ဖားကန့်မှ သတင်းသမား လွတ်မလာသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
ကချင်ပြည်နယ်မှ သတင်းသမားအချို့ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဖားကန့်မြို့က အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးမှာ ညနေ ၆ နာရီ အချိန်ထိ ပြန်လည် လွတ်မြှောက်လာ ခြင်းမရှိသေးဟု မိသားစုဝင်များက ပြောသည်။
“အခုအချိန်ထိ ပြန်မလွတ်သေးပါဘူး။ ဆန္ဒပြတုန်းက ဖမ်းထားတဲ့ ဖားကန့်က ရှစ်ယောက်လွတ်တယ်။ ကိုနောင် ရိုး တော့ မပါလာသေးဘူး” ဟု မိသားစုဝင် တစ်ဦး က ပြောသည်။
ဖားကန့်မြို့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဧပြီလ ၉ရက်နေ့၊ နံနက် ၉ နာရီ ကျော် အချိန်ခန့်က ဖား ကန့်မြို့အဝင် ပန်းတင်တံတားအနီးတွင် စစ်တပ်က ဖမ်းဆီးသွားပြီး ပုဒ်မ ၅၀၅-က အပြင် လိုင်စင်မဲ့ ဆိုင်ကယ်စီး နှင်မှု ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် အရေးယူခံထားရခြင်း ဖြစ်သည်။
ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူများထဲတွင် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ၊ The 74 media မှ မချန်ဘူ၊ Kachinwaves သတင်းဌာနက ကိုလရော် တို့ ပါဝင်သည်။
သတင်းထောက် မချန်ဘူနှင့် ကိုလရော်သည် မတ်လ ၂၉ ရက်နေ့က သတင်းယူနေစဉ် အဖမ်းခံခဲ့ပြီး မြစ်ကြီးနား အကျဉ်းထောင်တွင် ၆ လ ကျော်အကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
အလားတူ မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက် ကိုအဂျဲ၊ ကိုခရစ္စတိုဖာ ဧပြီလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခံ ခဲ့ရပြီး နောက်တစ်ရက် ဧပြီလ ၁၄ ရက်နေ့တွင် မမျိုးမြတ်မြတ်ပန်ကို သူမ၏ နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် သတင်းယူရင်း အဖမ်းခံရသည့် သတင်းထောက် များကို တပ်မတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
*** ZAWGYI ***
ဖားကန႔္မွ သတင္းသမား လြတ္မလာေသး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၀ ရက္။
ကခ်င္ျပည္နယ္မွ သတင္းသမားအခ်ိဳ႕ ကို ျပန္လႊတ္ေပးခဲ့ေသာ္လည္း ဖားကန႔္ၿမိဳ႕က အလြတ္တန္း သတင္းေထာက္ ကိုေနာင္႐ိုးမွာ ညေန ၆ နာရီ အခ်ိန္ထိ ျပန္လည္ လြတ္ေျမႇာက္လာ ျခင္းမရွိေသးဟု မိသားစုဝင္မ်ားက ေျပာသည္။
“အခုအခ်ိန္ထိ ျပန္မလြတ္ေသးပါဘူး။ ဆႏၵျပတုန္းက ဖမ္းထားတဲ့ ဖားကန႔္က ရွစ္ေယာက္လြတ္တယ္။ ကိုေနာင္ ႐ိုး ေတာ့ မပါလာေသးဘူး” ဟု မိသားစုဝင္ တစ္ဦး က ေျပာသည္။
ဖားကန႔္ၿမိဳ႕ အလြတ္တန္းသတင္းေထာက္ ကိုေနာင္႐ိုးကို ဧၿပီလ ၉ရက္ေန႔၊ နံနက္ ၉ နာရီ ေက်ာ္ အခ်ိန္ခန႔္က ဖား ကန႔္ၿမိဳ႕အဝင္ ပန္းတင္တံတားအနီးတြင္ စစ္တပ္က ဖမ္းဆီးသြားၿပီး ပုဒ္မ ၅၀၅-က အျပင္ လိုင္စင္မဲ့ ဆိုင္ကယ္စီး ႏွင္မႈ ပို႔ကုန္ သြင္းကုန္ဥပေဒပုဒ္မ ၈ တို႔ျဖင့္ အေရးယူခံထားရျခင္း ျဖစ္သည္။
ယေန႔ ေအာက္တိုဘာလ ၁၉ ရက္ေန႔တြင္ ျမစ္ႀကီးနားအက်ဥ္းေထာင္မွ လြတ္လာသူမ်ားထဲတြင္ ကခ်င္ျပည္နယ္ အတြင္းရွိ ျမစ္ႀကီးနားသတင္းဂ်ာနယ္က သတင္းေထာက္ မမ်ိဳးျမတ္ျမတ္ပန္၊ ကိုအဂ်ဲ၊ ခရစၥတိုဖာ၊ The 74 media မွ မခ်န္ဘူ၊ Kachinwaves သတင္းဌာနက ကိုလေရာ္ တို႔ ပါဝင္သည္။
သတင္းေထာက္ မခ်န္ဘူႏွင့္ ကိုလေရာ္သည္ မတ္လ ၂၉ ရက္ေန႔က သတင္းယူေနစဥ္ အဖမ္းခံခဲ့ၿပီး ျမစ္ႀကီးနား အက်ဥ္းေထာင္တြင္ ၆ လ ေက်ာ္အၾကာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည္။
အလားတူ ျမစ္ႀကီးနားသတင္းဂ်ာနယ္ သတင္းေထာက္ ကိုအဂ်ဲ၊ ကိုခရစၥတိုဖာ ဧၿပီလ ၁၃ ရက္ေန႔တြင္ ဖမ္းဆီးခံ ခဲ့ရၿပီး ေနာက္တစ္ရက္ ဧၿပီလ ၁၄ ရက္ေန႔တြင္ မမ်ိဳးျမတ္ျမတ္ပန္ကို သူမ၏ ေနအိမ္မွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ားက ဖမ္းဆီးသြားခဲ့ျခင္း ျဖစ္သည္။
အာဏာသိမ္း စစ္ေကာင္စီကို ဆန႔္က်င္သည့္ ဆႏၵျပပြဲမ်ားတြင္ သတင္းယူရင္း အဖမ္းခံရသည့္ သတင္းေထာက္ မ်ားကို တပ္မေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ဥပေဒပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။