သတင်းသမား ၁၇ ဦးသာ ပြန်လွတ်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းမီဒီယာသမား အနက် နှစ်ရက်အတွင်း ၁၇ ဦးသာ ပြန်လွတ်လာသည် ဟု Myanmar Press Freedom In-Depth (MPFI-D)က အောက်တိုဘာ ၂၁ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် သတင်းသမား စုစုပေါင်း ၁၀၁ ဦး အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး သီတင်းကျွတ်ကာလအတွင်း ၁၇ ဦး ပြန်လွတ်လာခဲ့သည်။
မြစ်ကြီးနားသတင်းဂျာနယ်က အယ်ဒီတာချုပ် မဆိုင်းမိုင် က “ပထမနေ့ကလည်း မပါလာတော့ စိတ်ပူနေတာ။ ဒုတိယနေ့လည်း ပါပါ့မလားပေါ့နော်၊ နောက်မှ ဖုန်းဆက်လာတာ သူတို့ သုံးယောက်လုံးလွတ်တယ်ပေါ့နော်။ ကျနော်တို့ဆို သူတို့ဖမ်းခံရလိုက်ရတော့ သတင်းလုပ်နေတာတွေကို အကုန်ရပ်ထားလိုက်ရတာ။ တကယ်ဆို ဘာပြစ်မှုမှ မလုပ်ပဲ ဖမ်းခံရတာလေနော်။ တရားခံလည်းမဟုတ်ဘူးလေနော်။ ကျေးဇူးတင်စရာလည်း ဘာ အကြောင်းမှ မရှိဘူး။ ဒါပေမယ့် အခုလိုလွတ်လာတော့ ဒီထောင်ထဲမှာ ခက်ခက်ခဲခဲနေနေရတယ်၊ မိသားစု နဲ့လည်း တွေ့ခွင့်မရဘူးလေနော်။ ဆိုတော့ လွတ်လာတာတော့ ဝမ်းသာတယ်။ ကျေးဇူးတော့ မတင်ဘူး” ဟု ပြောသည်။
စစ်ကောင်စီက အောက်တိုဘာလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့ နှစ်ရက်ဆက်တိုက် မြန်မာနိုင်ငံတဝှမ်း အကျဉ်း ထောင်များတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူများထဲမှ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများ၊ ပြစ်ဒဏ်ချမှတ်ခံထားရသူများကို ပြန်လွတ်ပေးရာတွင် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၃ ဦး အပါအဝင် နိုင်ငံတဝှမ်းက သတင်းသမားစုစုပေါင်း ၁၇ ဦး ပြန်လွတ်လာခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သီတင်းကျွတ်ကာလအတွင်း လွတ်ပေးမည့်သူများထဲတွင် သတင်းသမား အယောက် ၅၀ ပါသည်ဟု ထုတ်ပြန်ထားသော်လည်း နှစ်ရက်အတွင်း ပြန်လွတ်လာသူ ၁၇ ဦးသာ ရှိသေးသည်။
ရှမ်းမြောက်တွင် အခြေစိုက် သတင်းသမားတစ်ဦးကလည်း “၅၀၅ သမားတွေကို ပြန်လွတ်ပေးတာလို့တော့ ပြောတယ်။ ဒါပေမယ့် ၅၀၅-က သမားတွေ ကျန်တာလည်း ရှိသေးတယ်ဗျ။ တခြားအမှုတွေလည်း ကျန်သေး တယ်။ ရှမ်းပြည်နယ်ထဲမှာတော့ ပြန်လွတ်လာတာက ဓါတ်ပုံသတင်းထောက် တစ်ယောက်ပဲ ပါတယ်။ ကျန်တာ တွေက ပြန်မလွတ်သေးဘူးဗျ” ဟု ပြောသည်။
ရှမ်းပြည်နယ်အတွင်းက ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်း ရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ ဝန်ထမ်း စိုင်းစည်သူ၊ သံလွင်သွေးချင်းသတင်းဌာနမှ ဒေါ်မြဝန်းရံနှင့် ရွှေဖီ မြေ သတင်းထောက်ဟောင်း လွေးအမ်ဖောင်တို့ ယနေ့အချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်။
