ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ စည်းရုံးရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ USDP ၏ စည်းရုံးရေးမှူး တစ်ဦး အောက်တိုဘာလ ၁၉ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ပစ်သတ်ခံလိုက်ရသည်။
အသက် ၄၅ နှစ်အရွယ် USDP ပါတီ စည်းရုံးရေးမှူး ဦးထိန်လင်းသည် ဆိုင်ကယ် တက္ကစီမောင်းနေစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။
မျက်မြင်တွေ့ရှိလိုက်သူ တစ်ဦး က “ကိုထိန်လင်းက သူ့ဆိုင်ကယ်ပေါ်မှာ ခွထိုင်နေပြီး တခြား တစ်ယောက်နဲ့ စကားပြောနေတုန်း ယမ်းပန်းဖေါက်သံလို အသံနှစ်ချက်ကြားလိုက်ရတယ်။ နောက်တော့ ဆိုင်ကယ်ပေါ်က ပြုတ် ကျသွားတယ်။ စကားရပ်ပြောနေတဲ့သူက အနားမှာရပ်ထားတဲ့ ဆိုင်ကယ်ပေါ် တက်မောင်းထွက်သွား တာ” ဟု ပြောသည်။
မြိတ်တောင်နယ်မြေ မြို့သစ်ရပ် အောင်ဆန်းလမ်းမကြီးနှင့် ဦးမြတ်လေးလမ်းမကြီး လမ်းဆုံရှိ မောင်သူ ကွန်ပြူ တာ၊ မိတ္တူနှင့် စာစီစာရိုက်ဆိုင်အရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူက ပြောသည်။
ပစ်ခတ်ခဲ့သူသည် အခြားဆိုင်ကယ်တစီးနှင့် အတူ ပြန်လည်ထွက်သွားခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
ဤပစ်ခတ်မှုကို People Defence Force Myeik ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၎င်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပစ်ခတ်မှု ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ၎င်းတို့၏ လူမှုကွန်ယက်တွင် ထုတ်ပြန် ကြေညာသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် မြစ်ငယ်ရပ်ရေကန်ဘောင်အနီးနေထိုင်သူဖြစ်ကာ အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ကိုထိန်လင်းသည် ဆိုင်ကယ်တက္ကစီဆွဲနေပြီး မှုခင်းသတင်းအဖွဲ့တွင် ပါဝင်ကာ သတင်းပေးလုပ်နေသူဟု အများက ယုံကြည်ထားသူ ဖြစ်သည် ဟု ရေနံမြေရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“သူက ဆိုင်ကယ်တက္ကစီ ဆွဲနေပြီး စစ်တပ်နဲ့ပေါင်းပြီးတော့ လေလုံးလည်းကြီးတယ်။ နောက် သူ့ကြောင့် မြိတ် မှာ အတော်များများ အဖမ်းခံရတယ် ဆိုတာမျိုး ပြောနေကြတာလဲရှိတယ်” ဟု ပြောသည်။
မြိတ်မြို့တွင် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်စဉ်မျိုးသည် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးသော ပစ်ခတ်ခံရမှု ဖြစ် သည်ဟု ဒေသခံများက ဆိုသည်။
