လှိုင်မြို့နယ်တွင် ယာဉ်မောင်းတစ်ဦးကို ဒလန်ဟု စွပ်စွဲကာ ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ဗဟိုလမ်းမပေါ်ရှိ အငှားယာဉ်ဂိတ်တွင် ယာဉ်မောင်းအမျိုးသားတစ်ဦးကို စစ်ကောင် စီ သတင်းပေး ဒလန်နှင့် မှားယွင်းကာ ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။
ဗဟိုလမ်းမပေါ်ရှိ အငှားယာဉ်ဂိတ်မှ ယာဉ်းမောင်း ဦးသိန်းဦး အောက်တိုဘာ ၂၁ ရက်၊ ညနေပိုင်း က ဒလန်နှင့် မှားယွင်းကာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့လိုက်ရခြင်း ဖြစ်သည်။
“ကားနောက်ဖုံးဖွင့်ပြီး ထိုင်နေတဲ့ အချိန်လာပစ်သွားတာ။ ဂိတ်မှာသူ တစ်ယောက်ထဲရှိတဲ့ အချိန်မှာ ဖြစ်သွားတာ” ဟု ပစ်ခတ်မှုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။
သေဆုံးသူ ဦးသိန်းဦးမှာ စစ်ကောင်စီထံ သတင်းပေးနေသူ မဟုတ်ဘဲ လူမှုရေးကိစ္စအချို့ကြောင့် သတင်းအမှား ပေးကာ လုပ်ကြံခံလိုက်ရခြင်း ဖြစ်ပြီး ဦးသိန်းဦးမှာ NUG အစိုးရအဖွဲ့ကို ထောက်ခံသူတစ်ဦးဖြစ်သည်ဟု သေဆုံး သူ၏ မိသားစုဝင်များက လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည် ဖြေရှင်းထားသည်။
ပြီးခဲ့သည့်လပိုင်းက ဦးသိန်းဦး၏ သားနှင့် ၎င်း၏ သူငယ်ချင်းတစ်စု စကားများရန်ဖြစ်ခဲ့ကြရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ဦးသိန်းဦး၏ သားနှင့် ရန်ဖြစ်ခဲ့ကြသည့် လူငယ်မှာ တစ်လအကြာတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထိုသို့အဖမ်းခံရခြင်းမှာ ဦးသိန်းဦးက သတင်းပေးခြင်းကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု စွပ်စွဲကြခဲ့ခြင်းဖြစ် ကြောင်း သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦး က ရှင်းပြသည်။
လာရောက်ပစ်ခတ်ခဲ့သည့် Rangoon Urban Revolutionaries – RUR အဖွဲ့ကလည်း ဦးသိန်းဦးအား ရှင်းလင်းခဲ့ ကြောင်း လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ထို့နောက် အဆိုပါ ထုတ်ပြန်ချက်ကိုလည်း နောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချသွားခဲ့သည်။
သေဆုံးသူ ဦးသိန်းဦး မှာ အငှားယာဉ်မောင်း အလုပ်လုပ်ကိုင်ရင်း စစ်ကောင်စီထံ သတင်းပေးနေသူ ဖြစ်ပြီး ရပ်ကွက်အတွင်းက လူငယ် ၈ ဦးလည်း ၎င်းသတင်းပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း လာရောက်ပစ်ခတ်ခဲ့ သည့် Rangoon Urban Revolutionaries – RUR အဖွဲ့က အစောပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့ သည်။
လာရောက်ပစ်ခတ်ခဲ့သည့် Rangoon Urban Revolutionaries – RUR အဖွဲ့ကလည်း ဦးသိန်းဦး အား ရှင်းလင်းခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည့်စာကို ပြန်လည်ဖြုတ်ချသွားခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းခြင်းမျိုး မရှိသေးပေ။
သေဆုံးသူ ဦးသိန်းဦး၏ လူမှုကွန်ရက်အကောင့်တွင်လည်း စစ်တပ်၏ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ဓါတ်ပုံ – ဦးသိန်းဦး ကို ရှင်းလင်းခဲ့ကြောင့် RUR ၏ ထုတ်ပြန်ချက်
