ပုလောတွင် စစ်ကောင်စီ တပ်နှင့် PRDF အကြား တိုက်ပွဲဖြစ်၊ ဒေသခံအချို့ တိမ်းရှောင်နေရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားများ စစ်ဘေးလွတ်ရာ တောတောင်များအတွင်း ပုန်းအောင်း နေကြရသည်။

PDF အဖွဲ့ နှင့် ပုလောဒေသခံ မဟာမိတ်အဖွဲ့များ ပါဝင်သည့် PRDF(Palaw Regional Defence Forces)တို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အောက်တိုဘာ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် တစ်ကြိမ် နှင့် နေ့လည် ၁၂ နာရီခွဲအချိန်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

“အခုရွာသားတွေက ကြောက်လန့်ပြီး တောတောင်ထဲက လုံခြုံမယ်ထင်တဲ့ တောင်ယာတဲတွေဆီ ရှောင်နေ ရတယ်၊ မိုးကလည်း ရွာနေတော့ ရှိတဲ့ တဲတွေမှာ မျှပြီးနေရတော့ အတော်လေး ဒုက္ခရောက်နေကြတယ်“ ဟု အသက် ၅၀ အရွယ် ဒေသခံရွာသားတစ်ဦးက ပြောသည်။

မိကျောင်းသိုက်ကျေးရွာ နှင့် ချောင်းလှကျေးရွာအကြားရှိ အောက်ထိခိုင်ကျေးရွာတွင် အပြန်အလှန် ပစ်ခတ်ခဲ့ ကြခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူပေါင်းနှစ်ဖွဲ့က လက်ဦးမှုယူပြီး စတင်ပစ်ခတ်ခြင်း ဖြစ်၍ အလစ် အငိုက်မိသွားရာ စစ်ကောင်စီဘက်က ၁၅ ဦး ထက်မနည်း အထိအခိုက် အကျအဆုံး ရှိနိုင်သော်လည်း PDF များဘက်က ထိခိုက်ဒဏ်ရာသူမရှိကြောင်းသိရသည်။

သို့သော် ထိုအခြေအနေနှင့် ပတ်သက်၍ သီးခြားအတည် မပြုနိုင်သေးပါ။

အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန်းအိမ်တောင်ကျေးရွာ အထိ ပြန်ဆုတ်ကာ အင်အား ထပ်မံ စုဆောင်းနေ၍ လက်ရှိအချိန်အထိ အခြေအနေမှာ တင်းမာလျှက်ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။

အောက်ထိခိုင်ကျေးရွာသည် အိမ်ခြေ ၂၀ ကျော် – လူဦးရေ ၆၀ ခန့် နေထိုင်လျှက်ရှိပြီး ရွာသားများသည် တောင် ယာနှင့် ဥယျာဉ်ခြံများ အဓိက လုပ်ကိုင်ကြသည်။

*** ZAWGYI ***
ပုေလာတြင္ စစ္ေကာင္စီ တပ္ႏွင့္ PRDF အၾကား တိုက္ပြဲျဖစ္၊ ေဒသခံအခ်ိဳ႕ တိမ္းေရွာင္ေနရ

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။

ၿမိတ္ခ႐ိုင္ ပုေလာၿမိဳ႕နယ္အတြင္း စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ႐ြာသားမ်ား စစ္ေဘးလြတ္ရာ ေတာေတာင္မ်ားအတြင္း ပုန္းေအာင္း ေနၾကရသည္။

PDF အဖြဲ႕ ႏွင့္ ပုေလာေဒသခံ မဟာမိတ္အဖြဲ႕မ်ား ပါဝင္သည့္ PRDF(Palaw Regional Defence Forces)တို႔ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေအာက္တိုဘာ ၂၃ ရက္ေန႔၊ နံနက္ ၁၀ နာရီခြဲအခ်ိန္တြင္ တစ္ႀကိမ္ ႏွင့္ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္တြင္ တစ္ႀကိမ္ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ႐ြာသားမ်ားက ေျပာသည္။

“အခု႐ြာသားေတြက ေၾကာက္လန႔္ၿပီး ေတာေတာင္ထဲက လုံၿခဳံမယ္ထင္တဲ့ ေတာင္ယာတဲေတြဆီ ေရွာင္ေန ရတယ္၊ မိုးကလည္း ႐ြာေနေတာ့ ရွိတဲ့ တဲေတြမွာ မွ်ၿပီးေနရေတာ့ အေတာ္ေလး ဒုကၡေရာက္ေနၾကတယ္“ ဟု အသက္ ၅၀ အ႐ြယ္ ေဒသခံ႐ြာသားတစ္ဦးက ေျပာသည္။

မိေက်ာင္းသိုက္ေက်း႐ြာ ႏွင့္ ေခ်ာင္းလွေက်း႐ြာအၾကားရွိ ေအာက္ထိခိုင္ေက်း႐ြာတြင္ အျပန္အလွန္ ပစ္ခတ္ခဲ့ ၾကျခင္းျဖစ္သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

အင္အား ၆၀ ခန႔္ရွိ စစ္ေကာင္စီတပ္ဖြဲ႕ကို PDF ပူေပါင္းႏွစ္ဖြဲ႕က လက္ဦးမႈယူၿပီး စတင္ပစ္ခတ္ျခင္း ျဖစ္၍ အလစ္ အငိုက္မိသြားရာ စစ္ေကာင္စီဘက္က ၁၅ ဦး ထက္မနည္း အထိအခိုက္ အက်အဆုံး ရွိႏိုင္ေသာ္လည္း PDF မ်ားဘက္က ထိခိုက္ဒဏ္ရာသူမရွိေၾကာင္းသိရသည္။

သို႔ေသာ္ ထိုအေျခအေနႏွင့္ ပတ္သက္၍ သီးျခားအတည္ မျပဳႏိုင္ေသးပါ။

အထိနာသြားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ နန္းအိမ္ေတာင္ေက်း႐ြာ အထိ ျပန္ဆုတ္ကာ အင္အား ထပ္မံ စုေဆာင္းေန၍ လက္ရွိအခ်ိန္အထိ အေျခအေနမွာ တင္းမာလွ်က္ရွိေနေသးသည္ဟု ေဒသခံမ်ားက ဆိုသည္။

ေအာက္ထိခိုင္ေက်း႐ြာသည္ အိမ္ေျခ ၂၀ ေက်ာ္ – လူဦးေရ ၆၀ ခန႔္ ေနထိုင္လွ်က္ရွိၿပီး ႐ြာသားမ်ားသည္ ေတာင္ ယာႏွင့္ ဥယ်ာဥ္ၿခံမ်ား အဓိက လုပ္ကိုင္ၾကသည္။