တပ်ရင်း ၉၅၉ ရှေ့ရှိ စစ်ဆေးရေး ဂိတ်ဗုံးကွဲပြီး ရဲနှင့် ဆက်စပ်သူ အရပ်သားများ ဓါးကိုင်ကာ စစ်ဆေးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ပဲခူးတိုင်း၊ ပြည်မြို့က ၉၅၉ တပ်ရှေ့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့နှင့် ဆက်စပ်သော လူအချို့ ဓါးများကိုင်ပြီး စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ညဦးပိုင်းတွင် ပေါက်ကွဲသည့် ဗုံးကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး ၆ ဦးခန့် ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးနေကြခြင်း ဖြစ်သည်။
ပြည်မြို့ခံ တစ်ဦး က ”အခုမြို့သစ်ဘက်မှာ အစစ်အဆေးကြမ်းတယ်။ ဘယ်လိုပြောရမလဲ ရဲမွေးထားတဲ့ လူမိုက် တွေက ဓါးတရမ်းရမ်းနဲ့ စစ်နေတာ“ ဟု ပြောသည်။
ထိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူ ၆ ဦးအနက်၊ နောက်ရက်နံနက်ပိုင်းတွင် ၃ ဦး ထပ်မံသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ယင်းဖောက်ခွဲမှုကို ပြည်မြို့ အခြေစိုက် ပြည်မြို့ မြေအောက်ပျောက်ကြားတပ်ဖွဲ့ – PUGF က ၎င်းတို့ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာမှ ထုတ်ပြန်ထားသည်။
ပြည်မြို့ မြေအောက်ပျောက်ကြားတပ်ဖွဲ့ – PUGF က စစ်ကောင်စီကို ရှေ့ဆက် အပြင်းအထန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီကို အားပေးခြင်း၊ ပူးပေါင်းခြင်းများ မပြုလုပ်ကြရန် သတိပေးထားသည်။
ပြည်မြို့တွင် အောက်တိုဘာ ၁၉ ရက်နေ့၊ ညပိုင်းကလည်း အုပ်ချုပ်ရေးမှူးရုံးနှင့် မီတာရုံးများတွင် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတုန်းကလည်း မြို့တော်ခန်းမရှေ့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် စစ် ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုများ ရှိခဲ့သည်။
*** ZAWGYI ***
တပ္ရင္း ၉၅၉ ေရွ႕ရွိ စစ္ေဆးေရး ဂိတ္ဗုံးကြဲၿပီး ရဲႏွင့္ ဆက္စပ္သူ အရပ္သားမ်ား ဓါးကိုင္ကာ စစ္ေဆးေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕က ၉၅၉ တပ္ေရွ႕ရွိ စစ္ေကာင္စီ၏ စစ္ေဆးေရးဂိတ္ ဗုံးျဖင့္ တိုက္ခိုက္ခံရၿပီးေနာက္ ရဲတပ္ဖြဲ႕ႏွင့္ ဆက္စပ္ေသာ လူအခ်ိဳ႕ ဓါးမ်ားကိုင္ၿပီး စစ္ေဆးေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာလ ၂၁ ရက္ေန႔ ညဦးပိုင္းတြင္ ေပါက္ကြဲသည့္ ဗုံးေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ႏွစ္ဦး ေနရာတြင္ ေသဆုံးခဲ့ၿပီး ၆ ဦးခန႔္ ျပင္းထန္ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ယခုကဲ့သို႔ စစ္ေဆးေနၾကျခင္း ျဖစ္သည္။
ျပည္ၿမိဳ႕ခံ တစ္ဦး က ”အခုၿမိဳ႕သစ္ဘက္မွာ အစစ္အေဆးၾကမ္းတယ္။ ဘယ္လိုေျပာရမလဲ ရဲေမြးထားတဲ့ လူမိုက္ ေတြက ဓါးတရမ္းရမ္းနဲ႔ စစ္ေနတာ“ ဟု ေျပာသည္။
ထိုစစ္ေဆးေရးဂိတ္ တိုက္ခိုက္ခံရမႈအတြင္း ထိခိုက္ဒဏ္ရာ ရရွိခဲ့ၾကသူ ၆ ဦးအနက္၊ ေနာက္ရက္နံနက္ပိုင္းတြင္ ၃ ဦး ထပ္မံေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။
ယင္းေဖာက္ခြဲမႈကို ျပည္ၿမိဳ႕ အေျခစိုက္ ျပည္ၿမိဳ႕ ေျမေအာက္ေပ်ာက္ၾကားတပ္ဖြဲ႕ – PUGF က ၎တို႔ လုပ္ေဆာင္ခဲ့ ျခင္း ျဖစ္ေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာမွ ထုတ္ျပန္ထားသည္။
ျပည္ၿမိဳ႕ ေျမေအာက္ေပ်ာက္ၾကားတပ္ဖြဲ႕ – PUGF က စစ္ေကာင္စီကို ေရွ႕ဆက္ အျပင္းအထန္တိုက္ခိုက္သြားမည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စစ္ေကာင္စီကို အားေပးျခင္း၊ ပူးေပါင္းျခင္းမ်ား မျပဳလုပ္ၾကရန္ သတိေပးထားသည္။
ျပည္ၿမိဳ႕တြင္ ေအာက္တိုဘာ ၁၉ ရက္ေန႔၊ ညပိုင္းကလည္း အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ မီတာ႐ုံးမ်ားတြင္ ဗုံးေပါက္ကြဲ မႈမ်ား ျဖစ္ပြားခဲ့ၿပီး စက္တင္ဘာလတုန္းကလည္း ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈတြင္ စစ္ ေကာင္စီတပ္ဖြဲ႕ဝင္အခ်ိဳ႕ ေသဆုံးမႈမ်ား ရွိခဲ့သည္။