ဥသျှစ်ပင် ရပ်ကွက်ရုံး ဗုံးကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ရှိ ရွှေပင်ရပ်ကွက်ရုံးကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ခွဲ အချိန်ခန့်က ပန်းတောင်း PDF အဖွဲ့က ဗုံးခွဲတိုက်ခဲ့ကြောင်း ကြေညာသည်။

ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က စစ်ကောင်စီ၏ နောက်မြှီးဆွဲ အုပ်ချုပ်ရေးမှူးများကို သတိ ပေးဖောက်ခွဲခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ပြည်သူများကိုလည်း စစ်ကောင်စီ၏ ရုံးများနှင့် နီးစပ်ရာနေရာ များမှ ရှောင်ရှားကြရန် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတိပေးထုတ်ပြန်ထားသည်။

”သူတို့က ဗုံးပေါက်တာတောင် မပြောရဲရှာဘူး။ ဂက်စ်ဗူး ပေါက်သလိုလို ပြောနေတယ်” ဟု ရွှေပင်ရပ်ကွက် နေ ဒေသခံ ပြည်သူ တစ်ဦး က ပြောသည်။

ဗုံးပေါက်ကွဲသံသည် ကျယ်လောင်မှု သိပ်မရှိလှကြောင်း ဒေသ ခံ တစ်ဦးက ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဥသျှစ်ပင်မြို့အနီး လဲကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် လည်း ဗုံးခွဲဖျက်ဆီး ခံခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

ဥသျှစ်ပင်မြို့တွင် ရွှေပင်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် ရတနာပုံရပ်ကွက် ဟူ၍ ရပ်ကွက် ၃ ခု ရှိသည်။

ထို့အပြင် ဥသျှစ်ပင်မြို့တွင် စစ်ကောင်စီပိုင် ကာကွယ်ရေးပစ္စည်း စက်ရုံနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အလုပ်ရုံများစွာရှိနေသည့် တပ်မြို့တစ်မြို့ ဖြစ်ကြောင်း သိရသည်။

*** ZAWGYI ***
ဥသွ်စ္ပင္ ရပ္ကြက္႐ုံး ဗုံးကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။

ပဲခူးတိုင္း ဥသွ်စ္ပင္ၿမိဳ႕ရွိ ေ႐ႊပင္ရပ္ကြက္႐ုံးကို ေအာက္တိုဘာလ ၂၀ ရက္ေန႔ နံနက္ ၅ နာရီ ခြဲ အခ်ိန္ခန႔္က ပန္းေတာင္း PDF အဖြဲ႕က ဗုံးခြဲတိုက္ခဲ့ေၾကာင္း ေၾကညာသည္။

ပန္းေတာင္းၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕က စစ္ေကာင္စီ၏ ေနာက္ျမႇီးဆြဲ အုပ္ခ်ဳပ္ေရးမႉးမ်ားကို သတိ ေပးေဖာက္ခြဲျခင္း ျဖစ္သည္ဟု ထုတ္ေဖာ္ေျပာဆိုထားၿပီး ျပည္သူမ်ားကိုလည္း စစ္ေကာင္စီ၏ ႐ုံးမ်ားႏွင့္ နီးစပ္ရာေနရာ မ်ားမွ ေရွာင္ရွားၾကရန္ လူမႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ သတိေပးထုတ္ျပန္ထားသည္။

”သူတို႔က ဗုံးေပါက္တာေတာင္ မေျပာရဲရွာဘူး။ ဂက္စ္ဗူး ေပါက္သလိုလို ေျပာေနတယ္” ဟု ေ႐ႊပင္ရပ္ကြက္ ေန ေဒသခံ ျပည္သူ တစ္ဦး က ေျပာသည္။

ဗုံးေပါက္ကြဲသံသည္ က်ယ္ေလာင္မႈ သိပ္မရွိလွေၾကာင္း ေဒသ ခံ တစ္ဦးက ေျပာသည္။

ထို႔အျပင္ ေအာက္တိုဘာလ ၂၀ ရက္ေန႔၊ နံနက္ပိုင္းတြင္ ဥသွ်စ္ပင္ၿမိဳ႕အနီး လဲေက်း႐ြာရွိ Mytel ဖုန္းတာဝါတိုင္ လည္း ဗုံးခြဲဖ်က္ဆီး ခံခဲ့ရသည့္ ျဖစ္စဥ္လည္း ရွိခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။

ဥသွ်စ္ပင္ၿမိဳ႕တြင္ ေ႐ႊပင္ရပ္ကြက္၊ ျပည္ေတာ္သာရပ္ကြက္ႏွင့္ ရတနာပုံရပ္ကြက္ ဟူ၍ ရပ္ကြက္ ၃ ခု ရွိသည္။

ထို႔အျပင္ ဥသွ်စ္ပင္ၿမိဳ႕တြင္ စစ္ေကာင္စီပိုင္ ကာကြယ္ေရးပစၥည္း စက္႐ုံႏွင့္ စက္မႈဝန္ႀကီးဌာန လက္ေအာက္ရွိ အလုပ္႐ုံမ်ားစြာရွိေနသည့္ တပ္ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေၾကာင္း သိရသည္။