အရပ်ဝတ်အဖွဲ့ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာတွင် ‌ပျူစောထီးအဖွဲ့ဟု ယူဆရသည့် အရပ်ဝတ်လက်နက်ကိုင် တစ်ဖွဲ့က ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

အောက်တိုဘာ ၂၂ ရက်နေ့(ယနေ့) နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်တွင် ပျူစောထီးအဖွဲ့ဝင်များဟု ယူဆရသူများ က ပစ်ခတ်မူကြောင့် ဆိုင်ထဲတွင် လက်ဖက်ရည်သောက်နေသည့် အသက် ၃၀ ကျော် ကိုနေနေ နှင့် အသက် ၆၀ အရွယ် ဦးအောင်နီတို့ နှစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ဘက်မှ မောင်းလာသည့် Vigo ကားတစီးသည် ပန္ဒလဲကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းရှေ့ အရောက်တွင် ပြန်လှည့်လာပြီး အထက်တန်းကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး က “ကားပေါ်ကနေ သုံးယောက်ခုန်ဆင်းလာပြီး ဆိုင်ပေါက်ကနေ သေနတ်နဲ့ အော်တို ပစ်ပြီးတော့ မောင်းပြေးသွား“ ဟု ပြောသည်။

ကားပေါ်မှ အရပ်ဝတ်နှင့် နှာခေါင်းစွပ် အမဲရောင်တပ်ထားသည့် လူ ၅ ဦးက အထက်တန်းကျောင်း၏ မျက်နှာ ချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်ထဲသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တွေ့မြင်လိုက်သူများက ပြော သည်။

ထိုပစ်ခတ်မှုကြောင့် တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး နောက်တစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခြင်း ဖြစ်သည်။

ထို့အပြင် လက်ဖက်ရည်ဆိုင်အတွင်းရှိ အခြားအမျိုးသားတစ်ဦးနှင့် ဆိုင်ရှင် အမျိုးသမီးတစ်ဦးလည်း သေနတ် ထိမှန်ခဲ့သည်။ သို့သော် ၎င်းတို့နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးဟုသိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ တိတိကျကျ တစ်စုံတစ်ရာ မသိရသေးပေ။

ပန္ဒလဲကျေးရွာသား အများစုက NLD ပါတီ ကို ဝန်းရံသည့်သူများ ဖြစ်ကြသည်။

*** ZAWGYI ***
အရပ္ဝတ္အဖြဲ႕ပစ္ခတ္မႈေၾကာင့္ လူႏွစ္ဦး ေသ၊ ႏွစ္ဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

ထားဝယ္ခ႐ိုင္ ေလာင္းလုံးၿမိဳ႕နယ္ ပႏၵလဲေက်း႐ြာတြင္ ‌ပ်ဴေစာထီးအဖြဲ႕ဟု ယူဆရသည့္ အရပ္ဝတ္လက္နက္ကိုင္ တစ္ဖြဲ႕က ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး ေသဆုံးၿပီး ႏွစ္ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။

ေအာက္တိုဘာ ၂၂ ရက္ေန႔(ယေန႔) နံနက္ ၈ နာရီဝန္းက်င္ အခ်ိန္ခန႔္တြင္ ပ်ဴေစာထီးအဖြဲ႕ဝင္မ်ားဟု ယူဆရသူမ်ား က ပစ္ခတ္မူေၾကာင့္ ဆိုင္ထဲတြင္ လက္ဖက္ရည္ေသာက္ေနသည့္ အသက္ ၃၀ ေက်ာ္ ကိုေနေန ႏွင့္ အသက္ ၆၀ အ႐ြယ္ ဦးေအာင္နီတို႔ ႏွစ္ဦး ေသနတ္ထိမွန္ၿပီး ေသဆုံးသြားခဲ့ျခင္း ျဖစ္သည္။

ထားဝယ္ဘက္မွ ေမာင္းလာသည့္ Vigo ကားတစီးသည္ ပႏၵလဲေက်း႐ြာ၊ ေ႐ႊဘုံသာဘုန္းႀကီးေက်ာင္းေရွ႕ အေရာက္တြင္ ျပန္လွည့္လာၿပီး အထက္တန္းေက်ာင္းေရွ႕ရွိ လက္ဖက္ရည္ဆိုင္အတြင္း ေသနတ္ျဖင့္ ဆက္တိုက္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့သူ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး က “ကားေပၚကေန သုံးေယာက္ခုန္ဆင္းလာၿပီး ဆိုင္ေပါက္ကေန ေသနတ္နဲ႔ ေအာ္တို ပစ္ၿပီးေတာ့ ေမာင္းေျပးသြား“ ဟု ေျပာသည္။

ကားေပၚမွ အရပ္ဝတ္ႏွင့္ ႏွာေခါင္းစြပ္ အမဲေရာင္တပ္ထားသည့္ လူ ၅ ဦးက အထက္တန္းေက်ာင္း၏ မ်က္ႏွာ ခ်င္းဆိုင္ရွိ လက္ဖက္ရည္ဆိုင္ထဲသို႔ အေၾကာင္းမဲ့ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု ေတြ႕ျမင္လိုက္သူမ်ားက ေျပာ သည္။

ထိုပစ္ခတ္မႈေၾကာင့္ တစ္ဦး ပြဲခ်င္းၿပီး ေသဆုံးၿပီး ေနာက္တစ္ဦးမွာ ေဆး႐ုံေရာက္ၿပီးေနာက္ ေသဆုံးသြားျခင္း ျဖစ္သည္။

ထို႔အျပင္ လက္ဖက္ရည္ဆိုင္အတြင္းရွိ အျခားအမ်ိဳးသားတစ္ဦးႏွင့္ ဆိုင္ရွင္ အမ်ိဳးသမီးတစ္ဦးလည္း ေသနတ္ ထိမွန္ခဲ့သည္။ သို႔ေသာ္ ၎တို႔ႏွစ္ဦးမွာ အသက္အႏၲရာယ္ စိုးရိမ္စရာမရွိဘူးဟုသိရသည္။

ပစ္ခတ္မႈႏွင့္ ပတ္သက္၍ တိတိက်က် တစ္စုံတစ္ရာ မသိရေသးေပ။

ပႏၵလဲေက်း႐ြာသား အမ်ားစုက NLD ပါတီ ကို ဝန္းရံသည့္သူမ်ား ျဖစ္ၾကသည္။