ပုလောတွင် ဒလန်ဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းတွင် ဒလန် ဟု စွပ်စွဲခံရသူတစ်ဦး အောက်တိုဘာ ၂၂ ရက် ညပိုင်းက ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြော သည်။

နန်းတောင်ကျေးရွာအုပ်စု ကျောက်နိမ့်ကျေးရွာမှ ဒလန်ဟု နာမည်ကျော်ဇောသူ ဦးသာဝ နေအိမ်တွင် ရှိနေစဉ် အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ်ခတ်ခံရချိန်တွင် ကျေးရွာ အတွင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးနှင့် အတူ ပြည်သူစစ်များလည်းရှိနေသည်ဟု ရွာသား များက ပြောသည်။

“သူက ရွာအနီးနားတဝိုက်က PDF တွေ နဲ့ NLD အဖွဲ့ဝင်တွေရဲ့ သတင်းတွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတွေကို သတင်းပေးပို့နေတာ” ဟု အသက် ၄၀ အရွယ်ခန့် ကျောက်နိမ့်ကျေးရွာသား တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးသာဝသည် ဆီးခုံတွင် သေနတ်ဒဏ်ရာရရှိပြီး ပုလောမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ထားရသည်ဟု ၎င်းရွာသားက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်ခန့်အကြာ သေနတ်ပစ်သံကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ စစ်ကူရောက်လာခဲ့ပြီး သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုများအပြင် လက်နက်ကြီးဖြင့်လည်း တစ် ချက် ပစ်ခတ်ခဲ့သည်ဟု ကျောက်နိမ့်ကျေးရွာသားများက ပြောသည်။

နန်းတောင်ကျေးရွာအုပ်စု၊ ကျောင်းနိမ့်ကျေးရွာသည် KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂ ထိန်းချုပ်နယ်မြေ အနီးတွင် ရှိသည်။

ယင်းကျေးရွာအနီးရှိ ဒူးရင်းပင်ရှောင်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် KNU တပ်မဟာ ၄၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စက်တင်ဘာလက တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နန်းတောင်၊ ကျောက်နိမ့်ရွာသားများ အပါအဝင် အနီးအနားက ဒေသခံများ ပုလော မြို့ ပေါ် နှင့် တောတောင်များ အတွင်းသို့ လူဦးရေတစ်ထောင်နီးပါးခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

*** ZAWGYI ***
ပုေလာတြင္ ဒလန္ဆိုသူ တစ္ဦး ေသနတ္ျဖင့္ ပစ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၃ ရက္။

ၿမိတ္ခ႐ိုင္၊ ပုေလာၿမိဳ႕နယ္အတြင္းတြင္ ဒလန္ ဟု စြပ္စြဲခံရသူတစ္ဦး ေအာက္တိုဘာ ၂၂ ရက္ ညပိုင္းက ပစ္သတ္ခံရသည္ဟု ေဒသခံမ်ားက ေျပာ သည္။

နန္းေတာင္ေက်း႐ြာအုပ္စု ေက်ာက္နိမ့္ေက်း႐ြာမွ ဒလန္ဟု နာမည္ေက်ာ္ေဇာသူ ဦးသာဝ ေနအိမ္တြင္ ရွိေနစဥ္ အမည္မသိအဖြဲ႕တစ္ဖြဲ႕က လာေရာက္ ပစ္ခတ္သြားျခင္းျဖစ္ၿပီး ပစ္ခတ္ခံရခ်ိန္တြင္ ေက်း႐ြာ အတြင္းတြင္ ကင္းလွည့္ေနသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ႏွစ္ဦးႏွင့္ အတူ ျပည္သူစစ္မ်ားလည္းရွိေနသည္ဟု ႐ြာသား မ်ားက ေျပာသည္။

“သူက ႐ြာအနီးနားတဝိုက္က PDF ေတြ နဲ႔ NLD အဖြဲ႕ဝင္ေတြရဲ႕ သတင္းေတြကို စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ရဲေတြကို သတင္းေပးပို႔ေနတာ” ဟု အသက္ ၄၀ အ႐ြယ္ခန႔္ ေက်ာက္နိမ့္ေက်း႐ြာသား တစ္ဦးက ေျပာသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးသာဝသည္ ဆီးခုံတြင္ ေသနတ္ဒဏ္ရာရရွိၿပီး ပုေလာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ ထားရသည္ဟု ၎႐ြာသားက ဆက္ေျပာသည္။

ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ မိနစ္အနည္းငယ္ခန႔္အၾကာ ေသနတ္ပစ္သံေၾကာင့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔စစ္မ်ား စစ္ကူေရာက္လာခဲ့ၿပီး ေသနတ္ျဖင့္ ရမ္းသန္းပစ္ခတ္မႈမ်ားအျပင္ လက္နက္ႀကီးျဖင့္လည္း တစ္ ခ်က္ ပစ္ခတ္ခဲ့သည္ဟု ေက်ာက္နိမ့္ေက်း႐ြာသားမ်ားက ေျပာသည္။

နန္းေတာင္ေက်း႐ြာအုပ္စု၊ ေက်ာင္းနိမ့္ေက်း႐ြာသည္ KNU တပ္မဟာ ၄၊ တပ္ရင္း ၇၊ တပ္ခြဲ ၂ ထိန္းခ်ဳပ္နယ္ေျမ အနီးတြင္ ရွိသည္။

ယင္းေက်း႐ြာအနီးရွိ ဒူးရင္းပင္ေရွာင္ေက်း႐ြာတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ KNU တပ္မဟာ ၄၊ ေဒသခံ PDF ပူးေပါင္းအဖြဲ႕တို႔ စက္တင္ဘာလက တိုက္ပြဲျဖစ္ပြားခဲ့ဖူးသည္။

ထိုသို႔ တိုက္ပြဲျဖစ္ပြားခဲ့သျဖင့္ နန္းေတာင္၊ ေက်ာက္နိမ့္႐ြာသားမ်ား အပါအဝင္ အနီးအနားက ေဒသခံမ်ား ပုေလာ ၿမိဳ႕ ေပၚ ႏွင့္ ေတာေတာင္မ်ား အတြင္းသို႔ လူဦးေရတစ္ေထာင္နီးပါးခန႔္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္။