ဘင်္ဂလား နယ်စပ် ကုန်စည်တင်ပို့မှု ပြန်လည် ဖွင့်လှစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုကို အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများ က ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ကိုဗစ်ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါ အမှတ် (၁) အဝင်အထွက် စခန်း (POE)မှ ပြန်လည် ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည်။

“ကုန်တွေ ပြန်ပြီးတင်ပို့ခွင့်ရတော့ ဝမ်းသာတာပေါ့။ ပြန်ဖွင့်ပေးဖို့ အချိန်တွေ ကြန့်ကြာခဲ့တာတွေ ရှိတော့ ဆုံး ရှုံးမှုတွေလည်း ရှိခဲ့ပါတယ်” ဟု ကုန်သည်တစ်ဦးဖြစ်သည့် ကိုသာခိုင် က ပြောသည်။

သုံးလခန့် ရပ်နားထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် မှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တင်ပို့သည့် အဓိကပို့ကုန်များမှာ ငါးမြစ်ချင်း၊ ဇီးယို၊ ကွမ်းသီး၊ ငါးခြောက်၊ အထည်လိပ်၊ မာမီးခေါက်ဆွဲ၊ ကော်ဖီမစ်များ၊ ကြက်သွန်နီနှင့် မီးဖိုချောင်သုံး ပစ္စည်းများ ပါဝင်သည်ဟု ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ယာယီပိတ်ထားခဲ့ရသည့် အချိန်ကာလအတွင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ သိန်းခန့် နစ်နာခဲ့သည် ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးတင်အောင်ဦး က ပြောသည်။

ကုန်သွယ်မှုပြုရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီဆောင်ရွက်သွားကြရန်နှင့် ဘင်္ဂလားဒေ့ရှ်ဖက်မှ ကုန်သွယ်၍ ပြန်လာသူများ Quarantine ဝင်နိုင်ရန် အတွက် POE Quarantine center များ ပြုလုပ်ထားရန် ရခိုင်ပြည်နယ်စစ် ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ညွှန်ကြားထားသည်။

ရခိုင်ပြည်နယ်ထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်း၊ ကညင်ချောင်း စီးပွားရေးဇုန်နှင့် ရွှေမင်းဂံကုန်သွယ်ရေး စခန်းတို့ ရှိသည်။

မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ တစ်ခုတည်းဖြင့်သာ ကုန်သွယ်ခွင့်ပြု ထားပြီး တစ်နေ့လျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင်ကြောင်းလည်း သိရသည်။

*** ZAWGYI ***
ဘဂၤလား နယ္စပ္ ကုန္စည္တင္ပို႔မႈ ျပန္လည္ ဖြင့္လွစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕မွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ကုန္စည္မ်ားတင္ပို႔မႈကို ေအာက္တိုဘာ ၂၀ ရက္ နံနက္ပိုင္းမွ စတင္၍ ျပန္လည္ဖြင့္လွစ္ခဲ့သည္ဟု နယ္စပ္ကုန္သြယ္ေရး တာဝန္ရွိသူမ်ား က ေျပာသည္။

ကိုဗစ္-၁၉ တတိယလႈိင္းေၾကာင့္ ရခိုင္ျပည္နယ္အတြင္းက စစ္ေတြနယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ ေမာင္ေတာ နယ္စပ္ကုန္သြယ္ေရး စခန္းတို႔ကို ကိုဗစ္ကူးစက္ျပန္႔ပြားမႈ မရွိေစရန္အတြက္ ဇူလိုင္လ ၁၅ ရက္ေန႔မွ စတင္၍ ယာယီ ပိတ္ထားခဲ့ရာမွ ယခုအခါ အမွတ္ (၁) အဝင္အထြက္ စခန္း (POE)မွ ျပန္လည္ ဖြင့္လွစ္ လိုက္ျခင္း ျဖစ္သည္။

“ကုန္ေတြ ျပန္ၿပီးတင္ပို႔ခြင့္ရေတာ့ ဝမ္းသာတာေပါ့။ ျပန္ဖြင့္ေပးဖို႔ အခ်ိန္ေတြ ၾကန႔္ၾကာခဲ့တာေတြ ရွိေတာ့ ဆုံး ရႈံးမႈေတြလည္း ရွိခဲ့ပါတယ္” ဟု ကုန္သည္တစ္ဦးျဖစ္သည့္ ကိုသာခိုင္ က ေျပာသည္။

သုံးလခန္႔ ရပ္နားထားသည့္ နယ္စပ္ကုန္သြယ္ေရး စခန္းမ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ ေအာက္တိုဘာ ၁၃ ရက္ေန႔တြင္ ျပည္ေထာင္စုအဆင့္ မွ ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္သည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ သို႔ တင္ပို႔သည့္ အဓိကပို႔ကုန္မ်ားမွာ ငါးျမစ္ခ်င္း၊ ဇီးယို၊ ကြမ္းသီး၊ ငါးေျခာက္၊ အထည္လိပ္၊ မာမီးေခါက္ဆြဲ၊ ေကာ္ဖီမစ္မ်ား၊ ၾကက္သြန္နီႏွင့္ မီးဖိုေခ်ာင္သုံး ပစၥည္းမ်ား ပါဝင္သည္ဟု ကုန္သည္မ်ား၏ ေျပာျပခ်က္အရ သိရသည္။

ယာယီပိတ္ထားခဲ့ရသည့္ အခ်ိန္ကာလအတြင္း ကုန္သြယ္မႈ တန္ဖိုး အေမရိကန္ေဒၚလာ ၁၇ သိန္းခန္႔ နစ္နာခဲ့သည္ ဟု ရခိုင္ျပည္နယ္ ကုန္သည္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးတင္ေအာင္ဦး က ေျပာသည္။

ကုန္သြယ္မႈျပဳရာတြင္ ကိုဗစ္-၁၉ စည္းကမ္းခ်က္ႏွင့္ အညီေဆာင္႐ြက္သြားၾကရန္ႏွင့္ ဘဂၤလားေဒ့ရွ္ဖက္မွ ကုန္သြယ္၍ ျပန္လာသူမ်ား Quarantine ဝင္ႏိုင္ရန္ အတြက္ POE Quarantine center မ်ား ျပဳလုပ္ထားရန္ ရခိုင္ျပည္နယ္စစ္ ေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္း က ၫႊန္ၾကားထားသည္။

ရခိုင္ျပည္နယ္ထဲတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈ ျပဳလုပ္ေနသည့္ ေမာင္ေတာနယ္စပ္ ကုန္သြယ္ေရး စခန္း၊ ကညင္ေခ်ာင္း စီးပြားေရးဇုန္ႏွင့္ ေ႐ႊမင္းဂံကုန္သြယ္ေရး စခန္းတို႔ ရွိသည္။

ေမာင္ေတာမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ကုန္သြယ္ရာတြင္ အေမရိကန္ေဒၚလာ တစ္ခုတည္းျဖင့္သာ ကုန္သြယ္ခြင့္ျပဳ ထားၿပီး တစ္ေန႔လွ်င္ ေဒၚလာတစ္သန္းအထိ ကုန္သြယ္မႈျပဳႏိုင္ေၾကာင္းလည္း သိရသည္။