ဘဏ်ဓါးပြတိုက်အပြီး လုံခြုံရေး တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇ ဘဏ်ခွဲကို ဓါးပြများ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဗိုလ်တထောင် မြို့နယ်အတွင်း လုံခြုံရေး တင်းကြပ်မှုများ ရှိခဲ့သည်။

ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲကို အောက်တိုဘာ ၂၂ ရက်က မျက်နှာ ဖုံးစွပ်ထားသည့် လူ ၅ ဦးခန့်က ဝင်ရောက်ဓါးပြတိုက်ခဲ့ပြီး ကျပ်သိန်းပေါင်း ၃၀၀၀ ဝန်းကျင် ယူဆောင်သွားသည်။

ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ်ရှိ Urban Asia အဆောက်အဦတွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇ ဘဏ်ခွဲသို့ မျက်နှာဖုံး စွပ်ထားသည့် လူ ၅ ဦးခန့်ဝင်ရောက်လာပြီး ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု ၄၇ လမ်း အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့လာ ဖီဒါကား အဖြူနဲ့လာတယ်လို့ပြောနေကြတယ်။ စစ်သားတွေ၊ ရဲတွေကတော့ CCTV တွေ ဘာတွေ စစ် ပြီး သိပ်မကြာဘူး အခုတော့ လမ်းပြန်ဖွင့်ပေးလိုက်ပြီ” ဟု ပြောသည်။

ဘဏ်အတွင်း ဝင်ရောက်လုယက်သူများသည် ဘဏ်ဝန်ထမ်းအချို့ကို ထိုးကြိတ်ကာ ဝန်ထမ်းများ၏ လက်ကိုင် ဖုန်းများနှင့် ဘဏ်မှ ငွေ ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ကို ယူသွားခဲ့ကြောင်း ဗိုလ်တစ် ထောင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် Urban Asia အဆောက်အဦသို့လည်း စစ်သားနှင့်ရဲ တပ်ဖွဲ့ဝင် အမြောက်အများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် မဟာဗန္ဓုလတံတားပေါ်အထိ လမ်းတစ်ခြမ်းပိတ်ကာ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ ကုန်သွယ်မှု ဗဟိုဌာန အရှေ့ဆင်ဝင်အောက်တွင်လည်း မပေါက်ကွဲသေးသည့် ဗုံး သုံးလုံးတွေ့ရှိသဖြင့် လုံခြုံရေးတင်းကြပ်ထားသည်ဟု အထက်ပုဇွန်တောင်တွင် နေ ထိုင်သူများက ပြောပြောသည်။

အထက်ပုဇွန်တောင် လမ်းမ ဘေးတွင် နေထိုင်သည့် အမျိုးသားတစ်ဦး က “အထက်ပုဇွန်တောင်လမ်းနဲ့ ရေ ကျော်လမ်းဆုံမိးပွိုင့်မှာ ပိတ်ပြီး ကားတွေပြန်လှည့်ခိုင်းနေတယ်။ အင်းအားလဲများတယ်”ဟု ပြောသည်။

အဆိုပါ ကုန်သွယ်မှု ဗဟိုဌာနအနီးတွင် စစ်ကောင်စီတပ်ကားများ မကြာခဏ လာရောက် ရပ်နားလေ့ရှိပြီး လမ်း သွားလမ်းလာ မော်တော်ယာဉ်များအား လမ်းပိတ်စစ်ဆေးခြင်းမျိုး လုပ်ဆောင်လေ့ ရှိသည်ဟု ထိုအဆောက်အဦ အနီး နေထိုင်သူများက ဆိုသည်။

*** ZAWGYI ***
ဘဏ္ဓါးျပတိုက္အၿပီး လုံၿခဳံေရး တင္းၾကပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ ကေမာၻဇ ဘဏ္ခြဲကို ဓါးျပမ်ား ဝင္ေရာက္ တိုက္ခိုက္ခဲ့ၿပီးေနာက္ ဗိုလ္တေထာင္ ၿမိဳ႕နယ္အတြင္း လုံၿခဳံေရး တင္းၾကပ္မႈမ်ား ရွိခဲ့သည္။

