ဧရာဝတီတိုင်းမှ မြစ်မခ သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်း အဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
မြစ်မခ သတင်းအေဂျင်စီ၏ ဧရာဝတီတိုင်း အခြေစိုက် သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်း က ဖမ်းဆီးသွားသည်။
ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက်၊ ငဝန်ကျွန်းသာ ၁ လမ်းရှိ ၎င်း၏ နေအိမ်သို့ အရပ်ဝတ် ဝတ်ထားပြီး သေနတ်များ ကိုင်ဆောင်ထားသည့် လူ ၂၅ ယောက်ခန့် ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်းနေ ထိုင်သူများက ပြောသည်။
“လုံခြုံရေး တပ်ဖွဲ့ကလို့ ပြောပြီးဝင်လာတာ။ လူတိုင်းမှာ သေနတ်တွေပါတယ်။ အိမ်ပေါ်တက်လာပြီး ဖမ်းတဲ့သူ တွေက အရပ်ဝတ် ဝတ် ထားတယ်။ ဘာကြောင့် ဖမ်းတယ် ဆိုတာတော့ ပြောမသွားဘူး” ဟု ၎င်း၏ မိသားစုဝင် တစ်ဦး က ပြောသည်။
အသက် ၃၅ နှစ် အရွယ် ကိုမျိုးမင်းထွန်း သည် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူနေရသူ ဖြစ် ကြောင်း၊ သူ့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးကြောင်း မိသားစုဝင်များက ဆက် ပြောသည်။
ကိုမျိုးမင်းထွန်း နှင့် နီးစပ်သူ ဦးမင်းမင်း က “ကိုမျိုးမင်းထွန်း က သတင်းထောက် အလုပ် မလုပ်တာ အတော် ကြာနေပြီ။ အာဏာ မသိမ်းခင် ကတည်းကပါ” ဟု ပြောသည်။
ပုသိမ်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ ဆိုရှယ် မီဒီယာ ဓာတ်ပုံ သတင်းထောက် ကိုဆန်းမြင့် နှင့် တိုင်းဧရာ သတင်းထောက် မရွှေရည်ဝင်း တို့ ဖမ်းဆီးခံထားရ သည်ဟု ဒေသခံများက ဆိုသည်။
*** ZAWGYI ***
ဧရာဝတီတိုင္းမွ ျမစ္မခ သတင္းေထာက္ေဟာင္း ကိုမ်ိဳးမင္းထြန္း အဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။
ျမစ္မခ သတင္းေအဂ်င္စီ၏ ဧရာဝတီတိုင္း အေျခစိုက္ သတင္းေထာက္ေဟာင္း ကိုမ်ိဳးမင္းထြန္း ကို စစ္ေကာင္ စီ တပ္ဖြဲ႕ဝင္မ်ားက ေအာက္တိုဘာလ ၂၂ ရက္ေန႔ မြန္းလြဲပိုင္း က ဖမ္းဆီးသြားသည္။
ပုသိမ္ၿမိဳ႕ အမွတ္ ၂ ရပ္ကြက္၊ ငဝန္ကြၽန္းသာ ၁ လမ္းရွိ ၎၏ ေနအိမ္သို႔ အရပ္ဝတ္ ဝတ္ထားၿပီး ေသနတ္မ်ား ကိုင္ေဆာင္ထားသည့္ လူ ၂၅ ေယာက္ခန႔္ ေရာက္ရွိလာၿပီး ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ရပ္ကြက္အတြင္းေန ထိုင္သူမ်ားက ေျပာသည္။
“လုံၿခဳံေရး တပ္ဖြဲ႕ကလို႔ ေျပာၿပီးဝင္လာတာ။ လူတိုင္းမွာ ေသနတ္ေတြပါတယ္။ အိမ္ေပၚတက္လာၿပီး ဖမ္းတဲ့သူ ေတြက အရပ္ဝတ္ ဝတ္ ထားတယ္။ ဘာေၾကာင့္ ဖမ္းတယ္ ဆိုတာေတာ့ ေျပာမသြားဘူး” ဟု ၎၏ မိသားစုဝင္ တစ္ဦး က ေျပာသည္။
အသက္ ၃၅ ႏွစ္ အ႐ြယ္ ကိုမ်ိဳးမင္းထြန္း သည္ က်န္းမာေရး မေကာင္းသျဖင့္ ေဆးကုသမႈ ခံယူေနရသူ ျဖစ္ ေၾကာင္း၊ သူ႔ကို မည္သည့္ေနရာသို႔ ေခၚေဆာင္သြားသည္ကိုလည္း မသိရေသးေၾကာင္း မိသားစုဝင္မ်ားက ဆက္ ေျပာသည္။
ကိုမ်ိဳးမင္းထြန္း ႏွင့္ နီးစပ္သူ ဦးမင္းမင္း က “ကိုမ်ိဳးမင္းထြန္း က သတင္းေထာက္ အလုပ္ မလုပ္တာ အေတာ္ ၾကာေနၿပီ။ အာဏာ မသိမ္းခင္ ကတည္းကပါ” ဟု ေျပာသည္။
ပုသိမ္ၿမိဳ႕တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာသံေတာ္ဆင့္ သတင္းေထာက္ ကိုရဲရင့္ထြန္း၊ ဆိုရွယ္ မီဒီယာ ဓာတ္ပုံ သတင္းေထာက္ ကိုဆန္းျမင့္ ႏွင့္ တိုင္းဧရာ သတင္းေထာက္ မေ႐ႊရည္ဝင္း တို႔ ဖမ္းဆီးခံထားရ သည္ဟု ေဒသခံမ်ားက ဆိုသည္။