စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဝေးဝေးနေရန်၊ မသင်္ကာဖွယ် ပစ္စည်းများ ကောက်မကြည့်ရန် သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူများ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် နီးနီး ကပ်ကပ်မနေကြရန် လှိုင်သာယာမြို့ပြ ပျောက်ကြား အဖွဲ့ CGF က အောက်တိုဘာ ၂၂ ရက်နေ့ တွင် မေတ္တာရပ်ခံချက် တစ်စောင် ထုတ်ပြန်ထားသည်။

အထူးသဖြင့် မသင်္ကာဖွယ်တွေ့ရှိပါက ကောက်ယူတို့ထိခြင်း၊ စပ်စုရပ်ကြည့်ခြင်းများ မပြုလုပ်ရန် အမှိုက် ကောက်သူများလည်း လိုက်နာပေးရန် သတိပေးထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်က ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် CGF အနေဖြင့် ကြီးမားသော လုပ်ငန်း ရည်ရွယ်ချက် တစ်ခုဖော်ဆောင်ရာတွင် အမှိုက်ကောက်သမားက ကောက်ယူခြင်းကြောင့် စီစဉ်ထားမှုအချို့ ပျက်စီးသွားခဲ့ရ သည် ဟု CGF က ပြောသည်။

“ယနေ့မနက် ပုသိမ်လမ်းမကြီး အဝေးပြေး နှင့် သမကုန်းကြားတစ်ဝိုက်တွင် CGF HTY ၏ ကြီးမားသော Mission တစ်ခုအား ဖေါ်ဆောင်ရာတွင် အမှိုက်ကောက်သမား ကောက်ယူခြင်းမှ စတင်ပြီး အရာ အားလုံး ပျက် ပြယ်သွားခဲ့ကာ ရပ်ကြည့်သူမြောက်များစွာလည်း ရှိနေသည့်အတွက် ဆက်လက်သိမ်းယူခြင်း မခံရရန် လွတ် ကင်းရာတွင်သာ အဝေးထိန်း 4 လုံးသာ ဖောက်ခွဲမှုပြုလုပ်လိုက်ရပြီး ကျန်ရှိနေသည့် မှိုင်းများ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်” ဟု လှိုင်သာယာမြို့ပြ ပျောက်ကြား အဖွဲ့ CGF က ထုတ်ပြန်ထားသည်။

ကြေညာချက်ထုတ်လိုက်သည့် အောက်တိုဘာ ၂၂ ရက်နေ့ (ယနေ့) မှ စတင်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက CGF အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်းလည်း သတိပေး ထား သည်။

အင်းစိန်မြို့နယ်က နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက “ကိုယ့်စိတ်ထဲ မသင်္ကာဘူး ထင်ရင် ဝေးဝေးရှောင် တာ ကောင်းတယ်။ အဓိက အိတ်အမဲနဲ့ ထုတ်ထားရင် ဘီယာ ဗူးခွံတောင် သွားမကောက် သင့်ဘူး” ဟု ပြော သည်။

အောက်တိုဘာ ၂၂ ရက်နေ့ (ယနေ့) တစ်ရက်တည်းတွင်ပင် ရန်ကုန်မြို့၏ နေရာ ၁၄ နေရာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အများစု က မြို့နယ်လျှပ်စစ်ရုံးများတွင် ဖြစ်သည်။

ထို့ကြောင့် မြို့တွင်းတိုက်ပွဲများ အရှိန်မြှင့်လာနိုင်သည့် သဘောမျိုးဖြစ်သည်ဟု အထက်ပါ အင်းစိန်မြို့နယ်က နိုင်ငံရေး အကျဉ်းသားဟောင်း က ပြောသည်။

လှိုင်သာယာမြို့ပြ ပျောက်ကြား အဖွဲ့ CGF က ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း ပုံစံအမျိုးမျိုးဖြင့် အသွင်ယူခြင်းများ ရှိနေသဖြင့် အရပ်ဝတ်ဖြင့် တွေ့တိုင်း ပြည်သူဟု မထင်ကြရန် ထပ်လောင်း သတိပေးထားသည်။

ပြီးခဲ့သည့် လပိုင်းက မှော်ဘီဈေးအရှေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင်လည်း အသတ် ၁၃ နှစ် အရွယ် အမှိုက်ကောက်သမား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဖူးသည်။

*** ZAWGYI ***
စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ ေဝးေဝးေနရန္၊ မသကၤာဖြယ္ ပစၥည္းမ်ား ေကာက္မၾကည့္ရန္ သတိေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

လႈိင္သာယာၿမိဳ႕နယ္အတြင္း ေနထိုင္သူမ်ား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ႏွင့္ နီးနီး ကပ္ကပ္မေနၾကရန္ လႈိင္သာယာၿမိဳ႕ျပ ေပ်ာက္ၾကား အဖြဲ႕ CGF က ေအာက္တိုဘာ ၂၂ ရက္ေန႔ တြင္ ေမတၱာရပ္ခံခ်က္ တစ္ေစာင္ ထုတ္ျပန္ထားသည္။