MPFI-D ၏ ပြုစုထားသည့် စာရင်းများအရ စစ်ကောင်စီက မတရားဖမ်းဆီးထားသော သတင်းသမား ၁၀၁ ဦး ရှိခဲ့သည့်အနက် ယခုရက်ပိုင်းတွင် ၁၇ ဦး ထပ်မံလွတ်လာခဲ့သည့်အတွက် ယခင်လများက ပြန်လွတ်လာသူများ နှင့် ပေါင်းလျှင် ယခုခါ သတင်းသမား စုစုပေါင်း ၆၆ ဦး ရှိပြီဖြစ်သည်ဟု သိရသည်။
ထောင်ထဲတွင် ဆက်လက်ဖမ်းဆီးခံထားရသူ သတင်းမီဒီယာသမား ၃၅ ဦး ကျန်နေသေးသည်ဟု Myanmar Press Freedom In-Depth (MPFI-D)က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတင်းသမားများကို ဖမ်းဆီး ခဲ့သည့်အပြင် သတင်းဌာန ၈ ခု ကိုလည်း ထုတ်ဝေခွင့်များ ဖျက်သိမ်းခဲ့သည်။
ထို့ကြောင့် သတင်းသမားအများစုနှင့် သတင်းဌာနများသည် လွတ်မြောက်နယ်မြေများ၊ နယ်စပ်ဒေသများနှင့် အချို့ သည် အိမ်နီးချင်းနိုင်ငံများ သို့ ထွက်ပြေးပြောင်းရွှေ့ပြီး သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေကြရ သည်။
နိုင်ငံရေးနှင့်ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၁၃၁၆ ဦးနှင့် တရားရင်ဆိုင်နေရသူ ၄၃၂၀ ဦး ကို စစ် ကောင် စီက ပြန်လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း လွတ်မြောက်လာသူဦးရေ အတိအကျနှင့် ပတ် သက် ၍ စာရင်းအတိအကျ အတည်ပြုနိုင်ရေး ခက်ခဲနေသည်။
ယခုပြန်လွတ်လာသူများထဲတွင် ပြန်လည်ဖမ်းဆီးခံရသူများလည်း ရှိနေသည်ဟု ဒေသအခြေစိုက် သတင်းမီဒီ ယာ အသီးသီး၏ သတင်းများအရ သိရသည်။
*** ZAWGYI ***
သတင္းသမား ၁၇ ဦးသာ ျပန္လြတ္ေသး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။
စစ္ေကာင္စီက ဖမ္းဆီးထားသည့္ သတင္းမီဒီယာသမား အနက္ ႏွစ္ရက္အတြင္း ၁၇ ဦးသာ ျပန္လြတ္လာသည္ ဟု Myanmar Press Freedom In-Depth (MPFI-D)က ေအာက္တိုဘာ ၂၁ ရက္ေန႔ တြင္ ထုတ္ျပန္လိုက္သည္။
ျမန္မာႏိုင္ငံတြင္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွစတင္၍ စစ္ေကာင္စီက အာဏာသိမ္းယူၿပီးေနာက္ သတင္းသမား စုစုေပါင္း ၁၀၁ ဦး အဖမ္းခံခဲ့ရျခင္းျဖစ္ၿပီး သီတင္းကြၽတ္ကာလအတြင္း ၁၇ ဦး ျပန္လြတ္လာခဲ့သည္။
ျမစ္ႀကီးနားသတင္းဂ်ာနယ္က အယ္ဒီတာခ်ဳပ္ မဆိုင္းမိုင္ က “ပထမေန႔ကလည္း မပါလာေတာ့ စိတ္ပူေနတာ။ ဒုတိယေန႔လည္း ပါပါ့မလားေပါ့ေနာ္၊ ေနာက္မွ ဖုန္းဆက္လာတာ သူတို႔ သုံးေယာက္လုံးလြတ္တယ္ေပါ့ေနာ္။ က်ေနာ္တို႔ဆို သူတို႔ဖမ္းခံရလိုက္ရေတာ့ သတင္းလုပ္ေနတာေတြကို အကုန္ရပ္ထားလိုက္ရတာ။ တကယ္ဆို ဘာျပစ္မႈမွ မလုပ္ပဲ ဖမ္းခံရတာေလေနာ္။ တရားခံလည္းမဟုတ္ဘူးေလေနာ္။ ေက်းဇူးတင္စရာလည္း ဘာ အေၾကာင္းမွ မရွိဘူး။ ဒါေပမယ့္ အခုလိုလြတ္လာေတာ့ ဒီေထာင္ထဲမွာ ခက္ခက္ခဲခဲေနေနရတယ္၊ မိသားစု နဲ႔လည္း ေတြ႕ခြင့္မရဘူးေလေနာ္။ ဆိုေတာ့ လြတ္လာတာေတာ့ ဝမ္းသာတယ္။ ေက်းဇူးေတာ့ မတင္ဘူး” ဟု ေျပာသည္။
