတ်မြောက်လာဖို့အတွက် မျှော် လင့်တယ်။”
အလားတူ The 74 Media သတင်းဌာနက သတင်းထောက် မချန်ဘူလည်း ပြန်လွတ်လာပြီဟု ကချင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
သတင်းထောက်များအား ယခုကဲ့သို့ ပြန်လွတ်ပေးသည့်အပေါ် မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာချုပ် မဆိုင်းမိုင် က လည်း “အဓိကတော့ နဂိုကတည်းကကို ဖမ်းသင့်တဲ့အမျိုးမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆို ကျ နော်တို့ သတင်းထောက်တွေက ဘာပြစ်မှုမှလည်း လုပ်ထားတာ မဟုတ်ဘူးလေ။ သတင်းထောက်ဆိုတာ ပြစ်မှု ကျူးလွန်တဲ့လူတွေလည်း မဟုတ်ဘူးလေ။ သူ့အလုပ်သူလုပ်နေကြတဲ့သူတွေလေနော်။ နဂိုကတည်းကနေ ဖမ်း ရမယ့် လူတွေ မဟုတ်တဲ့အတွက် အခုလွတ်ပေးတဲ့အပေါ်မှာလည်း ကျနော်တို့က ကျေးဇူးမတင်ပါဘူး။ သတင်း ထောက်တွေ အတွက်တော့ ဝမ်းသာတယ်။ AAPP ပြောသလိုပဲ သူတို့ရဲ့ ကုန်ဆုံးသွားတဲ့ ၆ လကို ဘာနဲ့ လျော် ပေးမှာလဲ၊ ထောင်ထဲမှာ နစ်နာဆုံးရှုံးရတဲ့ အချိန်တွေ ဒဏ်ရာတွေ ဘာနဲ့ကုစားပေးမှာလဲ စစ်ကောင်စီက” ဟု ပြောသည်။
The 74 media က သတင်းထောက် မချန်ဘူ နှင့် Kachinwaves သတင်းဌာနက ကိုလရော်တို့နှစ်ဦးကို မတ်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှ သပိတ်စစ်ကြောင်းခံတပ် အကြမ်းဖက်ဖြိုခွင်း ခံရပြီးနောက် စစ်ကောင် စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက် ၆ လကျော်အကြာတွင် ပြန်လွတ်ပေးခြင်း ဖြစ်သည်။
ထို့အပြင် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ကိုအဂျဲ၊ ခရစ္စတိုဖာ တို့ကို ဧပြီလ ၁၃ ရက်နေ့က စစ် ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ပြီး မမျိုးမြတ်မြတ်ပန်ကိုတော့ ဧပြီလ ၁၄ ရက်နေ့တွင် သူမ၏နေအိမ်မှ ဖမ်း ဆီးသွားခြင်းဖြစ်သည်။
ယနေ့ပြန်လွတ်လာသည့် ကချင်သတင်းသမား ၅ ဦးစလုံးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခဲ့ပြီး အမှုရင်ဆိုင်နေရင်းမှ အာဏာသိမ်းခေါင်းဆောင်က လူသားချင်း စာနာထောက်ထားခြင်း၊ ပြည်သူလူထု နှလုံး စိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်များမှ အကျဉ်းသူ/သားများကို ပြန်လွတ်ပေးမည်ဟု ပြောဆိုပြီးနောက် ပြန်လွတ်လာကြခြင်း ဖြစ်သည်။
ဓါတ်ပုံ – Crd