*** ZAWGYI ***
ႀကံ့ခိုင္ ဖြံ႕ၿဖိဳးေရး ပါတီ စည္း႐ုံးေရးမႉး တစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၀ ရက္။
ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳး ေရးပါတီ USDP ၏ စည္း႐ုံးေရးမႉး တစ္ဦး ေအာက္တိုဘာလ ၁၉ ရက္ေန႔က တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕ေပၚတြင္ ပစ္သတ္ခံလိုက္ရသည္။
အသက္ ၄၅ ႏွစ္အ႐ြယ္ USDP ပါတီ စည္း႐ုံးေရးမႉး ဦးထိန္လင္းသည္ ဆိုင္ကယ္ တကၠစီေမာင္းေနစဥ္ ပစ္သတ္ခံရျခင္း ျဖစ္သည္ဟု မ်က္ျမင္သက္ေသ တစ္ဦးက ေျပာသည္။
မ်က္ျမင္ေတြ႕ရွိလိုက္သူ တစ္ဦး က “ကိုထိန္လင္းက သူ႔ဆိုင္ကယ္ေပၚမွာ ခြထိုင္ေနၿပီး တျခား တစ္ေယာက္နဲ႔ စကားေျပာေနတုန္း ယမ္းပန္းေဖါက္သံလို အသံႏွစ္ခ်က္ၾကားလိုက္ရတယ္။ ေနာက္ေတာ့ ဆိုင္ကယ္ေပၚက ျပဳတ္ က်သြားတယ္။ စကားရပ္ေျပာေနတဲ့သူက အနားမွာရပ္ထားတဲ့ ဆိုင္ကယ္ေပၚ တက္ေမာင္းထြက္သြား တာ” ဟု ေျပာသည္။
ၿမိတ္ေတာင္နယ္ေျမ ၿမိဳ႕သစ္ရပ္ ေအာင္ဆန္းလမ္းမႀကီးႏွင့္ ဦးျမတ္ေလးလမ္းမႀကီး လမ္းဆုံရွိ ေမာင္သူ ကြန္ျပဴ တာ၊ မိတၱဴႏွင့္ စာစီစာ႐ိုက္ဆိုင္အေရွ႕တြင္ ပစ္ခတ္ခံရျခင္းျဖစ္သည္ဟု သူက ေျပာသည္။
ပစ္ခတ္ခဲ့သူသည္ အျခားဆိုင္ကယ္တစီးႏွင့္ အတူ ျပန္လည္ထြက္သြားခဲ့သည္ဟု မ်က္ျမင္ေတြ႕သူမ်ားက ေျပာသည္။
ဤပစ္ခတ္မႈကို People Defence Force Myeik ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မွ ၎တို႔ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ပစ္ခတ္မႈ ျဖစ္ပြားၿပီး နာရီပိုင္းအတြင္း ၎တို႔၏ လူမႈကြန္ယက္တြင္ ထုတ္ျပန္ ေၾကညာသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရသူသည္ ျမစ္ငယ္ရပ္ေရကန္ေဘာင္အနီးေနထိုင္သူျဖစ္ကာ အခင္းျဖစ္ပြားသည့္ ေနရာတြင္ပင္ ေသဆုံးသြားခဲ့သည္။
ကိုထိန္လင္းသည္ ဆိုင္ကယ္တကၠစီဆြဲေနၿပီး မႈခင္းသတင္းအဖြဲ႕တြင္ ပါဝင္ကာ သတင္းေပးလုပ္ေနသူဟု အမ်ားက ယုံၾကည္ထားသူ ျဖစ္သည္ ဟု ေရနံေျမရပ္ကြက္တြင္ ေနထိုင္သူ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။
“သူက ဆိုင္ကယ္တကၠစီ ဆြဲေနၿပီး စစ္တပ္နဲ႔ေပါင္းၿပီးေတာ့ ေလလုံးလည္းႀကီးတယ္။ ေနာက္ သူ႔ေၾကာင့္ ၿမိတ္ မွာ အေတာ္မ်ားမ်ား အဖမ္းခံရတယ္ ဆိုတာမ်ိဳး ေျပာေနၾကတာလဲရွိတယ္” ဟု ေျပာသည္။
ၿမိတ္ၿမိဳ႕တြင္ ယခုကဲ့သို႔ ပစ္ခတ္မႈ ျဖစ္စဥ္မ်ိဳးသည္ စစ္အာဏာသိမ္းၿပီးေနာက္ ပထမဆုံးေသာ ပစ္ခတ္ခံရမႈ ျဖစ္ သည္ဟု ေဒသခံမ်ားက ဆိုသည္။