လေယာဉ်ပျံသန်းမှု၊ ညပိုင်း ပစ်ခတ်မှုများကြောင့် မကွေး ဒေသခံများ ထိတ်လန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်‌၊ အောက်တိုဘာလ ၂၀ ရက်.။

မကွေး လေတပ်စခန်းမှ တိုက်လေယာဉ်များ ညစဉ်ဆက်တိုက် ပျံသန်းနေသည့်အပြင် မကွေးမြို့ပေါ်ရှိ ရပ်ကွက် အချို့တွင်လည်း ည ၁၂ နာရီ အချိန်အခန့်တွင် စစ်ကောင်စီတပ်က သေနတ်များဖြင့် ပစ်ခတ်မှုများရှိနေသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

လေတပ်လေယာဉ်များက ညစဉ်ဆက်တိုက် လေယာဉ်များ ပျံသန်းနေပြီး အနီးအနားတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

မကွေးမြို့နယ် နွားကူးကျေးရွာမှ အသက် ၄၀ ခန့်ရှိ ဒေသခံတစ်ဦးက “ညက သေနတ်နဲ့ အသားလွတ် ၇ ချက် လောက်ပစ်တယ်။ ညတိုင်း လိုလို လေတပ်က လေယာဉ်တွေ တဝေါဝေါ နဲ့ ပျံနေတယ်။ အလုပ်အကိုင် အဆင်မ ပြေရတဲ့ကြားထဲ ကျီးလန့်စာ စားရသလို အထိတ်တလန့်ဖြစ်နေရတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တိုက်လေယာဉ်များက မိုးသည်းထန်စွာ ရွာသွန်းသည့် ညများမှ လွဲ၍ ညစဉ် ပျံသန်းမှုများ ပြုလုပ်နေခြင်း၊ မကြာခဏ သေနတ်များဖြင့် ပစ်ခတ်နေမှုတို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ် ထိတ်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်များက အောက်တိုဘာလ ညပိုင်းများတွင် ညစဉ်ညတိုင်း တောင်အရပ်၊ အနောက်မြောက်များသို့ ဦးတည်၍ ပျံသန်းနေခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၂၀၂၁ ဇန်နဝါရီလကုန် အထိ ငြိမ်းချမ်းစွာနေခဲ့ရပြီး စစ်အာဏာသိမ်း ကတည်းက ထိတ်လန့်နေရကြောင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ထားသောလည်း ယခုကဲ့သို့ တိုက်ပွဲများတွင် လေယာဉ်သံ များ၊ သေနတ်သံများကြောင့် ညအိပ်လျှင်ရသည်ပင် အဆင်မပြေဖြစ်နေကြရသည်ဟု မကွေးမြို့က အသက် ၆၀ ကျော် အမျိုးသားတစ်ဦး က ပြောသည်။

ထို့အပြင် မကွေးမြို့ အဝင်/အထွက်ပြုလုပ်ရသည့် စစ်ဆေးရေးဂိတ်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူများသာ ဆေးထိုးပြီးကြောင်း ထောက်ခံစာဖြင့် ဝင်ထွက်သွားလာခွင့်ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ၏ ရှေ့တွင် ဆိုင်ကယ်များကို တွန်း၍သွားလာ ဝင်ထွက်နေကြရသည်ဟု သိရသည်။

*** ZAWGYI ***
ေလယာဥ္ပ်ံသန္းမႈ၊ ညပိုင္း ပစ္ခတ္မႈမ်ားေၾကာင့္ မေကြး ေဒသခံမ်ား ထိတ္လန႔္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္‌၊ ေအာက္တိုဘာလ ၂၀ ရက္.။