*** ZAWGYI ***
လႈိင္ၿမိဳ႕နယ္တြင္ ယာဥ္ေမာင္းတစ္ဦးကို ဒလန္ဟု စြပ္စြဲကာ ပစ္ခတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။
လႈိင္ၿမိဳ႕နယ္၊ ၁၃ ရပ္ကြက္၊ ဗဟိုလမ္းမေပၚရွိ အငွားယာဥ္ဂိတ္တြင္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးကို စစ္ေကာင္ စီ သတင္းေပး ဒလန္ႏွင့္ မွားယြင္းကာ ပစ္သတ္ခံခဲ့ရသည္ဟု ရပ္ကြက္အတြင္းေနထိုင္သူမ်ားက ေျပာသည္။
ဗဟိုလမ္းမေပၚရွိ အငွားယာဥ္ဂိတ္မွ ယာဥ္းေမာင္း ဦးသိန္းဦး ေအာက္တိုဘာ ၂၁ ရက္၊ ညေနပိုင္း က ဒလန္ႏွင့္ မွားယြင္းကာ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့လိုက္ရျခင္း ျဖစ္သည္။
“ကားေနာက္ဖုံးဖြင့္ၿပီး ထိုင္ေနတဲ့ အခ်ိန္လာပစ္သြားတာ။ ဂိတ္မွာသူ တစ္ေယာက္ထဲရွိတဲ့ အခ်ိန္မွာ ျဖစ္သြားတာ” ဟု ပစ္ခတ္မႈျဖစ္စဥ္ကို မ်က္ျမင္ေတြ႕ရွိခဲ့သူ တစ္ဦးက ေျပာသည္။
ေသဆုံးသူ ဦးသိန္းဦးမွာ စစ္ေကာင္စီထံ သတင္းေပးေနသူ မဟုတ္ဘဲ လူမႈေရးကိစၥအခ်ိဳ႕ေၾကာင့္ သတင္းအမွား ေပးကာ လုပ္ႀကံခံလိုက္ရျခင္း ျဖစ္ၿပီး ဦးသိန္းဦးမွာ NUG အစိုးရအဖြဲ႕ကို ေထာက္ခံသူတစ္ဦးျဖစ္သည္ဟု ေသဆုံး သူ၏ မိသားစုဝင္မ်ားက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ျပန္လည္ ေျဖရွင္းထားသည္။
ၿပီးခဲ့သည့္လပိုင္းက ဦးသိန္းဦး၏ သားႏွင့္ ၎၏ သူငယ္ခ်င္းတစ္စု စကားမ်ားရန္ျဖစ္ခဲ့ၾကရာမွ စတင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေသဆုံးသူ၏ မိသားစုႏွင့္ နီးစပ္သူမ်ားက ေျပာသည္။
ဦးသိန္းဦး၏ သားႏွင့္ ရန္ျဖစ္ခဲ့ၾကသည့္ လူငယ္မွာ တစ္လအၾကာတြင္ စစ္ေကာင္စီ၏ ဖမ္းဆီးျခင္းကိုခံခဲ့ရၿပီး ထိုသို႔အဖမ္းခံရျခင္းမွာ ဦးသိန္းဦးက သတင္းေပးျခင္းေၾကာင့္ အဖမ္းခံရျခင္းျဖစ္သည္ဟု စြပ္စြဲၾကခဲ့ျခင္းျဖစ္ ေၾကာင္း ေသဆုံးသူ၏ မိသားစုႏွင့္ နီးစပ္သူတစ္ဦး က ရွင္းျပသည္။
လာေရာက္ပစ္ခတ္ခဲ့သည့္ Rangoon Urban Revolutionaries – RUR အဖြဲ႕ကလည္း ဦးသိန္းဦးအား ရွင္းလင္းခဲ့ ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္ ထုတ္ျပန္ခဲ့သည္။
ထို႔ေနာက္ အဆိုပါ ထုတ္ျပန္ခ်က္ကိုလည္း ေနာက္ပိုင္းတြင္ ျပန္လည္ျဖဳတ္ခ်သြားခဲ့သည္။
ေသဆုံးသူ ဦးသိန္းဦး မွာ အငွားယာဥ္ေမာင္း အလုပ္လုပ္ကိုင္ရင္း စစ္ေကာင္စီထံ သတင္းေပးေနသူ ျဖစ္ၿပီး ရပ္ကြက္အတြင္းက လူငယ္ ၈ ဦးလည္း ၎သတင္းေပးမႈေၾကာင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း လာေရာက္ပစ္ခတ္ခဲ့ သည့္ Rangoon Urban Revolutionaries – RUR အဖြဲ႕က အေစာပိုင္းတြင္ လူမႈကြန္ရက္စာမ်က္ႏွာတြင္ တင္ထားခဲ့ သည္။
လာေရာက္ပစ္ခတ္ခဲ့သည့္ Rangoon Urban Revolutionaries – RUR အဖြဲ႕ကလည္း ဦးသိန္းဦး အား ရွင္းလင္းခဲ့ ေၾကာင္း ထုတ္ျပန္ခဲ့သည့္စာကို ျပန္လည္ျဖဳတ္ခ်သြားခဲ့ေသာ္လည္း ယခုအခ်ိန္ထိ တစ္စုံတစ္ရာ ေျဖရွင္းျခင္းမ်ိဳး မရွိေသးေပ။
ေသဆုံးသူ ဦးသိန္းဦး၏ လူမႈကြန္ရက္အေကာင့္တြင္လည္း စစ္တပ္၏ အာဏာသိမ္းမႈအေပၚ ဆန႔္က်င္သည့္ လႈပ္ရွားမႈမ်ား ေရးသားေဖာ္ျပထားသည္ကို ေတြ႕ရသည္။
ဓါတ္ပုံ – ဦးသိန္းဦး ကို ရွင္းလင္းခဲ့ေၾကာင့္ RUR ၏ ထုတ္ျပန္ခ်က္