ကသာထောင်မှ နောက်ထပ် ၅၁ ဦး ထပ်လွှတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
အောက်တိုဘာ ၁၉ ရက်တွင် ကသာထောင်မှ အမျိုးသမီး ၃ ဦးအပါအဝင် လူ ၅၁ ဦးကို ထပ်မံ လွှတ်ပေးခဲ့သည်။
တပ်မတော်အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူများကို ဆက်လက် လွတ် ပေးနေခြင်းဖြစ်သည်။
အမျိုးသမီး ၃ ဦးမှာ ကသာမြို့က CDM ကျောင်းဆရာမတစ်ဦး၊ ဝန်သိုမြို့မှ စက်ချုပ်သည့် အမျိုးသမီး နှစ်ဦး ဖြစ်ပြီး မိုးတားကြီးမှ နှစ်ဦး၊ အင်းတော်မြို့ ခုနှစ်ဦး၊ ဗန်းမောက်မှ နှစ်ဦး၊ ထီးချိုင့်က တစ်ဦး၊ ဝန်းသိုက တစ်ဦး၊ ကောလင်းက ငါးဦး၊ ကသာက ငါးဦး တို့ကို နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် ပြန်လွတ်ပေးလိုက်ခြင်း ဖြစ်သည်။
ယခုပြန်လွတ်ပေးသူများက ခံဝန်ထိုးစရာမလိုသော အမိန့်မချသေးသည့် အချုပ်ဖြင့် ထောင်ကျနေသူများဖြစ်ပြီး ယမန်နေ့က လွတ်ပေးခဲ့သူများသည် အမိန့်ချမှတ်ခံရပြီး အကျဉ်းသားများဖြစ်၍ ခံဝန်ထိုးရကြောင်း ပြန်လည် လွတ်မြောက်လာသူ CDM ကျောင်း ဆရာတစ်ဦး က ပြောသည်။
အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီအချိန်ခန့်က ပုဒ်မ ၅၀၅-က ဖြင့် အရေးယူခံထားရသူ ၁၂ ဦး ကသာမြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ယခု ၅၁ ဦးထပ်မံလွတ်လာခြင်း ဖြစ်သည်။
အောက်တိုဘာလ ၁၈ ရက်နေ့က လွတ်လာ ၁၂ ဦး ထဲတွင် ထီးချိုင့် ၇ ဦး၊ ဝန်းသို ၁ ဦး၊ ပင်လယ်ဘူးမှ ၄ ဦးတို့ ဖြစ်ပြီး ၎င်းတို့ကို ခံဝန်ချုပ်ဖြင့် လွှတ်ပေးခြင်း ဖြစ်သည်။
*** ZAWGYI ***
ကသာေထာင္မွ ေနာက္ထပ္ ၅၁ ဦး ထပ္လႊတ္ေပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။
ေအာက္တိုဘာ ၁၉ ရက္တြင္ ကသာေထာင္မွ အမ်ိဳးသမီး ၃ ဦးအပါအဝင္ လူ ၅၁ ဦးကို ထပ္မံ လႊတ္ေပးခဲ့သည္။
တပ္မေတာ္အၾကည္အညိဳပ်က္ေစမႈ ဥပေဒ ပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဆီးထားသူမ်ားကို ဆက္လက္ လြတ္ ေပးေနျခင္းျဖစ္သည္။
အမ်ိဳးသမီး ၃ ဦးမွာ ကသာၿမိဳ႕က CDM ေက်ာင္းဆရာမတစ္ဦး၊ ဝန္သိုၿမိဳ႕မွ စက္ခ်ဳပ္သည့္ အမ်ိဳးသမီး ႏွစ္ဦး ျဖစ္ၿပီး မိုးတားႀကီးမွ ႏွစ္ဦး၊ အင္းေတာ္ၿမိဳ႕ ခုႏွစ္ဦး၊ ဗန္းေမာက္မွ ႏွစ္ဦး၊ ထီးခ်ိဳင့္က တစ္ဦး၊ ဝန္းသိုက တစ္ဦး၊ ေကာလင္းက ငါးဦး၊ ကသာက ငါးဦး တို႔ကို ေန႔လည္ ၁၂ နာရီ အခ်ိန္ခန႔္တြင္ ျပန္လြတ္ေပးလိုက္ျခင္း ျဖစ္သည္။
ယခုျပန္လြတ္ေပးသူမ်ားက ခံဝန္ထိုးစရာမလိုေသာ အမိန႔္မခ်ေသးသည့္ အခ်ဳပ္ျဖင့္ ေထာင္က်ေနသူမ်ားျဖစ္ၿပီး ယမန္ေန႔က လြတ္ေပးခဲ့သူမ်ားသည္ အမိန႔္ခ်မွတ္ခံရၿပီး အက်ဥ္းသားမ်ားျဖစ္၍ ခံဝန္ထိုးရေၾကာင္း ျပန္လည္ လြတ္ေျမာက္လာသူ CDM ေက်ာင္း ဆရာတစ္ဦး က ေျပာသည္။
ေအာက္တိုဘာ ၁၈ ရက္ ညေန ၃ နာရီအခ်ိန္ခန႔္က ပုဒ္မ ၅၀၅-က ျဖင့္ အေရးယူခံထားရသူ ၁၂ ဦး ကသာၿမိဳ႕ အက်ဥ္းေထာင္ကေန လြတ္ေျမာက္လာၿပီးေနာက္ ယခု ၅၁ ဦးထပ္မံလြတ္လာျခင္း ျဖစ္သည္။
ေအာက္တိုဘာလ ၁၈ ရက္ေန႔က လြတ္လာ ၁၂ ဦး ထဲတြင္ ထီးခ်ိဳင့္ ၇ ဦး၊ ဝန္းသို ၁ ဦး၊ ပင္လယ္ဘူးမွ ၄ ဦးတို႔ ျဖစ္ၿပီး ၎တို႔ကို ခံဝန္ခ်ဳပ္ျဖင့္ လႊတ္ေပးျခင္း ျဖစ္သည္။