စစ္ေကာင္စီက ေအာက္တိုဘာလ ၁၉ ရက္ေန႔ ႏွင့္ ၂၀ ရက္ေန႔ ႏွစ္ရက္ဆက္တိုက္ ျမန္မာႏိုင္ငံတဝွမ္း အက်ဥ္း ေထာင္မ်ားတြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္း ခံထားရသူမ်ားထဲမွ ပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဆီးတရားစြဲခံထားရသူမ်ား၊ ျပစ္ဒဏ္ခ်မွတ္ခံထားရသူမ်ားကို ျပန္လြတ္ေပးရာတြင္ ျမစ္ႀကီးနားသတင္းဂ်ာနယ္က သတင္းေထာက္ ၃ ဦး အပါအဝင္ ႏိုင္ငံတဝွမ္းက သတင္းသမားစုစုေပါင္း ၁၇ ဦး ျပန္လြတ္လာခဲ့သည္။
စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သီတင္းကြၽတ္ကာလအတြင္း လြတ္ေပးမည့္သူမ်ားထဲတြင္ သတင္းသမား အေယာက္ ၅၀ ပါသည္ဟု ထုတ္ျပန္ထားေသာ္လည္း ႏွစ္ရက္အတြင္း ျပန္လြတ္လာသူ ၁၇ ဦးသာ ရွိေသးသည္။
ရွမ္းေျမာက္တြင္ အေျခစိုက္ သတင္းသမားတစ္ဦးကလည္း “၅၀၅ သမားေတြကို ျပန္လြတ္ေပးတာလို႔ေတာ့ ေျပာတယ္။ ဒါေပမယ့္ ၅၀၅-က သမားေတြ က်န္တာလည္း ရွိေသးတယ္ဗ်။ တျခားအမႈေတြလည္း က်န္ေသး တယ္။ ရွမ္းျပည္နယ္ထဲမွာေတာ့ ျပန္လြတ္လာတာက ဓါတ္ပုံသတင္းေထာက္ တစ္ေယာက္ပဲ ပါတယ္။ က်န္တာ ေတြက ျပန္မလြတ္ေသးဘူးဗ်” ဟု ေျပာသည္။
ရွမ္းျပည္နယ္အတြင္းက ကေမာၻဇတိုင္းသတင္းဌာနမွ တာဝန္ခံအယ္ဒီတာ နန္းနန္းတိုင္း၊ သတင္းေထာက္ နန္းဝင္း ရီ၊ ထုတ္ေဝသူ ဦးတင္ေအာင္ေက်ာ္၊ ဝန္ထမ္း စိုင္းစည္သူ၊ သံလြင္ေသြးခ်င္းသတင္းဌာနမွ ေဒၚျမဝန္းရံႏွင့္ ေ႐ႊဖီ ေျမ သတင္းေထာက္ေဟာင္း ေလြးအမ္ေဖာင္တို႔ ယေန႔အခ်ိန္ထိ ဖမ္းဆီးခံထားရဆဲျဖစ္သည္။
MPFI-D ၏ ျပဳစုထားသည့္ စာရင္းမ်ားအရ စစ္ေကာင္စီက မတရားဖမ္းဆီးထားေသာ သတင္းသမား ၁၀၁ ဦး ရွိခဲ့သည့္အနက္ ယခုရက္ပိုင္းတြင္ ၁၇ ဦး ထပ္မံလြတ္လာခဲ့သည့္အတြက္ ယခင္လမ်ားက ျပန္လြတ္လာသူမ်ား ႏွင့္ ေပါင္းလွ်င္ ယခုခါ သတင္းသမား စုစုေပါင္း ၆၆ ဦး ရွိၿပီျဖစ္သည္ဟု သိရသည္။
ေထာင္ထဲတြင္ ဆက္လက္ဖမ္းဆီးခံထားရသူ သတင္းမီဒီယာသမား ၃၅ ဦး က်န္ေနေသးသည္ဟု Myanmar Press Freedom In-Depth (MPFI-D)က ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီက သတင္းသမားမ်ားကို ဖမ္းဆီး ခဲ့သည့္အျပင္ သတင္းဌာန ၈ ခု ကိုလည္း ထုတ္ေဝခြင့္မ်ား ဖ်က္သိမ္းခဲ့သည္။
ထို႔ေၾကာင့္ သတင္းသမားအမ်ားစုႏွင့္ သတင္းဌာနမ်ားသည္ လြတ္ေျမာက္နယ္ေျမမ်ား၊ နယ္စပ္ေဒသမ်ားႏွင့္ အခ်ိဳ႕ သည္ အိမ္နီးခ်င္းႏိုင္ငံမ်ား သို႔ ထြက္ေျပးေျပာင္းေ႐ႊ႕ၿပီး သတင္းအလုပ္ကို ဆက္လက္လုပ္ကိုင္ေနၾကရ သည္။
ႏိုင္ငံေရးႏွင့္ဆက္ႏြယ္ၿပီး ျပစ္ဒဏ္ခ်မွတ္ျခင္းခံရသူ ၁၃၁၆ ဦးႏွင့္ တရားရင္ဆိုင္ေနရသူ ၄၃၂၀ ဦး ကို စစ္ ေကာင္ စီက ျပန္လႊတ္ေပးမည္ဟု ထုတ္ျပန္ေၾကညာခဲ့ေသာ္လည္း လြတ္ေျမာက္လာသူဦးေရ အတိအက်ႏွင့္ ပတ္ သက္ ၍ စာရင္းအတိအက် အတည္ျပဳႏိုင္ေရး ခက္ခဲေနသည္။
ယခုျပန္လြတ္လာသူမ်ားထဲတြင္ ျပန္လည္ဖမ္းဆီးခံရသူမ်ားလည္း ရွိေနသည္ဟု ေဒသအေျခစိုက္ သတင္းမီဒီ ယာ အသီးသီး၏ သတင္းမ်ားအရ သိရသည္။