သထုံတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း တစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးကျော်ဦးမှာ အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဦးကျော်ဦးသည် ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ၎င်း၏ နေအိမ်စျေးဆိုင်တွင် ရှိနေစဥ် သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“ဦးကျော်ဦးက အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တယ်။ သူ့ကို သေနတ်သမားနှစ်ဦးက အိမ်မှာပဲ လာပစ်သွားတယ်။ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်လို့ သိရတယ်။ သထုံမှာ ဒီလိုဖြစ်စဉ်တွေက ဆက်တိုက်ကို ဖြစ်လာနေ တယ်” ဟု သထုံဒေသခံတစ်ဦး က ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ဦး သည် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ သည်ဟု ဒေသခံများ ပြောသည်။

ဦးကျော်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးလည်းဖြစ်သည် ဟု ဒေသခံများက ဆို သည်။

ဦးကျော်ဦးကို သထုံမြို့ပြ အထူးစစ်ဆေးရေးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး ပစ်သတ်ခဲ့ ခြင်းဖြစ်သည်ဟု သထုံမြို့ပြ အထူးစစ်ဆေးရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သထုံမြို့နယ်အတွင်း၌ ရပ်ကျေးအုပ်ချုပ်ရေးမှူဟောင်းများအပြင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်ကောင် စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရသည့် ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်လျှက် ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သထုံမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရပ်ကျေးအုပ်ချုပ် ရေးမှူး ၅ ဦးထက်မနည်း ရှိပြီဟုလည်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်ကောင်စီ သတင်းပေး ဒလန် ဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့် ဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားနေသော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်းများ တစ်စုံတစ်ရာ မရှိသေးပေ။

*** ZAWGYI ***
သထုံတြင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ေဟာင္းတစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။

မြန္ျပည္နယ္ သထုံၿမိဳ႕နယ္အတြင္းတြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေဟာင္း တစ္ဦး ပစ္သတ္ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။

သထုံၿမိဳ႕နယ္ ေပၚေတာ္မူေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္းျဖစ္သူ ဦးေက်ာ္ဦးမွာ ေအာက္တိုဘာ ၂၁ ရက္ေန႔ နံနက္ပိုင္းခန႔္က ေသနတ္ျဖင့္ ပစ္သတ္ခံလိုက္ရျခင္း ျဖစ္သည္။

ဦးေက်ာ္ဦးသည္ ယေန႔ နံနက္ ၁၀ နာရီခြဲဝန္းက်င္ခန႔္က ၎၏ ေနအိမ္ေစ်းဆိုင္တြင္ ရွိေနစဥ္ ေသနတ္သမားႏွစ္ဦးက လာေရာက္ပစ္ခတ္သြားခဲ့ျခင္းျဖစ္သည္။

“ဦးေက်ာ္ဦးက အုပ္ခ်ဳပ္ေရးမႉးေဟာင္းျဖစ္တယ္။ သူ႔ကို ေသနတ္သမားႏွစ္ဦးက အိမ္မွာပဲ လာပစ္သြားတယ္။ အပစ္ခံရတဲ့ေနရာမွာပဲ ဆုံးသြားတယ္လို႔ သိရတယ္။ သထုံမွာ ဒီလိုျဖစ္စဥ္ေတြက ဆက္တိုက္ကို ျဖစ္လာေန တယ္” ဟု သထုံေဒသခံတစ္ဦး က ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေက်ာ္ဦး သည္ ေသနတ္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးသြားခဲ့ သည္ဟု ေဒသခံမ်ား ေျပာသည္။

ဦးေက်ာ္ဦးသည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဝင္တစ္ဦးလည္းျဖစ္သည္ ဟု ေဒသခံမ်ားက ဆို သည္။

ဦးေက်ာ္ဦးကို သထုံၿမိဳ႕ျပ အထူးစစ္ေဆးေရးတပ္ဖြဲ႕ႏွင့္ ညီေနာင္မဟာမိတ္တပ္ဖြဲ႕တို႔က ပူးေပါင္းၿပီး ပစ္သတ္ခဲ့ ျခင္းျဖစ္သည္ဟု သထုံၿမိဳ႕ျပ အထူးစစ္ေဆးေရးတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

သထုံၿမိဳ႕နယ္အတြင္း၌ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉေဟာင္းမ်ားအျပင္ လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ စစ္ေကာင္ စီခန႔္ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ား ပစ္သတ္ခံရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ေပၚလွ်က္ ရွိသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သထုံၿမိဳ႕နယ္အတြင္း ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ ရပ္ေက်းအုပ္ခ်ဳပ္ ေရးမႉး ၅ ဦးထက္မနည္း ရွိၿပီဟုလည္း ေဒသခံမ်ား၏ ေျပာျပခ်က္မ်ားအရ သိရသည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္ေကာင္စီ သတင္းေပး ဒလန္ ဟု သတ္မွတ္ခံရသူမ်ားႏွင့္ ႏိုင္ငံေရးပါတီဝင္မ်ား ပစ္သတ္ခံရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားေနေသာ္လည္း ဖမ္းဆီးအေရးယူႏိုင္ျခင္းမ်ား တစ္စုံတစ္ရာ မရွိေသးေပ။