ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများက ပြော သည်။
ပစ်ခတ်ခံရသူ ဦးညီညီအောင်သည် ယခင် NLD အစိုးရလက်ထက် သင်္ဘောဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး ဒေသအတွင်း ဒလန်ဟု နာမည်ဆိုးကျော်ကြား လူသိများသူတစ်ဦးဖြစ်သည်ဟု တလိုင်းထိန်ရပ် ကွက်က ဒေသခံများက ပြောသည်။
တလိုင်းထိန်ရပ်ကွက်ထဲက အသက် ၄၀ အရွယ် ကိုသန်းစိုး(အမည်လွှဲ) က “လက်ဘက်ရည်သောက်ပြီး ဆိုင်က ပြန်အထွက် သူ့ကားအနားအရောက်မှာပစ်ခံရတာ။ သူက စစ်ကောင်စီက ခန့် ထားတဲ့ သူတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိတဲ့သူလည်း ဖြစ်တယ်။ အဓိက ဒေါက်တိုင်ပေါ့” ဟု ပြောသည်။
ပစ်ခတ်ခံရသူမှာ ခရိုင်ကောင်စီဝင် ဦးညီညီအောင် ဖြစ်ပြီး တလိုင်းထိန်ရပ်ကွက် တရုတ်တန်းလမ်းရှိ လမင်းဟန် လက်ဘက်ရည်ဆိုင်ရှေ့ရှိ ၎င်း၏ကားအနီးတွင် သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံလိုက်ခြင်း ဖြစ်သည်။
သေနတ်ဒဏ်ရာရထားသည့် ဦးညီညီအောင်ကို အရေးပေါ်ဆေးရုံတင် ကုသခဲ့သော်လည်း သေဆုံးသွားကြောင်း သိရသည်။
ဦးညီညီအောင် ပစ်သတ်ခံရမှု နှင့် ပတ်သက်၍ ထားဝယ်ပြောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့ (Guerrilla Dawei) က ၎င်းတို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၂၂ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းတွင် ထုတ်ပြန် ကြေညာထား သည်။
ဦးညီညီအောင် သည် ထားဝယ်သပိတ်စစ်ကြောင်းများ၊ သပိတ်ခေါင်းဆောင်များ၏ သတင်းအချက်အလက်များ ကို စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီဘက်ကို သတင်းပေးလုပ်နေသူ ဖြစ်သည်ဟု ဆိုကြသည်။
စစ်ကောင်စီကို အမှီပြုပြီး ကိုယ်ကျိုးစီးပွားရှာနေခြင်းကြောင့် ဦးညီညီအောင်ကို သုတ်သင်ခဲ့တာဖြစ်ကြောင်း ထားဝယ်ပြောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့က ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
*** ZAWGYI ***
ခ႐ိုင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။
ထားဝယ္ခ႐ိုင္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးကို ေအာက္တိုဘာလ ၂၂ ရက္ေန႔ နံနက္ပိုင္း အဖြဲ႕တစ္ဖြဲ႕က ေသနတ္ျဖင့္ ပစ္သတ္သြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။
ပစ္ခတ္ခံရသူ ဦးညီညီေအာင္သည္ ယခင္ NLD အစိုးရလက္ထက္ သေဘၤာဆိပ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း တစ္ဦးျဖစ္ၿပီး ေဒသအတြင္း ဒလန္ဟု နာမည္ဆိုးေက်ာ္ၾကား လူသိမ်ားသူတစ္ဦးျဖစ္သည္ဟု တလိုင္းထိန္ရပ္ ကြက္က ေဒသခံမ်ားက ေျပာသည္။
တလိုင္းထိန္ရပ္ကြက္ထဲက အသက္ ၄၀ အ႐ြယ္ ကိုသန္းစိုး(အမည္လႊဲ) က “လက္ဘက္ရည္ေသာက္ၿပီး ဆိုင္က ျပန္အထြက္ သူ႔ကားအနားအေရာက္မွာပစ္ခံရတာ။ သူက စစ္ေကာင္စီက ခန႔္ ထားတဲ့ သူေတြနဲ႔လည္း ရင္းႏွီးတဲ့ ဆက္ဆံေရးေတြရွိတဲ့သူလည္း ျဖစ္တယ္။ အဓိက ေဒါက္တိုင္ေပါ့” ဟု ေျပာသည္။
ပစ္ခတ္ခံရသူမွာ ခ႐ိုင္ေကာင္စီဝင္ ဦးညီညီေအာင္ ျဖစ္ၿပီး တလိုင္းထိန္ရပ္ကြက္ တ႐ုတ္တန္းလမ္းရွိ လမင္းဟန္ လက္ဘက္ရည္ဆိုင္ေရွ႕ရွိ ၎၏ကားအနီးတြင္ ေသနတ္ျဖင့္ ၅ ခ်က္ ပစ္ခတ္ခံလိုက္ျခင္း ျဖစ္သည္။
ေသနတ္ဒဏ္ရာရထားသည့္ ဦးညီညီေအာင္ကို အေရးေပၚေဆး႐ုံတင္ ကုသခဲ့ေသာ္လည္း ေသဆုံးသြားေၾကာင္း သိရသည္။
ဦးညီညီေအာင္ ပစ္သတ္ခံရမႈ ႏွင့္ ပတ္သက္၍ ထားဝယ္ေျပာက္က်ားစစ္ဆင္ေရးတပ္ဖြဲ႕ (Guerrilla Dawei) က ၎တို႔ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု ေအာက္တိုဘာလ ၂၂ ရက္ေန႔ (ယေန႔) ေန႔လည္ပိုင္းတြင္ ထုတ္ျပန္ ေၾကညာထား သည္။
ဦးညီညီေအာင္ သည္ ထားဝယ္သပိတ္စစ္ေၾကာင္းမ်ား၊ သပိတ္ေခါင္းေဆာင္မ်ား၏ သတင္းအခ်က္အလက္မ်ား ကို စုံစမ္းေထာက္လွမ္းၿပီး စစ္ေကာင္စီဘက္ကို သတင္းေပးလုပ္ေနသူ ျဖစ္သည္ဟု ဆိုၾကသည္။
စစ္ေကာင္စီကို အမွီျပဳၿပီး ကိုယ္က်ိဳးစီးပြားရွာေနျခင္းေၾကာင့္ ဦးညီညီေအာင္ကို သုတ္သင္ခဲ့တာျဖစ္ေၾကာင္း ထားဝယ္ေျပာက္က်ားစစ္ဆင္ေရးတပ္ဖြဲ႕က ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ေဖၚျပထားသည္။