ထောင်မှ လွှတ်ပြီး ပြန်လည် ဖမ်းဆီးခြင်းသည် စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုဖြစ်သည်ဟု AAPP ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

စစ်ကောင်စီက လွတ်ပေးလိုက်သော နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းသည် နိုင်ငံရေးအကျဉ်းသားများ သာမက ၎င်းတို့၏ မိသားစုဝင်များပါ ပြင်းထန်သော စိတ်ဒဏ်ရာရ စေသည်ဟု AAPP က ပြောသည်။

စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်စွဲဖြင့် လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားအချို့မှာ လွတ်မြောက် စာရင်းတွင်ပါဝင်ခဲ့သော်လည်း ထောင်ဗူးဝ၊ ထွက်ပေါက်ရောက်သောအခါ နောက်တိုးမှုဖြင့် ပြန်လည် ဖမ်းဆီးခံရ သူများရှိကြောင်း AAPP ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

“သူတို့က ၅၀၅-က နဲ့ စွဲထားတဲ့ အမှုတွေပဲ ပယ်ဖျက်ပေးတာ။ တချို့က အနောက်မှာ တခြားပုဒ်မတွေ ပါတာ ရှိ တယ်။ အဲ့ဒီလူတွေက မလွတ်ဘူး။ ၅၀၅ တောင် အထဲမှာ အများကြီးကျန်သေးတယ်” ဟု တရားလွှတ်တော် ရှေ့ နေတစ်ဦးကဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများအနက်မှ အချို့သည် မိသားစုနှင့် နာရီပိုင်းမျှသာ တွေ့ဆုံခွင့်ရပြီးနောက် ပြန်လည်ဖမ်းဆီးခံရခြင်းသည် ကာယကံရှင် နိုင်ငံရေးအကျဉ်းသားများကို သာမက မိသားစုကိုပါ ပြင်းထန်သော စိတ်ဒဏ်ရာများရစေကြောင်း AAPP ကထောက်ပြခဲ့သည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အောက်တိုဘာ ၂၁ ရက်နေ့ က ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံရသူများအားလုံး သည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ခံခဲ့ရပြီး မျှတသော တရားစီရင်မှုလည်း မရရှိခဲ့ဘူးဟု ထောက်ပြ ပြောဆိုထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ရက်စက်ကြမ်းကြုတ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပြီး AAPP က ကောက်ခံရရှိသည့် စာရင်းမှတ်တမ်းများအရ လွတ်မြောက်ပြီး ပြန်လည် ဖမ်းဆီးခံရသူ နိုင်ငံရေး အကျဉ်းသား အယောက် ၁၁၀ ခန့် ရှိကာ မြေပြင်တွင် ထိုအရေအတွက်ထက် ပိုနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP အနေဖြင့် ပြင်းထန်စွာ ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကောင်စီက မတရားဖမ်းဆီး ချုပ်နှောင်ထားသည့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန်အတွက် ထိရောက်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်ပေးရန်လည်း AAPP က နိုင်ငံတကာကို တိုက်တွန်းထား သည်။

*** ZAWGYI ***
ေထာင္မွ လႊတ္ၿပီး ျပန္လည္ ဖမ္းဆီးျခင္းသည္ စိတ္ပိုင္းဆိုင္ရာ ညႇင္းပမ္းႏွိပ္စက္မႈျဖစ္သည္ဟု AAPP ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

စစ္ေကာင္စီက လြတ္ေပးလိုက္ေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ျပန္လည္ဖမ္းဆီးျခင္းမ်ား ျပဳလုပ္ေနျခင္းသည္ ႏိုင္ငံေရးအက်ဥ္းသားမ်ား သာမက ၎တို႔၏ မိသားစုဝင္မ်ားပါ ျပင္းထန္ေသာ စိတ္ဒဏ္ရာရ ေစသည္ဟု AAPP က ေျပာသည္။

