ကျိုက်ထို မြို့နယ် လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ မြို့နယ်လျှပ်စစ်ရုံးအတွင်း အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင် အချိန် ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းရှိ လျှပ်စစ်အင်ဂျင်နီယာအိမ်အနီးတွင် ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ အိမ်တွေပါတုန်တယ်။ လျှပ်စစ်ရုံးဝင်းထဲကို ဗုံးပစ်သွင်းရာကနေပေါက်တယ်လို့ ပြောတယ်။” ဟု ကျိုက်ထိုဒေသခံ တစ်ဦး က ပြောသည်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် အမည်မသိ လူနှစ်ဦးတို့မှ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းသို့ ဗုံးပစ်သွင်းခဲ့ ရာ မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်အင်ဂျင်နီယာ နေအိမ်အဆောက်အဦ အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်သေဆုံးမှု မရှိဘူးဟု ဒေသခံများက ပြောသည်။
မြို့နယ်လျှပ်စစ်ရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ရှာဖွေစစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလတုန်းကလည်း ကျိုက်ထိုမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ္စည်း ပျက်စီးမှု အချို့လည်းရှိခဲ့သည်။
အလားတူ အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းကလည်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း နေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ ပေါင်၊ သထုံ၊ သံဖြူဇရပ်၊ ရေး အစရှိသည့် မြို့နယ်များ တွင် ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။
*** ZAWGYI ***
က်ိဳက္ထို ၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးအတြင္း ဗုံးေပါက္ကြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၃ ရက္။
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕ရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအတြင္း ေအာက္တိုဘာ ၂၃ ရက္ေန႔ နံနက္ ၅ နာရီဝန္းက်င္ အခ်ိန္ ခန႔္က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
က်ိဳက္ထိုၿမိဳ႕ ေျမာက္ပိုင္းရပ္ကြက္ရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးဝင္းအတြင္းရွိ လွ်ပ္စစ္အင္ဂ်င္နီယာအိမ္အနီးတြင္ ေပါက္ ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
“ေပါက္ကြဲသံကေတာ့ အက်ယ္ႀကီးပဲ အိမ္ေတြပါတုန္တယ္။ လွ်ပ္စစ္႐ုံးဝင္းထဲကို ဗုံးပစ္သြင္းရာကေန ေပါက္ တယ္လို႔ ေျပာတယ္။” ဟု က်ိဳက္ထိုေဒသခံ တစ္ဦး က ေျပာသည္။
ယေန႔ နံနက္ ၅ နာရီဝန္းက်င္ခန႔္တြင္ အမည္မသိ လူႏွစ္ဦးတို႔မွ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးဝင္းအတြင္းသို႔ ဗုံးပစ္သြင္းခဲ့ ရာ မွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ထိုဗုံးေပါက္ကြဲမႈေၾကာင့္ လွ်ပ္စစ္အင္ဂ်င္နီယာ ေနအိမ္အေဆာက္အဦ အခ်ိဳ႕ ထိခိုက္ပ်က္စီးမႈရွိေသာ္လည္း လူထိခိုက္ေသဆုံးမႈ မရွိဘူးဟု ေဒသခံမ်ားက ေျပာသည္။
ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအတြင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိဳက္ထိုၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ားက ရွာေဖြစစ္ေဆးမႈမ်ား တင္းၾကပ္စြာလုပ္ေဆာင္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
စက္တင္ဘာလတုန္းကလည္း က်ိဳက္ထိုၿမိဳ႕နယ္ လွ်ပ္စစ္ဓာတ္အားခြဲ႐ုံးတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ပစၥည္း ပ်က္စီးမႈ အခ်ိဳ႕လည္းရွိခဲ့သည္။
အလားတူ ေအာက္တိုဘာ ၂၂ ရက္ေန႔ နံနက္ပိုင္းကလည္း ေပါင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္း ေနအိမ္တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေသးသည္။
စစ္တပ္အာဏာသိမ္းၿပီးေနာက္ မြန္ျပည္နယ္အတြင္းရွိ ေပါင္၊ သထုံ၊ သံျဖဴဇရပ္၊ ေရး အစရွိသည့္ ၿမိဳ႕နယ္မ်ား တြင္ ဗုံးေပါက္ကြဲမႈျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ပြားလာခဲ့သည္။