မီတာခ ကောက်ခံနေသော EPC ဝန်ထမ်းများကို Ghost Rangers အဖွဲ့က သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

အင်းစိန်မြို့နယ် အတွင်း လျှပ်စစ်မီတာခများ လိုက်လံကောက်ခံနေသည့် EPC ဝန်ထမ်းများ ကို Ghost Rangers (တစ္ဆေရိန်းဂျား) အဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့တွင် ရုပ်သံဖိုင်နှင့် တကွ သတိပေးချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ရုပ်သံဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပြန့်နှံ့လာခဲ့သည်။ ပြည်သူများ၏ သတင်းပေးပို့ထားမှုကြောင့် ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်ဟု Ghost Rangers အဖွဲ့ က ထည့်သွင်းပြောကြား ခဲ့သည်။

အင်းစိန်မြို့နယ်အတွင်း နေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး က “ကျနော်တို့ဆီမှာ အဲ့ဒီလိုလာ ကောက်တာတော့ ၂ ခါရှိပြီ။ ကျနော်က နှစ်လပိုင်းထဲက မဆောင်တာ။ သူတို့ လာတိုင်းလည်း မတွေ့ဘူး” ဟု ပြောသည်။

လျှပ်စစ်မီတာခများ လိုက်လံကောက်ခံနေပုံများ၊ လျှပ်စစ်မီး ဖြတ်တောက်နေသည့် ဝန်ထမ်းများ၏ မှတ်တမ်း ဓါတ်ပုံများကိုလည်း ရရှိထားပြီးဖြစ်သည်ဟု Ghost Rangers အဖွဲ့က ပြောသည်။

“စစ်ကောင်စီ ညွှန်ကြားမှုဖြင့် မတရားမှုကို ဆက်လက်ကျူးလွန်ပါက ပထဆုံးအကြိမ်နှင့် နောက်ဆုံး အကြိမ် သတိပေးလိုက်ပါတယ်။ ခင်ဗျားတို့ရဲ့ အသက်များအပိုပါလျှင် ဆက်လက်လုပ်ဆောင်နိုင်ပါတယ်” ဟု Ghost Rangers အဖွဲ့က ကြေညာခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်း စက်မှုလုပ်ငန်းလုပ်ကိုင်သူများ၊ အသေးစားစက်ရုံများနှင့် နေအိမ်လိုင်းခန်းငှားရမ်း သူများ ရှိသဖြင့် လုပ်ငန်းအတွက် မဖြစ်မနေ မီတာကြေး ပေးဆောင်ရသည်ဟု အသေးစား စက်ရုံလုပ်ငန်းပိုင်ရှင် တစ်ဦး က ပြောသည်။

အရှေ့ဒဂုံမြို့နယ် အတွင်းက ရပ်ကွက်များထဲတွင်လည်း မီတာခ မပေးသည့် နေအိမ်များကို လျှပ်စစ်မီးဖြတ် တောက်ခြင်းများ ပြီးခဲ့တဲ့လပိုင်းများက ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်အများစုတွင် လျှပ်စစ်ဝန်ထမ်းများက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြံရံ၍ မီတာခ မပေးဆောင်သည့် နေအိမ်များကို အတင်းအကြပ် မီတာခ ဆောင်ခိုင်းခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်း များ လိုက်လံ ပြုလုပ်လျက် ရှိသည်။

*** ZAWGYI ***
မီတာခ ေကာက္ခံေနေသာ EPC ဝန္ထမ္းမ်ားကို Ghost Rangers အဖြဲ႕က သတိေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

အင္းစိန္ၿမိဳ႕နယ္ အတြင္း လွ်ပ္စစ္မီတာခမ်ား လိုက္လံေကာက္ခံေနသည့္ EPC ဝန္ထမ္းမ်ား ကို Ghost Rangers (တေစၦရိန္းဂ်ား) အဖြဲ႕က ေအာက္တိုဘာ ၂၂ ရက္ေန႔တြင္ ႐ုပ္သံဖိုင္ႏွင့္ တကြ သတိေပးခ်က္ ထုတ္ျပန္လိုက္သည္။

