ရန်ကုန် ၁၂ မြို့နယ် လျှပ်စစ်ရုံးများ တရက်ထဲ ဗုံးကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ရန်ကုန်မြို့ရှိ မြို့နယ် ၁၂ မြို့နယ်က လျှပ်စစ်မီတာရုံး များတွင် အောက်တိုဘာလ ၂၂ ရက်နေ့ (ယနေ့) တစ်ရက်တည်းတွင် ဗုံးပေါက်ကွဲမှုများ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့သည်။
ယနေ့ နေ့လည် ၁၂ နာရီ အချိန်က ရန်ကုန်တိုင်းအတွင်းရှိ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ လှိုင်၊ အလုံ၊ အင်းစိန်၊ မြောက် ဒဂုံ၊ တောင်ဒဂုံနှင့် အခြားမြို့နယ်များရှိ လျှပ်စစ်ရုံးများတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ပြပျောက်ကြားအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ အမျိုးသားတစ်ဦးက “ဒီလောက်ပေါက်နေတာတောင် မီတာဆောင်မယ်ဆိုလည်း ဆောင် ကြပေါ့” ဟု သည်။
စစ်ကောင်စီက လျှပ်စစ်မီတာခ မဆောင်ပါက မီးဖြတ်မည်ဟု လိုက်လံခြိမ်းခြောက်ခြင်း၊ မီတာခ မဆောင်သည့် နေအိမ်များကို မီးတာပုံးဖြုတ်သိမ်းခြင်း၊ အတင်းအကြပ် မီတာခဆောင်ခိုင်းခြင်းများ ရှိနေခြင်းကြောင့် သတိ ပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု မြို့ပြပျောက်ကြားအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။
လှိုင်မြို့နယ်၊ ၇ ရပ်ကွက် အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦး က “ကျမတို့ကတော့ မဆောင်ဘူး။ အာဏာစ သိမ်းထဲက။ ရပ်ကွက်ထဲ မဆောင်တဲ့သူတွေလည်း အများကြီးပဲ။ မနေ့ ကတော့ မီတာစာရွက် လာပေးတယ်။ ပေးတာက သူ့အလုပ်။ ဆောင်တာ မဆောင်တာက ကိုယ့်အလုပ်” ဟု ပြောသည်။
တောင်ဥက္ကလာပမြို့နယ် အတွင်း၌လည်း မီတာမဆောင်သည့် နေအိမ်များကို လျှပ်စစ်ဝန်ထမ်း အယောက် ၂၀ ခန့် က မီးလာရောက် ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် လစဉ်ပေး ဆောင်နေရသည့် မီတာခများကို အများပြည် သူက မပေးဆောင်ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် လစဉ်ပေး ဆောင်ရမည့် မီတာခများ မဆောင်ကြ၍ ဖေဖော်ဝါရီလကစပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ၏ ဝင်ငွေသည် ယခင်နှစ်ကထက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေး ပညာ ရှင်များ IEM က ဇူလိုင်လတွင် အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့သည်။
*** ZAWGYI ***
ရန္ကုန္ ၁၂ ၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးမ်ား တရက္ထဲ ဗုံးကြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။
ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္ ၁၂ ၿမိဳ႕နယ္က လွ်ပ္စစ္မီတာ႐ုံး မ်ားတြင္ ေအာက္တိုဘာလ ၂၂ ရက္ေန႔ (ယေန႔) တစ္ရက္တည္းတြင္ ဗုံးေပါက္ကြဲမႈမ်ား တစ္ၿပိဳင္နက္တည္း ျဖစ္ပြားခဲ့သည္။
ယေန႔ ေန႔လည္ ၁၂ နာရီ အခ်ိန္က ရန္ကုန္တိုင္းအတြင္းရွိ သဃၤန္းကြၽန္း၊ ရန္ကင္း၊ လႈိင္၊ အလုံ၊ အင္းစိန္၊ ေျမာက္ ဒဂုံ၊ ေတာင္ဒဂုံႏွင့္ အျခားၿမိဳ႕နယ္မ်ားရွိ လွ်ပ္စစ္႐ုံးမ်ားတြင္ ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ေပၚခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ ဝင္ အခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
သဃၤန္းကြၽန္းၿမိဳ႕နယ္မွ အမ်ိဳးသားတစ္ဦးက “ဒီေလာက္ေပါက္ေနတာေတာင္ မီတာေဆာင္မယ္ဆိုလည္း ေဆာင္ ၾကေပါ့” ဟု သည္။
စစ္ေကာင္စီက လွ်ပ္စစ္မီတာခ မေဆာင္ပါက မီးျဖတ္မည္ဟု လိုက္လံၿခိမ္းေျခာက္ျခင္း၊ မီတာခ မေဆာင္သည့္ ေနအိမ္မ်ားကို မီးတာပုံးျဖဳတ္သိမ္းျခင္း၊ အတင္းအၾကပ္ မီတာခေဆာင္ခိုင္းျခင္းမ်ား ရွိေနျခင္းေၾကာင့္ သတိ ေပးသည့္အေနျဖင့္ ေဖာက္ခြဲခဲ့ျခင္းျဖစ္သည္ဟု ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေဖာ္ျပထားသည္။
လႈိင္ၿမိဳ႕နယ္၊ ၇ ရပ္ကြက္ အတြင္း ေနထိုင္သူ အမ်ိဳးသမီးတစ္ဦး က “က်မတို႔ကေတာ့ မေဆာင္ဘူး။ အာဏာစ သိမ္းထဲက။ ရပ္ကြက္ထဲ မေဆာင္တဲ့သူေတြလည္း အမ်ားႀကီးပဲ။ မေန႔ ကေတာ့ မီတာစာ႐ြက္ လာေပးတယ္။ ေပးတာက သူ႔အလုပ္။ ေဆာင္တာ မေဆာင္တာက ကိုယ့္အလုပ္” ဟု ေျပာသည္။
ေတာင္ဥကၠလာပၿမိဳ႕နယ္ အတြင္း၌လည္း မီတာမေဆာင္သည့္ ေနအိမ္မ်ားကို လွ်ပ္စစ္ဝန္ထမ္း အေယာက္ ၂၀ ခန႔္ က မီးလာေရာက္ ျဖတ္ေတာက္ျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု သိရသည္။
စစ္တပ္၏ အာဏာသိမ္းမႈကို ဆန႔္က်င္သည့္ အေနျဖင့္ လစဥ္ေပး ေဆာင္ေနရသည့္ မီတာခမ်ားကို အမ်ားျပည္ သူက မေပးေဆာင္ဘဲ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈတြင္ ပါဝင္ေနၾကျခင္း ျဖစ္သည္။
တစ္ႏိုင္ငံလုံး အတိုင္းအတာေဆာင္သည့္ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈေၾကာင့္ လစဥ္ေပး ေဆာင္ရမည့္ မီတာခမ်ား မေဆာင္ၾက၍ ေဖေဖာ္ဝါရီလကစၿပီး လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာ၏ ဝင္ေငြသည္ ယခင္ႏွစ္ကထက္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားသည္ဟု ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စီးပြားေရး ပညာ ရွင္မ်ား IEM က ဇူလိုင္လတြင္ အစီရင္ခံစာ တစ္ေစာင္ထုတ္ျပန္ခဲ့သည္။