NLD တနင်္သာရီ တိုင်းရုံး ဗုံးပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
ထားဝယ်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ တနင်္သာရီတိုင်းရုံးသည် အင်အားပြင်း ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦး ပြိုကျပျက်စီးသွား ခဲ့သည် ဟု ဒေသခံများနှင့် NLD အဖွဲ့တာဝန်ရှိသူများ က ပြောသည်။
ဗုံးပေါက်ကွဲချိန်သည် ပြည်သူများ သွားလာမရသည့် အချိန်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အဖွဲ့များသာ သွားလာနိုင်သော အချိန်ဖြစ်သည်ဟု ကရပ်ပြင် မြောက်ရပ်ကွက်နေထိုင်သူ တစ်ဦးက ပြောသည်။
“မသင်္ကာစရာ သတိထားမိတာတော့ အဲ့ဒီ ရုံးနားမှာလာရပ်ပြီးနေတာတို့၊မကြာခဏ ကင်းလာလှည့်နေတာတို့ကို အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီးလှည့်နေတို့လုပ်နေတာ ၂ရက်လောက်တော့ရှိမယ်” လို့ အဆိုပါရပ်ကွက်မှာ နေထိုင် သူ အသက်၃၅နှစ်ခန့်အရွယ် အမျိုးသားတဦးကပြောသည်။
အောက်တိုဘာ ၂၀ ရက်နေ့၊ နံနက် နှစ်နာရီခွဲဝန်းကျင် အချိန်ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရုံးအနီးရှိ အိမ်အချို့ ကိုလည်း အင်္ဂတေနှင့် အုတ်ခဲအစအနများ ထိမှန်ခဲ့သည်ဟု ပြောသည်။
သို့သော် လူသူထိခိုက်မှုတော့ မရှိဟု ဒေသခံများက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိမေးမြန်းနိုင်ရန်အတွက် ထားဝယ်မြို့မ ရဲစခန်းကို ဆက်သွယ် ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများကို ဖေါက်ခွဲဖျက်စီးသည်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့မနက်မှာလည်း မြိတ်ခရိုင်/မြို့နယ် NLD ရုံးချုပ် လည်း ဗုံးဖောက်ခွဲခြင်း ခံရသည်။
*** ZAWGYI ***
NLD တနသၤာရီ တိုင္း႐ုံး ဗုံးေပါက္ကြဲမႈေၾကာင့္ ၿပိဳက်ပ်က္စီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။
ထားဝယ္ၿမိဳ႕ရွိ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ တနသၤာရီတိုင္း႐ုံးသည္ အင္အားျပင္း ဗုံးေပါက္ကြဲမႈေၾကာင့္ အေဆာက္အဦး ၿပိဳက်ပ်က္စီးသြား ခဲ့သည္ ဟု ေဒသခံမ်ားႏွင့္ NLD အဖြဲ႕တာဝန္ရွိသူမ်ား က ေျပာသည္။
ဗုံးေပါက္ကြဲခ်ိန္သည္ ျပည္သူမ်ား သြားလာမရသည့္ အခ်ိန္ျဖစ္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပ်ဴေစာထီး အဖြဲ႕မ်ားသာ သြားလာႏိုင္ေသာ အခ်ိန္ျဖစ္သည္ဟု ကရပ္ျပင္ ေျမာက္ရပ္ကြက္ေနထိုင္သူ တစ္ဦးက ေျပာသည္။
“မသကၤာစရာ သတိထားမိတာေတာ့ အဲ့ဒီ ႐ုံးနားမွာလာရပ္ၿပီးေနတာတို႔၊မၾကာခဏကင္းလာလွည့္ေနတာတို႔ကို အရပ္ဝတ္နဲ႔ ေသနတ္ကိုင္ၿပီးလွည့္ေနတို႔လုပ္ေနတာ ၂ရက္ေလာက္ေတာ့ရွိမယ္” လို႔ အဆိုပါရပ္ကြက္မွာ ေနထိုင္ သူ အသက္၃၅ႏွစ္ခန႔္အ႐ြယ္ အမ်ိဳးသားတဦးကေျပာသည္။
ေအာက္တိုဘာ ၂၀ ရက္ေန႔၊ နံနက္ ႏွစ္နာရီခြဲဝန္းက်င္ အခ်ိန္ခန႔္တြင္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ႐ုံးအနီးရွိ အိမ္အခ်ိဳ႕ ကိုလည္း အဂၤေတႏွင့္ အုတ္ခဲအစအနမ်ား ထိမွန္ခဲ့သည္ဟု ေျပာသည္။
သို႔ေသာ္ လူသူထိခိုက္မႈေတာ့ မရွိဟု ေဒသခံမ်ားက ဆိုသည္။
အဆိုပါ ေပါက္ကြဲမႈႏွင့္ပတ္သက္၍ အေသးစိတ္ သိရွိေမးျမန္းႏိုင္ရန္အတြက္ ထားဝယ္ၿမိဳ႕မ ရဲစခန္းကို ဆက္သြယ္ ခဲ့ ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။
ယခုရက္ပိုင္းအတြင္း တနသၤာရီတိုင္းအတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးမ်ားကို ေဖါက္ခြဲဖ်က္စီးသည္မွာ ဆက္တိုက္ဆိုသလို ျဖစ္ပြားလ်က္ရွိသည္။
ယမန္ေန႔ ေအာက္တိုဘာလ ၂၀ ရက္ေန႔မနက္မွာလည္း ၿမိတ္ခ႐ိုင္/ၿမိဳ႕နယ္ NLD ႐ုံးခ်ဳပ္ လည္း ဗုံးေဖာက္ခြဲျခင္း ခံရသည္။