အထူးသျဖင့္ မသကၤာဖြယ္ေတြ႕ရွိပါက ေကာက္ယူတို႔ထိျခင္း၊ စပ္စုရပ္ၾကည့္ျခင္းမ်ား မျပဳလုပ္ရန္ အမႈိက္ ေကာက္သူမ်ားလည္း လိုက္နာေပးရန္ သတိေပးထုတ္ျပန္ထားသည္။

ေအာက္တိုဘာလ ၂၂ ရက္ေန႔၊ နံနက္က ရန္ကုန္-ပုသိမ္လမ္းမႀကီးေပၚတြင္ CGF အေနျဖင့္ ႀကီးမားေသာ လုပ္ငန္း ရည္႐ြယ္ခ်က္ တစ္ခုေဖာ္ေဆာင္ရာတြင္ အမႈိက္ေကာက္သမားက ေကာက္ယူျခင္းေၾကာင့္ စီစဥ္ထားမႈအခ်ိဳ႕ ပ်က္စီးသြားခဲ့ရ သည္ ဟု CGF က ေျပာသည္။

“ယေန႔မနက္ ပုသိမ္လမ္းမႀကီး အေဝးေျပး ႏွင့္ သမကုန္းၾကားတစ္ဝိုက္တြင္ CGF HTY ၏ ႀကီးမားေသာ Mission တစ္ခုအား ေဖၚေဆာင္ရာတြင္ အမႈိက္ေကာက္သမား ေကာက္ယူျခင္းမွ စတင္ၿပီး အရာ အားလုံး ပ်က္ ျပယ္သြားခဲ့ကာ ရပ္ၾကည့္သူေျမာက္မ်ားစြာလည္း ရွိေနသည့္အတြက္ ဆက္လက္သိမ္းယူျခင္း မခံရရန္ လြတ္ ကင္းရာတြင္သာ အေဝးထိန္း 4 လုံးသာ ေဖာက္ခြဲမႈျပဳလုပ္လိုက္ရၿပီး က်န္ရွိေနသည့္ မႈိင္းမ်ား ဆုံးရႈံးမႈမ်ားစြာ ျဖစ္ေပၚခဲ့ပါသည္” ဟု လႈိင္သာယာၿမိဳ႕ျပ ေပ်ာက္ၾကား အဖြဲ႕ CGF က ထုတ္ျပန္ထားသည္။

ေၾကညာခ်က္ထုတ္လိုက္သည့္ ေအာက္တိုဘာ ၂၂ ရက္ေန႔ (ယေန႔) မွ စတင္ၿပီး လိုက္နာေဆာင္႐ြက္ျခင္းမရွိဘဲ ထိခိုက္မႈတစ္စုံတစ္ရာ ျဖစ္ေပၚလာပါက CGF အေနျဖင့္ တာဝန္ယူမည္ မဟုတ္ေၾကာင္းလည္း သတိေပး ထား သည္။

အင္းစိန္ၿမိဳ႕နယ္က ႏိုင္ငံေရး အက်ဥ္းသားေဟာင္း တစ္ဦးက “ကိုယ့္စိတ္ထဲ မသကၤာဘူး ထင္ရင္ ေဝးေဝးေရွာင္ တာ ေကာင္းတယ္။ အဓိက အိတ္အမဲနဲ႔ ထုတ္ထားရင္ ဘီယာ ဗူးခြံေတာင္ သြားမေကာက္ သင့္ဘူး” ဟု ေျပာ သည္။

ေအာက္တိုဘာ ၂၂ ရက္ေန႔ (ယေန႔) တစ္ရက္တည္းတြင္ပင္ ရန္ကုန္ၿမိဳ႕၏ ေနရာ ၁၄ ေနရာတြင္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ၿပီး အမ်ားစု က ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမ်ားတြင္ ျဖစ္သည္။

ထို႔ေၾကာင့္ ၿမိဳ႕တြင္းတိုက္ပြဲမ်ား အရွိန္ျမႇင့္လာႏိုင္သည့္ သေဘာမ်ိဳးျဖစ္သည္ဟု အထက္ပါ အင္းစိန္ၿမိဳ႕နယ္က ႏိုင္ငံေရး အက်ဥ္းသားေဟာင္း က ေျပာသည္။

လႈိင္သာယာၿမိဳ႕ျပ ေပ်ာက္ၾကား အဖြဲ႕ CGF က ျပည္သူမ်ားအား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္လည္း ပုံစံအမ်ိဳးမ်ိဳးျဖင့္ အသြင္ယူျခင္းမ်ား ရွိေနသျဖင့္ အရပ္ဝတ္ျဖင့္ ေတြ႕တိုင္း ျပည္သူဟု မထင္ၾကရန္ ထပ္ေလာင္း သတိေပးထားသည္။

ၿပီးခဲ့သည့္ လပိုင္းက ေမွာ္ဘီေဈးအေရွ႕တြင္ ျဖစ္ပြားခဲ့သည့္ ဗုံးေပါက္ကြဲမႈတြင္လည္း အသတ္ ၁၃ ႏွစ္ အ႐ြယ္ အမႈိက္ေကာက္သမား တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ ဖူးသည္။