ဗိုလ်တစ်ထောင် ကင်းစခန်းအား S21 အဖွဲ့ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ဗိုလ်တစ်ထောင်မြို့နယ် အတွင်းရှိ စစ်ကောင်စီ ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ထိုကင်းစခန်းအနီးတွင် နေထိုင် သူ များနှင့် ရန်ကုန် PDF အဖွဲ့က ပြောသည်။
ဘဏ်ဓါးပြတိုက်ခံရမှုကြောင့် လုံခြုံရေးတင်းကြပ်ထားသည့် ထိုကင်းစခန်းကို အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်အစောပိုင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် PDF အဖွဲ့က ထုတ်ပြန်သည်။
“မနက် ၅ နာရီလောက်ထင်တယ်။ ပစ်တာတော့ အချက်ရေ တော်တော်များတယ်။ အိမ်ကနေ သေနတ်သံတွေ ကောင်းကောင်း ကြားရတယ်” ဟု ဗိုလ်တစ်ထောင်မြို့နယ်၊ ၁ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦး က ပြောသည်။
ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရုံးအတွင်း အကာအကွယ်ယူကာ လုံခြုံရေးယူထား သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခု ဖြစ်သည့် S21 အဖွဲ့က ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ရန်ကုန် PDF အဖွဲ့က ပြောသည်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ S21 အဖွဲ့သည် ရန်ကုန် PDF အဖွဲ့ဝင်ဖြစ်ပြီး ယခုစစ်ဆင်ရေး ဆောင်ရွက်ချက်ကို ဖုန်းဖြင့် ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့သည်။
ဗိုလ်တစ်ထောင်မြို့နယ် အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲတွင် အောက်တိုဘာလ ၂၂ ရက်နေ့ က ဓါးပြတိုက်မှုဖြစ်ပွားခဲ့ သဖြင့် မဟာဗန္ဓုလ လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကြပ်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ရန်ကုန် PDF က ဆိုသော်လည်း ဗိုလ်တစ်ထောင်ရဲတပ်ဖွဲ့ကမူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းအချိန်က ရန်ကုန်-စမ်းချောင်းမြို့နယ်၊ ဗားကရာ မီးပွိုင့်တွင်ရှိ နေ သည့် ယာဉ်ထိန်းရုံးကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ သေဆုံးမှု များ ရှိခဲ့သည်ဟု စမ်းချောင်းမြို့နယ်အတွင် နေထိုင်သူများက ပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် ၇နာရီ အချိန်ခန့်က သန်လျင်မြို့နယ်၊ နည်းပညာတက်က္ကသိုလ် GTU ရှေ့ရှိ လုံခြုံရေးဂိတ်လည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားသည်ဟု သန်လျင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
*** ZAWGYI ***
ဗိုလ္တစ္ေထာင္ ကင္းစခန္းအား S21 အဖြဲ႕ တိုက္ခိုက္၊ ထိခိုက္ေသဆုံးမႈမ်ားရွိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။
ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ အတြင္းရွိ စစ္ေကာင္စီ ကင္းစခန္းတစ္ခု တိုက္ခိုက္ခံရၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄ ဦး ေသဆုံးခဲ့သည္ဟု ထိုကင္းစခန္းအနီးတြင္ ေနထိုင္ သူ မ်ားႏွင့္ ရန္ကုန္ PDF အဖြဲ႕က ေျပာသည္။
ဘဏ္ဓါးျပတိုက္ခံရမႈေၾကာင့္ လုံၿခဳံေရးတင္းၾကပ္ထားသည့္ ထိုကင္းစခန္းကို ေအာက္တိုဘာလ ၂၃ ရက္ေန႔၊ နံနက္အေစာပိုင္းကတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကုန္ PDF အဖြဲ႕က ထုတ္ျပန္သည္။
“မနက္ ၅ နာရီေလာက္ထင္တယ္။ ပစ္တာေတာ့ အခ်က္ေရ ေတာ္ေတာ္မ်ားတယ္။ အိမ္ကေန ေသနတ္သံေတြ ေကာင္းေကာင္း ၾကားရတယ္” ဟု ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ ၁ ရပ္ကြက္အတြင္းေနထိုင္သူ အမ်ိဳးသားတစ္ဦး က ေျပာသည္။
ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ မဟာဗႏၶဳလလမ္းေပၚရွိ ယာဥ္ထိန္း႐ုံးအတြင္း အကာအကြယ္ယူကာ လုံၿခဳံေရးယူထား သည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၄ ဦးကို ၿမိဳ႕ျပ ေျပာက္က်ားအဖြဲ႕တစ္ခု ျဖစ္သည့္ S21 အဖြဲ႕က ဝင္ေရာက္ တိုက္ခိုက္ ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄ ဦး ေသဆုံးခဲ့သည္ဟု ရန္ကုန္ PDF အဖြဲ႕က ေျပာသည္။
ရန္ကုန္ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ S21 အဖြဲ႕သည္ ရန္ကုန္ PDF အဖြဲ႕ဝင္ျဖစ္ၿပီး ယခုစစ္ဆင္ေရး ေဆာင္႐ြက္ခ်က္ကို ဖုန္းျဖင့္ ႐ိုက္ကူးထားသည့္ ႐ုပ္သံဖိုင္တစ္ခုကို လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ျဖန႔္ေဝခဲ့သည္။
ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ အတြင္းရွိ ကေမာၻဇဘဏ္ခြဲတြင္ ေအာက္တိုဘာလ ၂၂ ရက္ေန႔ က ဓါးျပတိုက္မႈျဖစ္ပြားခဲ့ သျဖင့္ မဟာဗႏၶဳလ လမ္းတစ္ေလွ်ာက္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လုံၿခဳံေရး တင္းၾကပ္ထားသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄ ဦး ေသဆုံးခဲ့သည္ဟု ရန္ကုန္ PDF က ဆိုေသာ္လည္း ဗိုလ္တစ္ေထာင္ရဲတပ္ဖြဲ႕ကမူ ၃ ဦး ဒဏ္ရာရရွိခဲ့သည္ဟု ဆိုသည္။
ထို႔အျပင္ ေအာက္တိုဘာ ၂၃ ရက္ ေန႔လည္ပိုင္းအခ်ိန္က ရန္ကုန္-စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာ မီးပြိဳင့္တြင္ရွိ ေန သည့္ ယာဥ္ထိန္း႐ုံးကိုလည္း အမည္မသိ လက္နက္ကိုင္အဖြဲ႕က ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္ခဲ့ရာ ေသဆုံးမႈ မ်ား ရွိခဲ့သည္ဟု စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္ ေနထိုင္သူမ်ားက ေျပာသည္။
ေအာက္တိုဘာလ ၂၃ ရက္ေန႔၊ နံနက္ ၇နာရီ အခ်ိန္ခန႔္က သန္လ်င္ၿမိဳ႕နယ္၊ နည္းပညာတက္ကၠသိုလ္ GTU ေရွ႕ရွိ လုံၿခဳံေရးဂိတ္လည္း ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရသျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တစ္ဦး ေသဆုံးသြားသည္ဟု သန္လ်င္ၿမိဳ႕ခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။