ကိုဗစ် ကာကွယ်ဆေးထိုးပြီးအပြန် ယာဉ်မတော်တဆမှုဖြစ်၊ တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ကသာမြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ပြန်လာသူများစီးလာသည့် သုံးဘီးယာဉ် ချောက်ထဲကျ တိမ်းမှောက်သွားခဲ့ရာ လူတစ်ဦး သေဆုံး ပြီး လူအချို့ ဒဏ်ရာရသွားခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့၊ မြို့တော်ခန်းမတွင်ကိုဗစ်-၁၉ ကာကွယ်ဆေးသွားထိုးပြီးနောက် သုံးဘီးဖြင့်အပြန် ရွှေပြည်သစ်ကျေး ရွာ အကျော်တွင် အရှိန်လွန်ပြီး ချောက်ထဲကျကာ တိမ်းမှောက်သွားခြင်း ဖြစ်သည်။
“အဲ့နားမှာ တောင်အဆင်းရှိတယ်။ အရှိန် မထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ဒဏ်ရာ ရတဲ့ သူတွေလည်း များတယ်“ ဟု ဆေးရုံသို့ ကူညီပို့ပေးသူ အမျိုးသားတစ်ဦး က ပြောသည်။
နောင်ပင်ကျေးရွာသား ၁၇ ဦး သည် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး သွားထိုးခဲ့ကြခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများအနက် တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သွားရောက်ကူညီနေသူများက ပြော သည်။
သုံးဘီးတိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို ဒေသအတွင်းက လူမှုကူညီရေး ပရဟိတ အသင်းများ၏ ကားများဖြင့် ကသာဆေးရုံသို့ ကူညီပို့ဆောင်ပေးကြောင်း သိရသည်။
*** ZAWGYI ***
ကိုဗစ္ ကာကြယ္ေဆးထိုးၿပီးအျပန္ ယာဥ္မေတာ္တဆမႈျဖစ္၊ တစ္ဦးေသ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။
ကသာၿမိဳ႕သို႔ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးၿပီး ျပန္လာသူမ်ားစီးလာသည့္ သုံးဘီးယာဥ္ ေခ်ာက္ထဲက် တိမ္းေမွာက္သြားခဲ့ရာ လူတစ္ဦး ေသဆုံး ၿပီး လူအခ်ိဳ႕ ဒဏ္ရာရသြားခဲ့သည္။
စစ္ကိုင္းတိုင္း ေဒသႀကီး၊ ကသာၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ကိုဗစ္-၁၉ ကာကြယ္ေဆးသြားထိုးၿပီးေနာက္ သုံးဘီးျဖင့္အျပန္ ေ႐ႊျပည္သစ္ေက်း ႐ြာ အေက်ာ္တြင္ အရွိန္လြန္ၿပီး ေခ်ာက္ထဲက်ကာ တိမ္းေမွာက္သြားျခင္း ျဖစ္သည္။
“အဲ့နားမွာ ေတာင္အဆင္းရွိတယ္။ အရွိန္ မထိန္းႏိုင္ဘဲ ျဖစ္သြားတာ။ ဒဏ္ရာ ရတဲ့ သူေတြလည္း မ်ားတယ္“ ဟု ေဆး႐ုံသို႔ ကူညီပို႔ေပးသူ အမ်ိဳးသားတစ္ဦး က ေျပာသည္။
ေနာင္ပင္ေက်း႐ြာသား ၁၇ ဦး သည္ ဒုတိယအႀကိမ္ ကိုဗစ္-၁၉ ကာကြယ္ေဆး သြားထိုးခဲ့ၾကျခင္း ျဖစ္ၿပီး ဒဏ္ရာရရွိသူမ်ားအနက္ တစ္ဦးက အသက္အႏၲရာယ္ စိုးရိမ္ရသည္ဟု သြားေရာက္ကူညီေနသူမ်ားက ေျပာ သည္။
သုံးဘီးတိမ္းေမွာက္ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကို ေဒသအတြင္းက လူမႈကူညီေရး ပရဟိတ အသင္းမ်ား၏ ကားမ်ားျဖင့္ ကသာေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးေၾကာင္း သိရသည္။