ရန္ကုန္ၿမိဳ႕၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္အတြင္းရွိ ကေမာၻဇဘဏ္ခြဲကို ေအာက္တိုဘာ ၂၂ ရက္က မ်က္ႏွာ ဖုံးစြပ္ထားသည့္ လူ ၅ ဦးခန႔္က ဝင္ေရာက္ဓါးျပတိုက္ခဲ့ၿပီး က်ပ္သိန္းေပါင္း ၃၀၀၀ ဝန္းက်င္ ယူေဆာင္သြားသည္။

ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ မဟာဗႏၶဳလမ္းမေပၚရွိ Urban Asia အေဆာက္အဦတြင္ ဖြင့္လွစ္ထားသည့္ ကေမာၻဇ ဘဏ္ခြဲသို႔ မ်က္ႏွာဖုံး စြပ္ထားသည့္ လူ ၅ ဦးခန႔္ဝင္ေရာက္လာၿပီး ဓါးျပတိုက္ခဲ့ျခင္းျဖစ္သည္ဟု ၄၇ လမ္း အတြင္း ေနထိုင္သူ အမ်ိဳးသားတစ္ဦးက ေျပာသည္။

“သူတို႔လာ ဖီဒါကား အျဖဴနဲ႔လာတယ္လို႔ေျပာေနၾကတယ္။ စစ္သားေတြ၊ ရဲေတြကေတာ့ CCTV ေတြ ဘာေတြ စစ္ ၿပီး သိပ္မၾကာဘူး အခုေတာ့ လမ္းျပန္ဖြင့္ေပးလိုက္ၿပီ” ဟု ေျပာသည္။

ဘဏ္အတြင္း ဝင္ေရာက္လုယက္သူမ်ားသည္ ဘဏ္ဝန္ထမ္းအခ်ိဳ႕ကို ထိုးႀကိတ္ကာ ဝန္ထမ္းမ်ား၏ လက္ကိုင္ ဖုန္းမ်ားႏွင့္ ဘဏ္မွ ေငြ က်ပ္သိန္း ၃၀၀၀ ဝန္းက်င္ကို ယူသြားခဲ့ေၾကာင္း ဗိုလ္တစ္ ေထာင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ထိုျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ Urban Asia အေဆာက္အဦသို႔လည္း စစ္သားႏွင့္ရဲ တပ္ဖြဲ႕ဝင္ အေျမာက္အမ်ား ေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည့္အျပင္ မဟာဗႏၶဳလတံတားေပၚအထိ လမ္းတစ္ျခမ္းပိတ္ကာ လက္နက္အျပည့္အစုံျဖင့္ လုံၿခဳံေရးယူထားေၾကာင္း သိရသည္။

ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အထက္ပုဇြန္ေတာင္လမ္းမေပၚရွိ ကုန္သြယ္မႈ ဗဟိုဌာန အေရွ႕ဆင္ဝင္ေအာက္တြင္လည္း မေပါက္ကြဲေသးသည့္ ဗုံး သုံးလုံးေတြ႕ရွိသျဖင့္ လုံၿခဳံေရးတင္းၾကပ္ထားသည္ဟု အထက္ပုဇြန္ေတာင္တြင္ ေန ထိုင္သူမ်ားက ေျပာေျပာသည္။

အထက္ပုဇြန္ေတာင္ လမ္းမ ေဘးတြင္ ေနထိုင္သည့္ အမ်ိဳးသားတစ္ဦး က “အထက္ပုဇြန္ေတာင္လမ္းနဲ႔ ေရ ေက်ာ္လမ္းဆုံမိးပြိဳင့္မွာ ပိတ္ၿပီး ကားေတြျပန္လွည့္ခိုင္းေနတယ္။ အင္းအားလဲမ်ားတယ္”ဟု ေျပာသည္။

အဆိုပါ ကုန္သြယ္မႈ ဗဟိုဌာနအနီးတြင္ စစ္ေကာင္စီတပ္ကားမ်ား မၾကာခဏ လာေရာက္ ရပ္နားေလ့ရွိၿပီး လမ္း သြားလမ္းလာ ေမာ္ေတာ္ယာဥ္မ်ားအား လမ္းပိတ္စစ္ေဆးျခင္းမ်ိဳး လုပ္ေဆာင္ေလ့ ရွိသည္ဟု ထိုအေဆာက္အဦ အနီး ေနထိုင္သူမ်ားက ဆိုသည္။