သံဖြူဇရပ်တွင် ရပ်ကွက် အုပ်ချုပ်ရေးရုံး မိုင်းခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ဖျက်ဆီးခံခဲ့ရသည်။

အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွာရေးတပ်ဖွဲ့တို့က ပူးပေါင်းပြီး ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ရေးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ပေါက်ကွဲမှုဖြစ်တဲ့အချိန်က ညနေပိုင်းလောက်ဖြစ်နေတယ်။ ရုံးမှာလည်း ဘယ်သူမှ မရှိနေတော့ လူထိခိုက် တာတော့ မရှိဘူး။ အဆောက်အဦကတော့ ပျက်စီးမှု တချို့ရှိသွားတာတော့ တွေ့ရတယ်” ဟု သံဖြူဇရပ်မြို့ခံ တစ်ဦး က ပြောသည်။

သံဖြူဇရပ်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်က ဖောက်ခွဲခံခဲ့ရခြင်းဖြစ်သည်။

သံဖြူဇရပ်နည်းတူ သထုံမြို့တွင်လည်း အောက်တိုဘာ ၁၉ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု လည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သထုံမြို့ နန်းခဲရပ်ကွက်ရှိ ၂၀၂၀ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်၏ နေအိမ်တွင် ဖွင့် လှစ်ထားသည့် လက်ဖက်ရည်ဆိုင်တွင် တွေ့ရှိသည့် မသင်္ကာဖွယ်အထုတ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရသွားသည့်အပြင် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည် ဟု သထုံမြို့ခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင်လည်း အခြားသော တိုင်းနှင့်ပြည်နယ်များနည်းတူ Mytel ဖုန်းတာဝါတိုင်များ ဖောက်ခွဲခံရမှု၊ အုပ်ချုပ်ရေးမှူးရုံးများ၊ လျှပ်စစ်ရုံးများ၊ လဝကရုံးများ အစရှိသည့် အာဏာပိုင်များ၏ ရုံးများတွင် ပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
သံျဖဴဇရပ္တြင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရး႐ုံး မိုင္းခြဲခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ ဖ်က္ဆီးခံခဲ့ရသည္။

ေအာင္ခ်မ္းသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေရးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္ ျပည္သူ႔ကာကြာေရးတပ္ဖြဲ႕တို႔က ပူးေပါင္းၿပီး ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲခဲ့ျခင္းျဖစ္သည္ဟု ေရးၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ထားသည္။

“ေပါက္ကြဲမႈျဖစ္တဲ့အခ်ိန္က ညေနပိုင္းေလာက္ျဖစ္ေနတယ္။ ႐ုံးမွာလည္း ဘယ္သူမွ မရွိေနေတာ့ လူထိခိုက္ တာေတာ့ မရွိဘူး။ အေဆာက္အဦကေတာ့ ပ်က္စီးမႈ တခ်ိဳ႕ရွိသြားတာေတာ့ ေတြ႕ရတယ္” ဟု သံျဖဴဇရပ္ၿမိဳ႕ခံ တစ္ဦး က ေျပာသည္။

သံျဖဴဇရပ္ၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေအာက္တိုဘာ ၁၉ ရက္ေန႔ ညေန ၅ နာရီဝန္းက်င္ အခ်ိန္ခန႔္က ေဖာက္ခြဲခံခဲ့ရျခင္းျဖစ္သည္။

သံျဖဴဇရပ္နည္းတူ သထုံၿမိဳ႕တြင္လည္း ေအာက္တိုဘာ ၁၉ ရက္ေန႔က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး လူထိခိုက္မႈ လည္း ရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

သထုံၿမိဳ႕ နန္းခဲရပ္ကြက္ရွိ ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးေအာင္၏ ေနအိမ္တြင္ ဖြင့္ လွစ္ထားသည့္ လက္ဖက္ရည္ဆိုင္တြင္ ေတြ႕ရွိသည့္ မသကၤာဖြယ္အထုတ္ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးစဥ္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရသြားသည့္အျပင္ အမ်ိဳးသမီးတစ္ဦးလည္း ထိခိုက္ဒဏ္ရာရွိခဲ့သည္ ဟု သထုံၿမိဳ႕ခံမ်ားက ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မြန္ျပည္နယ္တြင္လည္း အျခားေသာ တိုင္းႏွင့္ျပည္နယ္မ်ားနည္းတူ Mytel ဖုန္းတာဝါတိုင္မ်ား ေဖာက္ခြဲခံရမႈ၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ား၊ လွ်ပ္စစ္႐ုံးမ်ား၊ လဝက႐ုံးမ်ား အစရွိသည့္ အာဏာပိုင္မ်ား၏ ႐ုံးမ်ားတြင္ ေပါက္ကြဲမႈျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ပြားလွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။