ဧရာဝဏ်ရဲစခန်း အနီး ပေါက်ကွဲမှုကြောင့် ရဲ တစ်ဦး ဒဏ်ရာ ပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
တောင်ဒဂုံမြို့နယ်၊ ဧရာဝဏ် ရဲစခန်းအနီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ဟု ယူဆရသူတစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိ သွားသည်ဟု ရပ်ကွက်အတွင်း နေ ထိုင်သူများ က ပြောသည်။
အောက်တိုဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ၂၀ ရပ်ကွက်အတွင်းရှိ ဧရာဝဏ် ရဲစခန်းအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ပထမ တစ်လုံးပေါက်ပြီးတော့ စခန်းထဲကရဲတွေ ထွက်လာပြီး ရှာကြတယ်။ အဲ့ဒီမှာ သူတို့ ပစ္စည်းတစ်ခုကို တုတ် နဲ့ထိုးကြည့်တာ။ အဲ့ဒီမှာ နောက်တစ်လုံးထပ်ကွဲတာ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြော သည်။
ဒဏ်ရာရရှိခဲ့သူမှာ ပထမတစ်ကြိမ်ဗုံးပေါက်ကွဲ အပြီးတွင် စခန်းအတွင်းမှ အရပ်ဝတ်ဖြင့် ထွက်လာပြီး မသင်္ကာ ဖွယ်ပစ္စည်းကို တုတ်ဖြင့် ထိုးခဲ့သူဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားက ဆက်ရှင်းပြသည်။
ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲစခန်းအနီးတစ်ဝိုက်နှင့် မောင်းမကန် လမ်း တစ်လျှောက် ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါဖောက်ခွဲမှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ACPLF (အဆပလ) အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ACPLF အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် မြို့တွင်း တိုက်ပွဲများ အရှိန်မြှင့်တင်လာနေပြီး ပြည်သူ များ အနေဖြင့်လည်း သတိဖြင့်သွားလာကြရန်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေရန် သတိပေးချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။
ထို့အပြင် မသင်္ကာဖွယ်အထုပ်များ၊ ပစ္စည်းများ တွေ့ရှိပါကလည်း ကောက်ယူတို့ထိခြင်း၊ စပ်စုရပ်ကြည့်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများထံ မေတ္တာရပ်ခံထားပြီး လိုက်နာမှုမရှိပါက ထိခိုက်မှုများအတွက် တာဝန်ယူမည် မဟုတ်ကြောင်း အောက်တိုဘာ ၂၂ ရက်နေ့ က ထုတ်ပြန်ထားသည်။
*** ZAWGYI ***
ဧရာဝဏ္ရဲစခန္း အနီး ေပါက္ကြဲမႈေၾကာင့္ ရဲ တစ္ဦး ဒဏ္ရာ ျပင္းထန္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။
ေတာင္ဒဂုံၿမိဳ႕နယ္၊ ဧရာဝဏ္ ရဲစခန္းအနီး ဗုံးေပါက္ကြဲမႈ ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီ လက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္ဟု ယူဆရသူတစ္ဦး ဒဏ္ရာ အျပင္းအထန္ရရွိ သြားသည္ဟု ရပ္ကြက္အတြင္း ေန ထိုင္သူမ်ား က ေျပာသည္။
ေအာက္တိုဘာ ၂၃ ရက္၊ မြန္းလြဲပိုင္းတြင္ ၂၀ ရပ္ကြက္အတြင္းရွိ ဧရာဝဏ္ ရဲစခန္းအနီး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
“ပထမ တစ္လုံးေပါက္ၿပီးေတာ့ စခန္းထဲကရဲေတြ ထြက္လာၿပီး ရွာၾကတယ္။ အဲ့ဒီမွာ သူတို႔ ပစၥည္းတစ္ခုကို တုတ္ နဲ႔ထိုးၾကည့္တာ။ အဲ့ဒီမွာ ေနာက္တစ္လုံးထပ္ကြဲတာ” ဟု မ်က္ျမင္ေတြ႕ရွိသူ အမ်ိဳးသားတစ္ဦးက ေျပာ သည္။
ဒဏ္ရာရရွိခဲ့သူမွာ ပထမတစ္ႀကိမ္ဗုံးေပါက္ကြဲ အၿပီးတြင္ စခန္းအတြင္းမွ အရပ္ဝတ္ျဖင့္ ထြက္လာၿပီး မသကၤာ ဖြယ္ပစၥည္းကို တုတ္ျဖင့္ ထိုးခဲ့သူျဖစ္သည္ဟု မ်က္ျမင္ေတြ႕ရွိခဲ့သူ အမ်ိဳးသားက ဆက္ရွင္းျပသည္။
ဗုံးေပါက္ကြဲမႈအၿပီးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ရဲစခန္းအနီးတစ္ဝိုက္ႏွင့္ ေမာင္းမကန္ လမ္း တစ္ေလွ်ာက္ ပိတ္ဆို႔ ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္။
အဆိုပါေဖာက္ခြဲမႈကို အာဏာသိမ္းဆန႔္က်င္ေရးႏွင့္ ျပည္သူ႔လြတ္ေျမာက္ေရးအဖြဲ႕ ACPLF (အဆပလ) အဖြဲ႕က ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔အေနျဖင့္ ထိုရဲစခန္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ ျခင္းျဖစ္သည္ဟု ACPLF အဖြဲ႕က ထုတ္ျပန္ခဲ့သည္။
ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ ၿမိဳ႕တြင္း တိုက္ပြဲမ်ား အရွိန္ျမႇင့္တင္လာေနၿပီး ျပည္သူ မ်ား အေနျဖင့္လည္း သတိျဖင့္သြားလာၾကရန္၊ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဝးေဝးေနရန္ သတိေပးခ်က္ ထုတ္ျပန္ထားၿပီး ျဖစ္သည္။
ထို႔အျပင္ မသကၤာဖြယ္အထုပ္မ်ား၊ ပစၥည္းမ်ား ေတြ႕ရွိပါကလည္း ေကာက္ယူတို႔ထိျခင္း၊ စပ္စုရပ္ၾကည့္ျခင္းမ်ား မျပဳလုပ္ၾကရန္ ျပည္သူမ်ားထံ ေမတၱာရပ္ခံထားၿပီး လိုက္နာမႈမရွိပါက ထိခိုက္မႈမ်ားအတြက္ တာဝန္ယူမည္ မဟုတ္ေၾကာင္း ေအာက္တိုဘာ ၂၂ ရက္ေန႔ က ထုတ္ျပန္ထားသည္။