မအူပင်တွင် ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား သတင်းပေးနေသူ ဒလန်ဟု နာမည်ကြီးသည့် ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက်က ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
အမှတ် ၆ ရပ်ကွက်၊ ဘုရားလမ်းမကြီး ခိုင်မေတ္တာလမ်းသွယ် နှင့် ခိုင်သစ္စာလမ်းသွယ် အကြားတွင် အသက် ၄၀ အရွယ်ခန့်ရှိ ရာအိမ်မှူး ဦးမောင်ဦး ဆိုသူ အောက်တိုဘာလ ၂၂ ရက်နေ့ က ပစ်သတ်ခံရခြင်း ဖြစ်သည်။
“သေနတ်သံ ၃ ချက်လောက်ကြားလိုက်တယ်။ နောက်တော့ ခိုင်မေတ္တာလမ်းထဲက ရာအိမ်မှူးမောင်ဦး အပစ်ခံ လိုက်ရတယ်ဆိုပြီးသိတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။
ရာအိမ်မှူးမောင်ဦးသည် စစ်ကောင်စီ လှည့်ကင်းတွင် နေ့စဉ် ပါဝင်နေသူဖြစ်ပြီး ၎င်းက သတင်းပေးသဖြင့် ရပ် ကွက်အတွင်းရှိ CDM ဝန်ထမ်းအချို့ နှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ အချို့ အဖမ်းခံထားရသည်ဟု ဒေသခံတစ်ဦး က ပြောသည်။
ယင်း ပစ်ခတ်မှုကို မအူပင်မြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန် ထားသည်။
မအူပင်တွင် စစ်ကောင်စစ် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဒလန်များက ပြည်သူများအပေါ် အနိုင်ကျင့်၊ ငွေညှစ်မှု များ ရှိနေသည့်အပြင် အကြောင်းမဲ့ ဖမ်းဆီးကာ ခြိမ်းခြောက် နှိပ်စက် မှုများရှိနေသဖြင့် နယ်ခံများက ရွံရှာ ထိတ် လန့်နေဟု မအူပင် ဒေသခံ ဦးထွန်းထွန်း က ပြောသည်။
စက်တင်ဘာလ ၈ ရက်နေ့ ကလည်ူ မအူပင်မြို့ အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ ဒလန်ဦးရာချစ် ဆိုသူ နေ အိမ်ရှေ့တွင် ပစ်ခတ်ခံခဲ့ရသော်လည်း ၎င်းမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမျိုး မရှိခဲ့ဘူးဟု ဒေသခံများက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး ဟု နာမည်ကြီးသူများအား သေနတ်ဖြင့် ပစ်ခံရမှုများ ဆက်တိုက်ရှိလာခဲ့ရာ ထိုသို့ပစ်ခတ်ခံရမှုများကြောင့် ၈ ဦးသေ၊ ၂ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ထိခိုက်မှု မရှိကြောင်း သိရသည်။
*** ZAWGYI ***
မအူပင္တြင္ ရာအိမ္မႉး တစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။
စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား သတင္းေပးေနသူ ဒလန္ဟု နာမည္ႀကီးသည့္ ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္က ရာအိမ္မႉးတစ္ဦး ပစ္သတ္ခံလိုက္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
အမွတ္ ၆ ရပ္ကြက္၊ ဘုရားလမ္းမႀကီး ခိုင္ေမတၱာလမ္းသြယ္ ႏွင့္ ခိုင္သစၥာလမ္းသြယ္ အၾကားတြင္ အသက္ ၄၀ အ႐ြယ္ခန႔္ရွိ ရာအိမ္မႉး ဦးေမာင္ဦး ဆိုသူ ေအာက္တိုဘာလ ၂၂ ရက္ေန႔ က ပစ္သတ္ခံရျခင္း ျဖစ္သည္။
“ေသနတ္သံ ၃ ခ်က္ေလာက္ၾကားလိုက္တယ္။ ေနာက္ေတာ့ ခိုင္ေမတၱာလမ္းထဲက ရာအိမ္မႉးေမာင္ဦး အပစ္ခံ လိုက္ရတယ္ဆိုၿပီးသိတာ” ဟု ေဒသခံတစ္ဦး က ေျပာသည္။
ရာအိမ္မႉးေမာင္ဦးသည္ စစ္ေကာင္စီ လွည့္ကင္းတြင္ ေန႔စဥ္ ပါဝင္ေနသူျဖစ္ၿပီး ၎က သတင္းေပးသျဖင့္ ရပ္ ကြက္အတြင္းရွိ CDM ဝန္ထမ္းအခ်ိဳ႕ ႏွင့္ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ဆႏၵျပသူ အခ်ိဳ႕ အဖမ္းခံထားရသည္ဟု ေဒသခံတစ္ဦး က ေျပာသည္။
ယင္း ပစ္ခတ္မႈကို မအူပင္ၿမိဳ႕ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ က ၎တို႔လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္ဟု ထုတ္ျပန္ ထားသည္။
မအူပင္တြင္ စစ္ေကာင္စစ္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔၏ ဒလန္မ်ားက ျပည္သူမ်ားအေပၚ အႏိုင္က်င့္၊ ေငြညႇစ္မႈ မ်ား ရွိေနသည့္အျပင္ အေၾကာင္းမဲ့ ဖမ္းဆီးကာ ၿခိမ္းေျခာက္ ႏွိပ္စက္ မႈမ်ားရွိေနသျဖင့္ နယ္ခံမ်ားက ႐ြံရွာ ထိတ္ လန႔္ေနဟု မအူပင္ ေဒသခံ ဦးထြန္းထြန္း က ေျပာသည္။
စက္တင္ဘာလ ၈ ရက္ေန႔ ကလည္ူ မအူပင္ၿမိဳ႕ အမွတ္ ၉ ရပ္ကြက္တြင္ ေနထိုင္သူ ဒလန္ဦးရာခ်စ္ ဆိုသူ ေန အိမ္ေရွ႕တြင္ ပစ္ခတ္ခံခဲ့ရေသာ္လည္း ၎မွာ ထိခိုက္ဒဏ္ရာ ရရွိျခင္းမ်ိဳး မရွိခဲ့ဘူးဟု ေဒသခံမ်ားက ဆိုသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဧရာဝတီတိုင္းတြင္ စစ္ေကာင္စီသတင္းေပး ဟု နာမည္ႀကီးသူမ်ားအား ေသနတ္ျဖင့္ ပစ္ခံရမႈမ်ား ဆက္တိုက္ရွိလာခဲ့ရာ ထိုသို႔ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ၈ ဦးေသ၊ ၂ဦး ဒဏ္ရာရခဲ့ၿပီး ၁ ဦး ထိခိုက္မႈ မရွိေၾကာင္း သိရသည္။