*** ZAWGYI ***
ကခ်င္ျပည္နယ္မွ ဖမ္းဆီးခံ သတင္းသမား ၅ ဦး ျပန္လည္ လြတ္ေျမာက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။
ျမစ္ႀကီးနားအက်ဥ္ေထာင္တြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသည့္ ကခ်င္ျပည္နယ္က သတင္းသမား ၅ ဦး ေအာက္ တိုဘာလ ၁၉ ရက္ေန႔ (ယေန႔) တြင္ ျပန္လည္လြတ္လာၿပီ ျဖစ္သည္။
ယေန႔ လြတ္လာသည့္သတင္းသမားမ်ားမွာ ျမစ္ႀကီးနားသတင္းဂ်ာနယ္က သတင္းေထာက္ မမ်ိဳးျမတ္ျမတ္ပန္၊ ကိုအဂ်ဲ၊ ခရစၥတိုဖာ၊ The 74 media က သတင္းေထာက္ မခ်န္ဘူ ႏွင့္ Kachinwaves သတင္းဌာန က ကိုလေရာ္ တို႔ ျဖစ္ၾကသည္။
ျမစ္ႀကီးနားသတင္းဂ်ာနယ္ အယ္ဒီတာခ်ဳပ္ မဆိုင္းမိုင္ က “က်ေနာ္တို႔ သတင္းဌာနက သတင္းေထာက္ ၃ ေယာက္လုံး ျပန္လြတ္တယ္ေပါ့ေနာ္။ အဂ်ဲရယ္၊ ခရစၥတိုဖာရယ္၊ မ်ိဳးျမတ္ျမတ္ပန္ရယ္ေပါ့ေနာ္။ သုံးေယာက္ စလုံး ျပန္လြတ္တယ္” ဟု ေျပာသည္။
ေအာက္တိုဘာလ ၁၈ ရက္ေန႔အထိ ျမစ္ႀကီးနားအက်ဥ္းေထာင္မွ ျပန္လြတ္ေပးမည့္ အမည္စာရင္းတြင္ ျမစ္ႀကီး နားသတင္းဂ်ာနယ္က သတင္းေထာက္မ်ား၏ အမည္မ်ားမပါသည့္အတြက္ စိတ္ပူေနရာခဲ့ရာ ယေန႔ျပန္လြတ္ ေပးလိုက္ သူမ်ားထဲတြင္ ပါလာသည့္အခ်ိန္မွ စိတ္ခ်ရသည္ဟု မဆိုင္းမိုင္က ဆက္ေျပာသည္။
“မေန႔ညကအထိ နာမည္စာရင္းမပါေတာ့ စိတ္ပူေနတာ။ ဆိုေတာ့ လြတ္ခါနီးက်မွပဲ ဖုန္းဆက္လာမွ သိတာေပါ့ ေလေနာ္။ ဒီေန႔ က်ေနာ္တို႔ ကခ်င္ျပည္နယ္က သတင္းေထာက္ ၅ ေယာက္လုံးျပန္လြတ္လာၿပီ။ 74 တို႔ Kachinwaves တို႔က သတင္းေထာက္ေတြလည္းပါတယ္။ အခုနကပဲ ေထာင္ေပါက္ဝမွာ က်ေနာ္နဲ႔ Video Call ေျပာၿပီးပါၿပီ။ ၆ လနဲ႔ ၄ ရက္ ေထာင္ထဲမွာ ေနလိုက္ရတယ္” ဟု ေျပာသည္။
Kachinwaves သတင္းဌာနက သတင္းေထာက္ ကိုလေရာ္လည္း ယေန႔ ျပန္လည္လြတ္လာၿပီလို႔ ၎သတင္း ဌာန၏ အယ္ဒီတာ က အတည္ျပဳေျပာသည္။
“လေရာ္အပါ ျမစ္ႀကီးနားသတင္းေထာက္ ၅ ေယာက္လြတ္လာတယ္ေပါ့။ သတင္းလိုက္ရင္းနဲ႔ ဘာမွ အျပစ္မရွိ ပဲ ဆႏၵထုတ္ေဖာ္တာကို သတင္းလိုက္ရင္း ၿဖိဳခြဲတဲ့အခ်ိန္မွာ ပါသြားတာဟုတ္တယ္။ ဘာမွ အျပစ္မရွိပဲ ေထာင္ ထဲမွာ ၅ လေက်ာ္ ၆လေက်ာ္ အခ်ိန္သြားျဖဳန္းလိုက္ရတယ္။ အဲ့အတြက္လည္း စိတ္မေကာင္းဘူး။ သြားဒုကၡခံ ေနရတယ္။ သူတို႔လြတ္ေျမာက္လာလို႔ ဝမ္းသာတယ္။ တျခားက်န္ရွိေနေသးတဲ့ သတင္းေထာက္ေတြလည္း တျခား ျပည္သူေတြေရာ၊ တျခားႏိုင္ငံေရးေခါင္းေဆာင္ေတြေရာ အျမန္ဆုံးလြတ္ေျမာက္လာဖို႔အတြက္ ေမွ်ာ္ လင့္တယ္။”
