အသက် ၇၀ အရွယ် အမျိုးသား၏ အလောင်းကို စစ်ကောင်စီ တပ်ဖွဲ့များအား နေအိမ်ရှေ့လာပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ရေဖြူမြို့နယ်အတွင်း အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးကို စစ်အုပ်စုက ပစ်သတ်ခဲ့ပြီး အလောင်းကို နေအိမ်ရှေ့တွင် လာရောက်စွန့်ပစ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးကို စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ပြီးနောက် အလောင်းကို အောက်တိုဘာလ ၂၁ရက်က နေအိမ်ရှေ့တွင် လာ ရောက် စွန့်ပစ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧကနိကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာက ဦးကြည်သိန်း အသက် ၇၀ နှစ် ကို အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် နေအိမ်မှ ဖမ်းဆီးခေါ် ဆောင်သွားပြီး နောက်တစ်ရက် အောက်တိုဘာလ ၂၁ ရက် နေ့လည်ပိုင်းတွင် အလောင်းကို နေအိမ်ရှေ့သို့ လာပစ်သွားခြင်း ဖြစ်သည်ဟု ဝက်ချောင်း ကျေးရွာ က ဒေသခံများက ပြောသည်။
ဝက်ချောင်းကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး က “သူက လူကြီး အသက်ကြီးနေပြီ ဆိုတော့ ဘယ်မှ မသွားဘဲအိမ်မှာပဲနေနေတာ။ လာဖမ်းတုန်းက ခြေထောက်မှာလည်း သေနတ်မှန်ထားသေး တယ်“ ဟု ပြောသည်။
ခမောင်းချောင်းရွာက ဒလန်ဟု နာမည်ကြီးနေသည့် ဦးမိုးဟိန်း အောက်တိုဘာလ ၂၀ ရက်နေ့ က ပစ်သတ်ခံခဲ့ရသည်။ ထို့နောက်တွင် နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးကြည်သိန်းကို အိမ်ပေါ်အထိ တက်ကာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွား ခြင်း ဖြစ်သည်ဟု အဆိုရွာသား က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာထဲတွင် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ပြီး နောက် ဦးကြည်သိန်း အပါအဝင် အသက်မပြည့်သေးသည့် အမျိုးသား ၅ ဦးခန့် ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။
ညဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းသွားပြီး နံနက်ပိုင်းတွင် အလောင်းလာထုတ်ရန် သေဆုံးသူ ဦးကြည်သိန်း၏ မိသားစုဝင်များကို စစ်ကောင်စီက အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း မိသားစုဝင်များနှင့် ဆွေမျိုးများက စိုးရိမ်ကြောက်လန့်၍ အလောင်းကိုပင် သွားမထုတ်ရဲခဲ့ကြ ဟု ဒေသခံရွာသားများက ဆိုသည်။ ထိုနောက် စစ်ကောင်စီ တပ်ဖွဲ့များကို အလောင်းကို နေအိမ်ရှေ့သို့ လာရောက်စွန်ပစ်သွားခဲ့ခြင်း ဖြစ်သည်။
*** ZAWGYI ***
အသက္ ၇၀ အ႐ြယ္ အမ်ိဳးသား၏ အေလာင္းကို စစ္ေကာင္စီ တပ္ဖြဲ႕မ်ားအား ေနအိမ္ေရွ႕လာပစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။
ေရျဖဴၿမိဳ႕နယ္အတြင္း အသက္ ၇၀ အ႐ြယ္ အမ်ိဳးသား တစ္ဦးကို စစ္အုပ္စုက ပစ္သတ္ခဲ့ၿပီး အေလာင္းကို ေနအိမ္ေရွ႕တြင္ လာေရာက္စြန႔္ပစ္သြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
အသက္ ၇၀ အ႐ြယ္ အမ်ိဳးသား တစ္ဦးကို စစ္ ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ပစ္သတ္ခဲ့ၿပီးေနာက္ အေလာင္းကို ေအာက္တိုဘာလ ၂၁ရက္က ေနအိမ္ေရွ႕တြင္ လာ ေရာက္ စြန႔္ပစ္သြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ဧကနိေက်း႐ြာအုပ္စု ဝက္ေခ်ာင္းေက်း႐ြာက ဦးၾကည္သိန္း အသက္ ၇၀ ႏွစ္ ကို ေအာက္တိုဘာလ ၂၀ ရက္ေန႔ ည ၁၀ နာရီ အခ်ိန္ခန႔္တြင္ ေနအိမ္မွ ဖမ္းဆီးေခၚ ေဆာင္သြားၿပီး ေနာက္တစ္ရက္ ေအာက္တိုဘာလ ၂၁ ရက္ ေန႔လည္ပိုင္းတြင္ အေလာင္းကို ေနအိမ္ေရွ႕သို႔ လာပစ္သြားျခင္း ျဖစ္သည္ဟု ဝက္ေခ်ာင္း ေက်း႐ြာ က ေဒသခံမ်ားက ေျပာသည္။
ဝက္ေခ်ာင္းေက်း႐ြာက အသက္ ၅၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး က “သူက လူႀကီး အသက္ႀကီးေနၿပီ ဆိုေတာ့ ဘယ္မွ မသြားဘဲအိမ္မွာပဲေနေနတာ။ လာဖမ္းတုန္းက ေျခေထာက္မွာလည္း ေသနတ္မွန္ထားေသး တယ္“ ဟု ေျပာသည္။
ခေမာင္းေခ်ာင္း႐ြာက ဒလန္ဟု နာမည္ႀကီးေနသည့္ ဦးမိုးဟိန္း ေအာက္တိုဘာလ ၂၀ ရက္ေန႔ က ပစ္သတ္ခံခဲ့ရသည္။ ထို႔ေနာက္တြင္ ေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဦးၾကည္သိန္းကို အိမ္ေပၚအထိ တက္ကာ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးသြား ျခင္း ျဖစ္သည္ဟု အဆို႐ြာသား က ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ခေမာင္းေခ်ာင္းႏွင့္ ဝက္ေခ်ာင္းေက်း႐ြာထဲတြင္ ရွာေဖြဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ ၿပီး ေနာက္ ဦးၾကည္သိန္း အပါအဝင္ အသက္မျပည့္ေသးသည့္ အမ်ိဳးသား ၅ ဦးခန႔္ ကိုလည္း ဖမ္းဆီးသြားသည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။
ညဘက္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းသြားၿပီး နံနက္ပိုင္းတြင္ အေလာင္းလာထုတ္ရန္ ေသဆုံးသူ ဦးၾကည္သိန္း၏ မိသားစုဝင္မ်ားကို စစ္ေကာင္စီက အေၾကာင္းၾကားခဲ့သည္ဟု ဆိုသည္။
သို႔ေသာ္လည္း မိသားစုဝင္မ်ားႏွင့္ ေဆြမ်ိဳးမ်ားက စိုးရိမ္ေၾကာက္လန႔္၍ အေလာင္းကိုပင္ သြားမထုတ္ရဲခဲ့ၾက ဟု ေဒသခံ႐ြာသားမ်ားက ဆိုသည္။ ထိုေနာက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားကို အေလာင္းကို ေနအိမ္ေရွ႕သို႔ လာေရာက္စြန္ပစ္သြားခဲ့ျခင္း ျဖစ္သည္။