မေကြး ေလတပ္စခန္းမွ တိုက္ေလယာဥ္မ်ား ညစဥ္ဆက္တိုက္ ပ်ံသန္းေနသည့္အျပင္ မေကြးၿမိဳ႕ေပၚရွိ ရပ္ကြက္ အခ်ိဳ႕တြင္လည္း ည ၁၂ နာရီ အခ်ိန္အခန႔္တြင္ စစ္ေကာင္စီတပ္က ေသနတ္မ်ားျဖင့္ ပစ္ခတ္မႈမ်ားရွိေနသည့္ အတြက္ ေဒသခံျပည္သူမ်ား စိုးရိမ္ထိတ္လန႔္ေနၾကသည္။

ေလတပ္ေလယာဥ္မ်ားက ညစဥ္ဆက္တိုက္ ေလယာဥ္မ်ား ပ်ံသန္းေနၿပီး အနီးအနားတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေသနတ္မ်ားျဖင့္ ပစ္ခတ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

မေကြးၿမိဳ႕နယ္ ႏြားကူးေက်း႐ြာမွ အသက္ ၄၀ ခန႔္ရွိ ေဒသခံတစ္ဦးက “ညက ေသနတ္နဲ႔ အသားလြတ္ ၇ ခ်က္ ေလာက္ပစ္တယ္။ ညတိုင္း လိုလို ေလတပ္က ေလယာဥ္ေတြ တေဝါေဝါ နဲ႔ ပ်ံေနတယ္။ အလုပ္အကိုင္ အဆင္မ ေျပရတဲ့ၾကားထဲ က်ီးလန႔္စာ စားရသလို အထိတ္တလန႔္ျဖစ္ေနရတယ္” ဟု ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ားက မိုးသည္းထန္စြာ ႐ြာသြန္းသည့္ ညမ်ားမွ လြဲ၍ ညစဥ္ ပ်ံသန္းမႈမ်ား ျပဳလုပ္ေနျခင္း၊ မၾကာခဏ ေသနတ္မ်ားျဖင့္ ပစ္ခတ္ေနမႈတို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ ထိတ္လန႔္ေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

မေကြးေလတပ္စခန္းမွ တိုက္ေလယာဥ္မ်ားက ေအာက္တိုဘာလ ညပိုင္းမ်ားတြင္ ညစဥ္ညတိုင္း ေတာင္အရပ္၊ အေနာက္ေျမာက္မ်ားသို႔ ဦးတည္၍ ပ်ံသန္းေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

၂၀၂၁ ဇန္နဝါရီလကုန္ အထိ ၿငိမ္းခ်မ္းစြာေနခဲ့ရၿပီး စစ္အာဏာသိမ္း ကတည္းက ထိတ္လန႔္ေနရေၾကာင္း စစ္ေကာင္စီက အပစ္အခတ္ရပ္စဲေရးထုတ္ျပန္ထားေသာလည္း ယခုကဲ့သို႔ တိုက္ပြဲမ်ားတြင္ ေလယာဥ္သံ မ်ား၊ ေသနတ္သံမ်ားေၾကာင့္ ညအိပ္လွ်င္ရသည္ပင္ အဆင္မေျပျဖစ္ေနၾကရသည္ဟု မေကြးၿမိဳ႕က အသက္ ၆၀ ေက်ာ္ အမ်ိဳးသားတစ္ဦး က ေျပာသည္။

ထို႔အျပင္ မေကြးၿမိဳ႕ အဝင္/အထြက္ျပဳလုပ္ရသည့္ စစ္ေဆးေရးဂိတ္မ်ားတြင္လည္း ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးၿပီးသူမ်ားသာ ေဆးထိုးၿပီးေၾကာင္း ေထာက္ခံစာျဖင့္ ဝင္ထြက္သြားလာခြင့္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

အဆိုပါ စစ္ေဆးေရးဂိတ္မ်ားတြင္ လုံၿခဳံေရးယူထားသည့္ စစ္ေကာင္စီတပ္သားမ်ား၏ ေရွ႕တြင္ ဆိုင္ကယ္မ်ားကို တြန္း၍သြားလာ ဝင္ထြက္ေနၾကရသည္ဟု သိရသည္။