အလားတူ The 74 Media သတင္းဌာနက သတင္းေထာက္ မခ်န္ဘူလည္း ျပန္လြတ္လာၿပီဟု ကခ်င္ျပည္နယ္ အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။
သတင္းေထာက္မ်ားအား ယခုကဲ့သို႔ ျပန္လြတ္ေပးသည့္အေပၚ ျမစ္ႀကီးနားသတင္းဂ်ာနယ္ အယ္ဒီတာခ်ဳပ္ မဆိုင္းမိုင္ က လည္း “အဓိကေတာ့ နဂိုကတည္းကကို ဖမ္းသင့္တဲ့အမ်ိဳးမဟုတ္ဘူး။ ဘာျဖစ္လို႔လည္းဆို က် ေနာ္တို႔ သတင္းေထာက္ေတြက ဘာျပစ္မႈမွလည္း လုပ္ထားတာ မဟုတ္ဘူးေလ။ သတင္းေထာက္ဆိုတာ ျပစ္မႈ က်ဴးလြန္တဲ့လူေတြလည္း မဟုတ္ဘူးေလ။ သူ႔အလုပ္သူလုပ္ေနၾကတဲ့သူေတြေလေနာ္။ နဂိုကတည္းကေန ဖမ္း ရမယ့္ လူေတြ မဟုတ္တဲ့အတြက္ အခုလြတ္ေပးတဲ့အေပၚမွာလည္း က်ေနာ္တို႔က ေက်းဇူးမတင္ပါဘူး။ သတင္း ေထာက္ေတြ အတြက္ေတာ့ ဝမ္းသာတယ္။ AAPP ေျပာသလိုပဲ သူတို႔ရဲ႕ ကုန္ဆုံးသြားတဲ့ ၆ လကို ဘာနဲ႔ ေလ်ာ္ ေပးမွာလဲ၊ ေထာင္ထဲမွာ နစ္နာဆုံးရႈံးရတဲ့ အခ်ိန္ေတြ ဒဏ္ရာေတြ ဘာနဲ႔ကုစားေပးမွာလဲ စစ္ေကာင္စီက” ဟု ေျပာသည္။
The 74 media က သတင္းေထာက္ မခ်န္ဘူ ႏွင့္ Kachinwaves သတင္းဌာနက ကိုလေရာ္တို႔ႏွစ္ဦးကို မတ္လ ၂၉ ရက္ေန႔ ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္မွ သပိတ္စစ္ေၾကာင္းခံတပ္ အၾကမ္းဖက္ၿဖိဳခြင္း ခံရၿပီးေနာက္ စစ္ေကာင္ စီတပ္ဖြဲ႕ဝင္မ်ားက ႐ိုက္ႏွက္ဖမ္းဆီးသြားခဲ့ၿပီးေနာက္ ၆ လေက်ာ္အၾကာတြင္ ျပန္လြတ္ေပးျခင္း ျဖစ္သည္။
ထို႔အျပင္ ျမစ္ႀကီးနားသတင္းဂ်ာနယ္က သတင္းေထာက္ ကိုအဂ်ဲ၊ ခရစၥတိုဖာ တို႔ကို ဧၿပီလ ၁၃ ရက္ေန႔က စစ္ ေကာင္စီက ဖမ္းဆီးသြားျခင္းျဖစ္ၿပီး မမ်ိဳးျမတ္ျမတ္ပန္ကိုေတာ့ ဧၿပီလ ၁၄ ရက္ေန႔တြင္ သူမ၏ေနအိမ္မွ ဖမ္း ဆီးသြားျခင္းျဖစ္သည္။
ယေန႔ျပန္လြတ္လာသည့္ ကခ်င္သတင္းသမား ၅ ဦးစလုံးကို စစ္ေကာင္စီက ပုဒ္မ ၅၀၅ (က)ျဖင့္ တရားစြဲဆိုခဲ့ၿပီး အမႈရင္ဆိုင္ေနရင္းမွ အာဏာသိမ္းေခါင္းေဆာင္က လူသားခ်င္း စာနာေထာက္ထားျခင္း၊ ျပည္သူလူထု ႏွလုံး စိတ္ဝမ္း ေအးခ်မ္းေစရန္ႏွင့္ ႏိုင္ငံေတာ္ တည္ေဆာက္ေရးတြင္ ပါဝင္ႏိုင္ေစရန္ ျမန္မာတစ္ႏိုင္ငံလုံးရွိ အက်ဥ္း ေထာင္မ်ားမွ အက်ဥ္းသူ/သားမ်ားကို ျပန္လြတ္ေပးမည္ဟု ေျပာဆိုၿပီးေနာက္ ျပန္လြတ္လာၾကျခင္း ျဖစ္သည္။
ဓါတ္ပုံ – Crd