မြောက်ဒဂုံတွင် PDF နှင့် CDM များကို အော်ဟစ်စိန်ခေါ်မှု ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ယာအတွင်း ဒေါ်အောင်ဆန်းစုကြည် အပေါ်ထောက်ခံသူများ အပါအဝင် PDF နှင့် CDM ဝန်ထမ်းများကိုပါ လူတစ်ဦးက လာရောက်စိန်ခေါ်အော်ဟစ်ခဲ့သည်ဟု အဆိုပါ အိမ်ယာအတွင်း နေထိုင်သူများက ပြောသည်။
အောက်တိုဘာ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် မဟာမြိုင်အိမ်ယာအတွင်း လာရောက်စိန်ခေါ်အော်ဟစ်ခဲ့ခြင်း ဖြစ် သည်။
“အဲ့ဒီလူကို ရပ်ကွက်ထဲမှာ တစ်ခါမှမမြင်ဖူးဘူး။ နိုင်ငံရေးနဲ့ပတ်သက် ပြီးတစ်ခုခုကို ဖန်တီးချင်ပုံရတယ်။ ရပ် ကွက်ကတော့ ရဲကိုပဲခေါ် လိုက်တယ်” ဟု အဆိုပါအိမ်ယာအတွင်း နေထိုင်သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
လာရောက်စိန်ခေါ်သူ အမျိုးသားသည် အသက် ၃၀ ဝန်းကျင် အရွယ်ရှိပြီး အိမ်ယာအတွင်း ဝင်ပေါက်မှ စတင်အော် ဟစ်လာခြင်းဖြစ်ပြီး ဘီလမ်းနှင့် စီလမ်းကြားသို့ အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်သွား သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
အိမ်ယာအတွင်း ဝင်ရောက်အော်ဟစ်သူ အမျိုးသားက PDF နှင့် CDM ဝန်ထမ်းများရှိလျှင် ထွက်ခဲ့ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် သား၊ သမီးများရှိပါကလည်း ထွက်လာခဲ့ရန် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ယာအတွင်း နေထိုင်သူများက ပြောသည်။
“သူကအရက်တွေ ဘာတွေလည်း သောက်ထားပုံမရဘူး။ လူစုလူဝေးဆိုတာ က သူ့ကို ရဲတွေလာခေါ်တော့ ဝိုင်းအုံကြည့်နေတာပါ” မဟာမြိုင် အိမ်ယာအတွင်း နေထိုင်သူက ပြောသည်။
ယခုရက်ပိုင်း အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများကို ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ်လာနေပြီး ထားဝယ်ခရိုင် အမျိုးသားဒီမီကရေစီအဖွဲ့ချုပ်ရုံးလည်း အားပြင်းဗုံးဖြင့် ဖောက်ခွဲခံခဲ့ရသည့် အတွက် ရုံးအဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးသွား ခဲ့ရသည်။
*** ZAWGYI ***
ေျမာက္ဒဂုံတြင္ PDF ႏွင့္ CDM မ်ားကို ေအာ္ဟစ္စိန္ေခၚမႈ ျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။
ေျမာက္ဒဂုံၿမိဳ႕နယ္၊ မဟာၿမိဳင္အိမ္ယာအတြင္း ေဒၚေအာင္ဆန္းစုၾကည္ အေပၚေထာက္ခံသူမ်ား အပါအဝင္ PDF ႏွင့္ CDM ဝန္ထမ္းမ်ားကိုပါ လူတစ္ဦးက လာေရာက္စိန္ေခၚေအာ္ဟစ္ခဲ့သည္ဟု အဆိုပါ အိမ္ယာအတြင္း ေနထိုင္သူမ်ားက ေျပာသည္။
ေအာက္တိုဘာ ၂၁ ရက္ေန႔၊ နံနက္ပိုင္းတြင္ မဟာၿမိဳင္အိမ္ယာအတြင္း လာေရာက္စိန္ေခၚေအာ္ဟစ္ခဲ့ျခင္း ျဖစ္ သည္။
“အဲ့ဒီလူကို ရပ္ကြက္ထဲမွာ တစ္ခါမွမျမင္ဖူးဘူး။ ႏိုင္ငံေရးနဲ႔ပတ္သက္ ၿပီးတစ္ခုခုကို ဖန္တီးခ်င္ပုံရတယ္။ ရပ္ ကြက္ကေတာ့ ရဲကိုပဲေခၚ လိုက္တယ္” ဟု အဆိုပါအိမ္ယာအတြင္း ေနထိုင္သည္မွာ ၁၀ ႏွစ္ခန႔္ ရွိၿပီျဖစ္သည့္ အမ်ိဳးသားတစ္ဦးက ေျပာသည္။
လာေရာက္စိန္ေခၚသူ အမ်ိဳးသားသည္ အသက္ ၃၀ ဝန္းက်င္ အ႐ြယ္ရွိၿပီး အိမ္ယာအတြင္း ဝင္ေပါက္မွ စတင္ေအာ္ ဟစ္လာျခင္းျဖစ္ၿပီး ဘီလမ္းႏွင့္ စီလမ္းၾကားသို႔ အေရာက္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားက လာေရာက္ေခၚေဆာင္သြား သည္ဟု မ်က္ျမင္ေတြ႕ရွိခဲ့သူတစ္ဦးက ေျပာသည္။
အိမ္ယာအတြင္း ဝင္ေရာက္ေအာ္ဟစ္သူ အမ်ိဳးသားက PDF ႏွင့္ CDM ဝန္ထမ္းမ်ားရွိလွ်င္ ထြက္ခဲ့ရန္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ သား၊ သမီးမ်ားရွိပါကလည္း ထြက္လာခဲ့ရန္ စိန္ေခၚခဲ့ျခင္းျဖစ္သည္ဟု အိမ္ယာအတြင္း ေနထိုင္သူမ်ားက ေျပာသည္။
“သူကအရက္ေတြ ဘာေတြလည္း ေသာက္ထားပုံမရဘူး။ လူစုလူေဝးဆိုတာ က သူ႔ကို ရဲေတြလာေခၚေတာ့ ဝိုင္းအုံၾကည့္ေနတာပါ” မဟာၿမိဳင္ အိမ္ယာအတြင္း ေနထိုင္သူက ေျပာသည္။
ယခုရက္ပိုင္း အတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးမ်ားကို ပစ္မွတ္ထား ေဖာက္ခြဲတိုက္ခိုက္မႈမ်ား ျပန္လည္ ျဖစ္ေပၚလာေနၿပီး ထားဝယ္ခ႐ိုင္ အမ်ိဳးသားဒီမီကေရစီအဖြဲ႕ခ်ဳပ္႐ုံးလည္း အားျပင္းဗုံးျဖင့္ ေဖာက္ခြဲခံခဲ့ရသည့္ အတြက္ ႐ုံးအေဆာက္အဦတစ္ခုလုံး ၿပိဳက်ပ်က္စီးသြား ခဲ့ရသည္။