စစ္ေကာင္စီက ေအာက္တိုဘာ ၁၈ ရက္စြဲျဖင့္ လႊတ္ေပးခဲ့သည့္ ႏိုင္ငံေရးအက်ဥ္းသားအခ်ိဳ႕မွာ လြတ္ေျမာက္ စာရင္းတြင္ပါဝင္ခဲ့ေသာ္လည္း ေထာင္ဗူးဝ၊ ထြက္ေပါက္ေရာက္ေသာအခါ ေနာက္တိုးမႈျဖင့္ ျပန္လည္ ဖမ္းဆီးခံရ သူမ်ားရွိေၾကာင္း AAPP ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

“သူတို႔က ၅၀၅-က နဲ႔ စြဲထားတဲ့ အမႈေတြပဲ ပယ္ဖ်က္ေပးတာ။ တခ်ိဳ႕က အေနာက္မွာ တျခားပုဒ္မေတြ ပါတာ ရွိ တယ္။ အဲ့ဒီလူေတြက မလြတ္ဘူး။ ၅၀၅ ေတာင္ အထဲမွာ အမ်ားႀကီးက်န္ေသးတယ္” ဟု တရားလႊတ္ေတာ္ ေရွ႕ ေနတစ္ဦးကဆိုသည္။

ျပန္လည္လြတ္ေျမာက္လာသူမ်ားအနက္မွ အခ်ိဳ႕သည္ မိသားစုႏွင့္ နာရီပိုင္းမွ်သာ ေတြ႕ဆုံခြင့္ရၿပီးေနာက္ ျပန္လည္ဖမ္းဆီးခံရျခင္းသည္ ကာယကံရွင္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို သာမက မိသားစုကိုပါ ျပင္းထန္ေသာ စိတ္ဒဏ္ရာမ်ားရေစေၾကာင္း AAPP ကေထာက္ျပခဲ့သည္။

ထို႔အျပင္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ၏ ေအာက္တိုဘာ ၂၁ ရက္ေန႔ က ထုတ္ျပန္သည့္ အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ မတရားသျဖင့္ ဖမ္းဆီးထိန္းသိမ္း အက်ဥ္းခ်ခံရသူမ်ားအားလုံး သည္ ႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာ ညႇင္းပန္းႏွိပ္စက္မႈမ်ားကို ခံခဲ့ရၿပီး မွ်တေသာ တရားစီရင္မႈလည္း မရရွိခဲ့ဘူးဟု ေထာက္ျပ ေျပာဆိုထားသည္။

စစ္ေကာင္စီ၏ လုပ္ရပ္မ်ားသည္ ရက္စက္ၾကမ္းၾကဳတ္ေသာ စိတ္ပိုင္း/႐ုပ္ပိုင္းဆိုင္ရာ ညႇဥ္းပန္းႏွိပ္စက္မႈ ျဖစ္ၿပီး AAPP က ေကာက္ခံရရွိသည့္ စာရင္းမွတ္တမ္းမ်ားအရ လြတ္ေျမာက္ၿပီး ျပန္လည္ ဖမ္းဆီးခံရသူ ႏိုင္ငံေရး အက်ဥ္းသား အေယာက္ ၁၁၀ ခန႔္ ရွိကာ ေျမျပင္တြင္ ထိုအေရအတြက္ထက္ ပိုႏိုင္သည္ဟု ဆိုသည္။

စစ္ေကာင္စီ၏ လုပ္ရပ္သည္ လူသားမဆန္ေသာ လုပ္ရပ္ျဖစ္သည့္အတြက္ မိမိတို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ေရးအသင္း AAPP အေနျဖင့္ ျပင္းထန္စြာ ရႈံ႕ခ်ေၾကာင္း ထုတ္ျပန္ထားသည္။

လက္ရွိ စစ္ေကာင္စီက မတရားဖမ္းဆီး ခ်ဳပ္ေႏွာင္ထားသည့္ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ အပါအဝင္ ဖမ္းဆီးထိန္းသိမ္းထားသူမ်ား အားလုံးကို ႁခြင္းခ်က္မရွိ အျမန္ဆုံး လြတ္ေပးရန္အတြက္ ထိေရာက္သည့္ အေရးယူမႈမ်ား ဆက္လက္ေဆာင္႐ြက္ေပးရန္လည္း AAPP က ႏိုင္ငံတကာကို တိုက္တြန္းထား သည္။