အဆိုပါ ႐ုပ္သံဖိုင္မွာ လူမႈကြန္ရက္စာမ်က္ႏွာေပၚသို႔ ျပန႔္ႏွံ႔လာခဲ့သည္။ ျပည္သူမ်ား၏ သတင္းေပးပို႔ထားမႈေၾကာင့္ ယခုကဲ့သို႔ သတိေပးျခင္းျဖစ္သည္ဟု Ghost Rangers အဖြဲ႕ က ထည့္သြင္းေျပာၾကား ခဲ့သည္။

အင္းစိန္ၿမိဳ႕နယ္အတြင္း ေနထိုင္သည့္ အသက္ ၃၀ အ႐ြယ္အမ်ိဳးသားတစ္ဦး က “က်ေနာ္တို႔ဆီမွာ အဲ့ဒီလိုလာ ေကာက္တာေတာ့ ၂ ခါရွိၿပီ။ က်ေနာ္က ႏွစ္လပိုင္းထဲက မေဆာင္တာ။ သူတို႔ လာတိုင္းလည္း မေတြ႕ဘူး” ဟု ေျပာသည္။

လွ်ပ္စစ္မီတာခမ်ား လိုက္လံေကာက္ခံေနပုံမ်ား၊ လွ်ပ္စစ္မီး ျဖတ္ေတာက္ေနသည့္ ဝန္ထမ္းမ်ား၏ မွတ္တမ္း ဓါတ္ပုံမ်ားကိုလည္း ရရွိထားၿပီးျဖစ္သည္ဟု Ghost Rangers အဖြဲ႕က ေျပာသည္။

“စစ္ေကာင္စီ ၫႊန္ၾကားမႈျဖင့္ မတရားမႈကို ဆက္လက္က်ဴးလြန္ပါက ပထဆုံးအႀကိမ္ႏွင့္ ေနာက္ဆုံး အႀကိမ္ သတိေပးလိုက္ပါတယ္။ ခင္ဗ်ားတို႔ရဲ႕ အသက္မ်ားအပိုပါလွ်င္ ဆက္လက္လုပ္ေဆာင္ႏိုင္ပါတယ္” ဟု Ghost Rangers အဖြဲ႕က ေၾကညာခဲ့သည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္လည္း စက္မႈလုပ္ငန္းလုပ္ကိုင္သူမ်ား၊ အေသးစားစက္႐ုံမ်ားႏွင့္ ေနအိမ္လိုင္းခန္းငွားရမ္း သူမ်ား ရွိသျဖင့္ လုပ္ငန္းအတြက္ မျဖစ္မေန မီတာေၾကး ေပးေဆာင္ရသည္ဟု အေသးစား စက္႐ုံလုပ္ငန္းပိုင္ရွင္ တစ္ဦး က ေျပာသည္။

အေရွ႕ဒဂုံၿမိဳ႕နယ္ အတြင္းက ရပ္ကြက္မ်ားထဲတြင္လည္း မီတာခ မေပးသည့္ ေနအိမ္မ်ားကို လွ်ပ္စစ္မီးျဖတ္ ေတာက္ျခင္းမ်ား ၿပီးခဲ့တဲ့လပိုင္းမ်ားက ျပဳလုပ္ခဲ့သည္ဟု ေဒသခံမ်ားက ဆိုသည္။

ရန္ကုန္တိုင္း အတြင္းရွိ ၿမိဳ႕နယ္အမ်ားစုတြင္ လွ်ပ္စစ္ဝန္ထမ္းမ်ားက စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ၿခံရံ၍ မီတာခ မေပးေဆာင္သည့္ ေနအိမ္မ်ားကို အတင္းအၾကပ္ မီတာခ ေဆာင္ခိုင္းျခင္း၊ လွ်ပ္စစ္မီး ျဖတ္ေတာက္ျခင္း မ်ား လိုက္လံ ျပဳလုပ္လ်က္ ရွိသည္။